Pacific-AA Foundation

Pacific-AA Foundation

Share

10/04/2026

ကျန်းမာပျော်ရွှင်အောင်မြင်သောမြန်မာနှစ်သစ်ကူးအခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏

Wishing you a healthy,happy and successful Myanmar New Year🙏

03/10/2025

✨ Happy Thadingyut Festival! ✨

ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာသည့်
စိတ်ချမ်းမြေ့စရာ သီတင်းကျွတ်ချိန်ခါကို
ပိုင်ဆိုင်နိုင်ပါစေကြောင်း
Pacific AA Group မိသားစုမှ
ဆုမွန်တောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

As we celebrate the Festival of Lights, we are reminded of the values of gratitude, respect, and unity that Thadingyut brings to our hearts and communities. Just as the lights brighten the night, may this season inspire us to spread kindness, foster stronger collaborations, and move forward with renewed energy.

At this meaningful time, we extend our sincere wishes to our colleagues, partners, and clients — may this Thadingyut bring happiness, good health, and prosperity to you and your families. Let us continue to grow together, guided by light, trust and shared success.

🌸 Wishing everyone a safe, peaceful, and joyous Thadingyut! 🌸 🙏🙏🙏

Photos from Pacific-AA Foundation's post 06/04/2025

Pacific-AA Foundation မှ ငလျင်ဘေးဒါဏ်သင့် ဒေသများဖြစ်သော
🇲🇲မန္တလေးတိုင်းဒေသကြီး၊
🇲🇲စစ်ကိုင်းတိုင်းဒေသကြီး၊
🇲🇲နေပြည်တော်ပြည်ထောင်စုနယ်မြေ၊
🇲🇲ပဲခူးတိုင်းဒေသကြီးရှိ
🏥ဆေးရုံ (၃၃)ရုံအား
💰MMK-1,838,624,700/- (သိန်းပေါင်း ၁၈,၃၈၆ သိန်းကျော်/-)
တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း 🙏

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွန်းလွဲချိန်တွင် မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား 7.7 အဆင့်ရှိ မြေငလျင်ကြီးကြောင့်မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအပါအဝင် ငလျင်ဘေးဒါဏ်သင့်ဒေသအသီးသီးတွင် ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးခဲ့ရပါသည်။

အဆိုပါ ငလျင်ဘေးဒါဏ်သင့် ဒေသများရှိပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းစဉ်အသီးသီးအတွက် တစ်တပ်တစ်အားပါဝင်ကူညီသည့်အနေဖြင့် Pacific-AA Foundation မှ

မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းရေးအဖွဲ့ (၁) ဖြင့်
(၁)အုတ်တွင်းတိုက်နယ်ဆေးရုံ
(၂)ရေတာရှည်တိုက်နယ်ဆေးရုံ
(၃)ဆွာတိုက်နယ်ဆေးရုံ
(၄)မြို့လှတိုက်နယ်ဆေးရုံ
(၅)ရေနီတိုက်နယ်ဆေးရုံ
(၆)သာဝတ္ထိတိုက်နယ်ဆေးရုံ
(၇)လယ်ဝေးတိုက်နယ်ဆေးရုံ
(၈)ပေါင်းလောင်းယာယီဆေးရုံ
(၉)ပျဉ်းမနားဆေးရုံကြီး
(၁၀)တပ်ကုန်းဆေးရုံကြီး
(၁၁)တောင်ငူဆေးရုံကြီး
(၁၂)ကျွဲပွဲ တိုက်နယ်ဆေးရုံ
(၁၃)ညောင်ခြေထောက် တိုက်နယ်ဆေးရုံ
(၁၄)ဇေယျဝတီတိုက်နယ်ဆေးရုံ
(၁၅)ဖြူး ပြည်သူ့ဆေးရုံကြီး
(၁၆)ညောင်ပင်သာတိုက်နယ်ဆေးရုံ
(၁၇)အောင်မြင်တိုက်နယ်ဆေးရုံ
(၁၈)ပဲနွယ်ကုန်း တိုက်နယ်ဆေးရုံ
(၁၉)ကျောက်တံခါးတိုက်နယ်ဆေးရုံ အစရှိသည့် ဆေးရုံများသို့လည်းကောင်း၊

မြေပြင်သို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းရေးအဖွဲ့ (၂) ဖြင့်
(၂၀) သဲတောတိုက်နယ်ဆေးရုံ
(၂၁) ရွှေတောင်တိုက်နယ်ဆေးရုံ
(၂၂) မင်းစု တိုက်နယ်ဆေးရုံ
(၂၃) ညောင်ဖီးတိုက်နယ်ဆေးရုံ
(၂၄) ပုလိပ် တိုက်နယ်ဆေးရုံ
(၂၅) ဝမ်းတွင်းတိုက်နယ်ဆေးရုံ
(၂၆) မြစ်သားတိုက်နယ်ဆေးရုံ
(၂၇) စဉ့်ကိုင်တိုက်နယ်ဆေးရုံ
(၂၈) ပုသိမ်ကြီးတိုက်နယ်ဆေးရုံ
(၂၉) မိထ္ထီလာ ဆေးရုံ
(၃၀) ကူမဲတိုက်နယ်ဆေးရုံ
(၃၁) ကျောက်ဆည်ဆေးရုံ
(၃၂) အမရပူရဆေးရုံ
(၃၃) တံတားဦးဆေးရုံ အစရှိသည့်ဆေးရုံများသို့ လည်းကောင်း
စုစုပေါင်းဆေးရုံ (၃၃) ရုံသို့ ငလျင်ဘေးဒါဏ်သင့်ပြည်သူများဆေးဝါးကုသရေးအတွက် MMK-1,838,624,700/- (သိန်းပေါင်း ၁၈,၃၈၆ သိန်းကျော်/-)
တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါသည်။ 🙏

ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့ကြသော Pacific AA Foundation (Pacific AA Group) မှ ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ 💙🌟

ငလျင်ဘေးဒဏ်သင့် ပြည်သူများအားလုံး ဘေးဒုက္ခဆင်းရဲများမှ အမြန်ဆုံးလွတ်မြောက် ၍ ပြန်လည်ထူထောင်နိုင်ကြပါစေရန်အတွက် Pacific AA Foundation မှဆုတောင်းလျှက် တတ်နိုင်သမျှဝိုင်းဝန်းကူညီလျှက်ရှိပါကြောင်း တင်ပြအပ်ပါသည်။






Pacific-AA Foundation Donates Over MMK 1.83 Billion Worth of Medicines and Medical Devices to 33 Hospitals in Earthquake-Affected Regions 🙏

Following the devastating 7.7 magnitude earthquake that struck Myanmar on March 28, 2025 — impacting areas across Mandalay Region, Sagaing Region, Naypyidaw Region, Shan State, and Bago Region — the Pacific-AA Foundation stepped in to support those in urgent need.

In response to the disaster, we donated medical supplies valued at MMK 1,838,624,700 (over MMK 183.86 million) to assist with emergency medical care, rescue, resettlement, and rehabilitation efforts. Our dedicated teams personally delivered these donations to 33 hospitals across the affected regions.

Donation Team 1 visited:
1. Aungwin Township Hospital
2. Yedashe Township Hospital
3. Swa Township Hospital
4. Myohla Township Hospital
5. Yeini Township Hospital
6. Thawatti Township Hospital
7. Lewe Township Hospital
8. Paunglang Temporary Hospital
9. Pyinmana General Hospital
10. Tatkon General Hospital
11. Taungoo General Hospital
12. Kywebwe Township Hospital
13. Nyaungchayhtauk Township Hospital
14. Zeyyawadi Township Hospital
15. Phyu Public General Hospital
16. Nyaungpintha Township Hospital
17. Aungmyay Township Hospital
18. Penwegone Township Hospital
19. Kyauktaga Township Hospital

Donation Team 2 visited: 20. Thetaw Township Hospital
21. Shwetaung Township Hospital
22. Minsu Township Hospital
23. Nyaungphee Township Hospital
24. Puleik Township Hospital
25. Wundwin Township Hospital
26. Myittha Township Hospital
27. Sintgaing Township Hospital
28. Patheingyi Township Hospital
29. Meiktila Hospital
30. Kume Township Hospital
31. Kyaukse Hospital
32. Amarapura Hospital
33. Tadaoo Hospital

We extend our heartfelt gratitude to all Pacific-AA Foundation (Pacific AA Group) team members who traveled to personally deliver these donations. 💙🌟

Our thoughts and prayers are with everyone affected by the earthquake. May you all recover swiftly and rebuild your lives with strength and hope. The Foundation remains committed to providing continued support in any way we can.

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No (81) Insein Road, Corner Of Hledan Road, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 17:25