IT-Tool
17/03/2023
မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲတွေမှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်း
ကွန်ပျူတာ နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ် (Microsoft)ဟာ ပြိုင်ဖက် ဂူဂဲလ် Google ရဲ့ ပြိုင်ဆိုင်မှု တိုးလာတာကို တန်ပြန်တဲ့အနေနဲ့ သူ့ရဲ့ လူသုံးများတဲ့ Office ဆော့ဖ်ဝဲကို အဆင့်မြှင့်တင်ပြီး AI လို့ အတိုကောက်ခေါ်တဲ့ Artificial Intelligence - ဉာဏ်ရည်တုနည်းပညာစနစ်ကို ထည့်သွင်းလိုက်ပါတယ်။
စာစီစာရိုက်လုပ်ပေးတဲ့ Microsoft Word ၊ စာရင်းဇယားတွေပြုစုတဲ့ Excel အစရှိတဲ့ ပညာရေးနဲ့ လုပ်ငန်းခွင်သုံး ဆော့ဖ်ဝဲတွေပါတဲ့ Microsoft 365 မှာ အသုံးပြုသူတွေကို ကူညီပေးမယ့် "copilot" လို့ခေါ်တဲ့ AI နည်းပညာ ဝန်ဆောင်မှု ပါဝင်လာတာပါ။
အဲဒီ လုပ်ငန်သုံး၊ ကျောင်းသုံး ဝန်ဆောင်မှု အပလီကေးရှင်းတွေကို သုံးရာမှာ AI က ပထမဆုံးမူကြမ်း အဆင့်ကို ဖန်တီးပေးနိုင်မှာဖြစ်လို့ အကြောင်းအရာတွေ ဖန်တီးရာမှာ ပိုပြီး အလုပ်တွင်ကျယ်လာမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့အလုပ်ချိန်ကို လျှော့ချပေးနိုင်မယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။
" ဒီ AI မျိုးဆက်သစ်က ကုန်ထုတ်စွမ်းအားတိုးတက်မှု လှိုင်းသစ်ကို ဖွင့်ပေးမယ်" လို့ မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် Satya Nadella က ပြောပါတယ်။
နောက်ထပ် နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ Google ကလည်း သူ့ရဲ့ အင်တာနက် ဝန်ဆောင်မှု၊ အွန်လိုင်း စာပို့ ဆက်သွယ်တဲ့ Gmail ဝန်ဆောင်မှုတွေမှာ AI နည်းပညာကို ထည့်သွင်းမယ့်လို့ အင်္ဂါနေ့ကပဲ ကြေညာထားပြီး သူ့ရဲ့ ကိုယ်ပိုင် စာစီစာရိုက် အပလီကေးရှင်းမှာ အလိုအလျောက် စာမူကြမ်း ရေးဖွဲ့ပေးတဲ့ ဝန်ဆောင်မှုလည်း ပါလာဖို့ ရှိတယ် ဆိုပါတယ်။
ဒီလို ဉာဏ်ရည်တု AI နည်းပညာ အသစ်တွေဟာ Microsoft ရဲ့ ပံ့ပိုးပေးမှုနဲ့ OpenAI ကုမ္ပဏီက ChatGPT လို့ ခေါ်တဲ့ ဉာဏ်ရည်တု Chatbot ဝန်ဆောင်မှုတခုကို မနှစ်က စတင်ခဲ့ပြီးနောက်ပိုင်းမှာ AI က လူအများကြား ပျံ့နှံ့ခဲ့သလို ကုမ္ပဏီကြီးတွေကလည်း အပြိုင်အဆိုင် ဉာဏ်ရည်တု နည်းပညာတွေ သုံးလာကြတာပါ။
ChatGPT ဟာ ဘာသာစကားအမျိုးမျိုး နဲ့ လူအများကို အပြန်အလှန် ဆက်သွယ်ပြီး ညွှန်ကြားတဲ့အမိန့်တွေအတိုင်း အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီ နည်းပညာက အလျင်အမြန်နဲ့ တိုးတက်နေပြီး အခု သီတင်းပတ်ထဲမှာပဲ စွမ်းဆောင်ရည် ပိုကောင်းတဲ့ GPT-4 ဗားရှင်းကို စတင်ဖြန့်ချိထားပါတယ်။
Credit-: VOA
06/12/2022
☃️ ပွင့်လင်းရာသီဖြစ်တဲ့ December လထဲမှာ BETACOM Training Center ၏ 11th Batch ကွန်ပျူတာသင်တန်းများအား ပြန်လည်စတင် ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် သင်တန်းအပ်နှံလိုသူများအား စတင်လက်ခံပေးနေပါပြီနော်။
💻 BETACOM Computer Center ရဲ့တန်းခွဲတိုင်းမှာ လူဦးရေ အနည်းငယ်ဖြင့် ထိရောက်သေချာစွာ သင်ကြားပေးသွားမှာဖြစ်တာကြောင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့် နောက်ကျမကျန်ခဲ့စေရန် ကြိုတင်လာရောက်ပြီး Registration Forms များဖြည့်ကာ အပ်နှံနိုင်ပါပြီ။
📨 ကိုယ်တိုင် လာရောက်အပ်နှံရန် အခက်အခဲရှိပါက သင်တန်းသား/သူ၏ အမည်အပြည့်အစုံ (မြန်မာ/ English) နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို IT-Tool page Messenger နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့ SMS ဖြင့်ပေးပို့ထားနိုင်ပါသည်။
📊 သင်တန်းအချိန်ဇယား
*********************
Weekly
📆တန်းခွဲ (A) တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး
📆တန်းခွဲ (B) ကြာသပတေး၊ သောကြာ၊ စနေ
💥 ရုံးသမားများအတွက် 💥 စနေ၊ တနင်္ဂနွေ တန်းခွဲ များလည်းရှိပါသေးတယ်။
📬 လိပ်စာ
************
, နွေးနဒီမိတ္တူ၊ တိုင်ကျိုးရွာ အလယ်ပိုင်း၊ ဗိုလ်ချုပ်လမ်းမကြီး၊ တပင်တိုင်ဘုန်းတော်ကြီးကျောင်းအနီး၊ ဂွမြို့နယ်၊ ရခိုင်ပြည်နယ်။
📱 09-263637776, 09-441382419
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Bogyoke Road, Tai Gyo, Gwa Tsp, Rakhine State
Yangon
07183
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |
| Sunday | 09:00 - 13:00 |