Eureka Training & Development
26/11/2022
လို တို ရှင်း
(Communication)
ကျနော်တို့ဟာ လူတွေနဲ့ ထိတွေ့ရာမှာ ၂ဦး၂ဘက်ပြောဆိုဆက်သွယ်ကြပါတယ်။
ဒီနေရာမှာ မေးခွန်းတစ်ခုပေါ်လာတာက ကျနော်တို့ တကယ်ရော ထိထိရောက်ရောက် (Effective) ပြောဆိုဆက်ဆံဖြစ်ရဲ့လား ၊ကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်တွေကို တစ်ဖက်သားက အဆိုပါအချက်အလက်တွေကို လိုလိုချင်ချင် ပူးပေါင်းဆောင်ရွက်ချင်ရဲ့လား (Corporate) ဆိုတာပြန်လည် သုံးသပ်ဖို့လိုပါတယ်။
ဒါ့ကြောင့် လူတွေနဲ့ (Communication ) လုပ်တဲ့အခါတိုင်း ပြီးစလွယ်မဟုတ်ဘဲ ထိရောက်ပြီး ၂ဦး၂ဘက်ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆက်ဆံရေးဖြစ်ရန် အလို့ငှါ အမြဲဆန်းစစ်နေဖို့ လိုအပ်ပါတယ်။
Communication => Effective Corporate Communication
ကိုတွမ်
27/02/2022
အမြဲမှန်သော ဘုရားစကား...
"ကာလာမသုတ္တန်”
“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာအယူဝါဒထူထောင်ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်
ရပ်”ကို ရဲဝံ့ပြတ်သားစွာဟောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၊ကောသလတိုင်း၊ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြားသော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူ တစ်ဦးထံသို့ ဗုဒ္ဓ၏လက်ဆောင်လမ်းညွှန်ချက်” တရားတို့ပင်ဖြစ်သည်။ ဤသုတ္တန်တ ရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင်မှုန်ဝါးနေသူကို အလင်း ရောင်ခြည်ရစေသော“မီးရှုးတန်ဆောင်ပမာ”ဖြစ်ပါသည်။
ဘာသာရေး ထုံးတမ်းစဉ်လာ ကြားတွင် တွေဝေငေးမော နေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင်အောင် လမ်းဖွင့်ပေးလိုက်သော ကြည် လင်ချိုမြသည့်“ဓမ္မခေါင်းလောင်းသံ”လည်း ဖြစ်ပေသည်။ ဗုဒ္ဓ၏ ထိုမိန့်ဆို ချက်မှာ -
“အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊ သင်တို့သည် လက်ခံကျင့် သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ် ၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။
(၁) ဤတရားတော်သည်မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြားသိမှတ်
လာခဲ့တာပဲလို့ “ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက် ပါနဲ့ဦး။
(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ” ဖြစ်ရုံနဲ့ပဲ အားလုံး
ကို အမှန်ဖြစ်တယ် လို့ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။
(၃) လူအများကပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည်ကျော် ကြားရုံ” နဲ့မစုံစမ်းမဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။
(၄) “ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့ လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။
(၅) မိမိဥာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ်လိုက်ပါနဲ့ဦး။
(၆) အဲဒီတရားအယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့
“နည်းနာနိဿယ ”တွေ၊ အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့ လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။
(၇) မိမိဘာသာ “တွေးခေါ်ကြံစည်ဆင်ခြင်ပြီး” ဟုတ်လှပြီ လို့ သဘော
ကျနှစ်ခြိုက်ရုံနဲ့လဲမှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။
(၈) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစားတွေးတော ထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲလို့ လက်မခံလိုက်ပါနဲ့ဦး။
(၉) အများက “လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့စကားပဲ ဆို ပြီးတော့လည်းမဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။
(၁၀) ငါတို့ ရင်းနှီးကျွမ်း၀င်ချစ်ခင်တဲ့“ငါတို့ဆရာသမား” ပြောကြားတဲ့စကား
ပဲ ဆိုပြီတော့လည်း အပြီးသတ် လက်ခံယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။
“ကာလာမ လူမျိုးတို့……
သင်၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…..
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား..အကျိုးမဲ့အပြစ်ကိုသာဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်းမဟုတ်သောတရားတို့ပေတည်း……ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကိုစွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန် တကယ်ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက် ခံကြပါ….ဟုပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။
“ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်…
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ငရဲ သို့ကျရောက်စေရမည်။” ........…ဟုခြိမ်းခြောက်ဟောပြော၍လူစုနေချိန်တွင်……”
“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်း သာသုခကိုဖြစ်စေတဲ့ ….သစ္စာ(၄)ပါး၊မဂ္ဂင်(၈)ပါး..တရားဓမ္မကို ဦးစွာ ကျင့် သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့သဘာ၀ကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ”…...........ဟု..ဟောကြားရဲခြင်းသည်။
ဓမ္မ၏မြင့်မြတ်မှန်ကန်သော..ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ကမ္ဘာပေါ်ရှိဘာသာအယူဝါဒမျိုးစုံတို့အတွက် “အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။
ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်“-“ဓမ္မရသ စာစုများ”အမှတ်(၂)၊(စာ-၁၄)
ကျွန်တော်တို့ရဲ ဗုဒ္ဓဘုရားရှင်ဟာ အတုမရှိသော ကောင်းမြတ်တဲ့အဆုံး အမတွေပေးဝေကာ မြင့်မြတ်တဲ့ လမ်းပြသူပါ။
ရေးသားသူ=ကိုညီညီတင်
#တစ်နေ့စာအတွက်အတွေး
တစ်ယောက်တည်း တည့်အောင်နေ။
(ကိုယ့်သန္တန်မှာ လောဘ ဒေါသ မောဟ ရာဂ ဗျာပါဒ ဣဿာမစ္ဆရိယ တွေရှိနေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပါပဲ)
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon