FEC - Forever English Class
17/08/2022
Hello အားလုံးပဲ မင်္ဂလာဗျ🍀❤️။
FEC ကနေ အားလုံးကို တဖန် ပြန်လည် ကြိုဆိုလိုက်ပါတယ်နော်။ 🥰🍀
ဒီနေ့မှာတော့ အရင်ရက် က ပြောခဲ့ တဲ့ modal verb တွေထဲက
Modals of Ability လို့ခေါ်တဲ့ လုပ်နိုင်စွမ်းတွေကို ပြောတဲ့ အခါမှာ သုံးတဲ့ modal verb တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Modal verbs တွေ အမျိူးမျိူး ရှိတယ်လို့ အရှေ့မှာ ပြောခဲ့ပါတယ်။
အဲ့ဒီထဲ မှာ မှ ( can , could ) အစရှိသည့်တို့ကို ability (စွမ်းရည်၊ လုပ်န်ိုင်စွမ်း) တို့ကို ပြောချင်တဲ့ အခါမှာ အသုံးပြုပါတယ်။
Ability ကို ပြောချင်တဲ့ အခါမှာ can , could ၂ခုတည်းကိုတော့ သုံးတာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီနေ့မှာ တပြုံလိုက်ကြီး ပြောလိုက်ရင် ရူပ်သွားနိုင်တဲ့ အတွက် can နဲ့ could ရဲ့ အကြောင်းကို ပဲ ပြောသွားပါမယ်။
🍀Can
Can ကိုတော့ လက်ရှိ ကာလ present မှာ လုပ်နိုင်၊ ဆောင်ရွက်နိုင်နေတဲ့ အခိုက်အတန့် အခြေအနေတွေကို ပြောတဲ့ အခါမှာ အသုံးပြုပါတယ်။
🍀I can speak English.
ငါ English စကားပြောနိုင်တယ်။
🍀I can play the guitar.
ကျွန်တော် ဂစ်တာ တီးတတ်တယ်။
🍀Could
Could ကိုတော့ အတိတ် ( past) က လုပ်နိုင်ခဲ့တဲ့ အရာ၊ ဒါမှ မဟုတ် အတိတ်မှာ လုပ်နိုင်ခဲ့ပြီး အခု မလုပ်နိုင်တော့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အသုံးပြုကြပါတယ်။
🍀Example 🍀
🍀I couldn’t swim when I was young.
ငါ ငယ်ငယ်တုန်းက ရေးမကူးနိုင်ခဲ့ဘူး။
🍀I could climb the mountains when I was young, but I can’t now.
ကျွန်တော် ငယ်ငယ်တုန်းက တောင်တွေကို တက်နိုင်ခဲ့တာ၊ အခုတော့ မတက်နိုင်တော့ဘူး။
ဒါဆိုရင်တော့ modal verbs တွေဖြစ်တဲ့ (can,could) တွေက်ို ဘယ်လ်ို သုံးကြမလဲ ဆိုတာနဲ့ပတ်သက်ပြီး သိရှိသွားပြီပဲဖြစ်ပါတယ်။
နောက်ရက် တွေမှာလည်း ကျန်ရှိနေသေးတဲ့ modal verbs တွေကို ပြောပြပေးသွားမှာမို့ FEC page လေးကို see first လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ 🥰
ဒါအပြင် ဒီနေ့ sharing လေးက ကိုယ်အတွက် knowledge တစ်ခုခုရခဲ့တယ်ဆိုရင် ကိုယ်ရဲ့ သူငယ်ချင်းတွေကိုလည်း အတူတူရသွားအောင် like and share လေး လုပ်သွားဦးနော် ။🍀❤️
မေ့တော့မလို့…
Comment box ထဲမှာလည်း ကိုယ်ပိုင် စာကြောင်းလေးတွေ ရေးပေးသွားပါဦးနော်။ 🍀❤️
See you all 🍀❤️
အပြည့်အစုံဖတ်ရန် link
https://www.perfect-english-grammar.com/modal-verbs-of-ability.html
05/08/2022
Hello…hello 🍀❤️
FEC ရဲ့ knowledge sharing လေးကနေပြီးတော့ ပြန်လည် ကြိုဆိုပါတယ်။
ဒီနေ့မှာတော့ ဗုဒ္ဓဟူးနေ့က အဆက်လေးဖြစ်တဲ့ Adverb of frequency တွေက်ို စာကြောင်းတွေ မှာ ဘယ်လို ထည့်သုံးရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြသွားပါမယ်။
ပထမဦးဆုံး အနေနဲ့ Adverb of frequency ကို main verb ရဲ့ အရှေ့မှာ ထားသုံးလေ့ရှိပါတယ်။
(ဒီနေရာမှာ main verb ဆိုတာကို မသိသေးရင် နောက်အပတ် sharing လေးမှာ အသေးစိတ် ပြောပေးသွားမယ်နော်။)
🍀Example🍀
🍀I always help my mom when she cooks.
🍀အမေ ဟင်းချက်တဲ့ အခါမှာ ကျွန်တော် က အမြဲတမ်း ကူပေးလေ့ရှိတယ်။
🍀I hardly ever visit to my nephew.
🍀ကျွန်တော် တူလေး ဆီ ကို ကြုံတောင်ကြုံခဲ မှ သာ သွားလည်ဖြစ်တယ်။
ကဲ့ ဒါဆိုရင်တော့ adverb of frequency ရဲ့ ဒုတိယ အသုံးလေးကို ကြည့်လိုက်ရအောင်။
Verb to be တွေနဲ့ တွဲသုံးတဲ့အခါမှာ ဆိုရင်တော့ verb to be ရဲ့ အနောက်ကနေထားပြီး သုံးပါတယ်။
(ဒီနေရာမှာ verb to be ကိုလည်း နောက်တစ်ပတ် sharing မှာ သေချာလေးပြောပြပေးသွားမှာပါ။)
🍀Example🍀
🍀He is always late.
သူက အမြဲ နောက်ကျတယ်။
🍀Lily is never interested in her lessons.
Lily က သူမရဲ့ သင်ခန်းစာကို ဘယ်တုန်းကမှ စိတ်မဝင်စားဘူး။
ကဲ ဒါဆိုရင်တော့ Adverb of frequency တွေကို စာကြောင်းထဲမှာ ဘယ်လို ထည့်သုံးရလဲ ဆိုတာ သိရှိသွားပါပြီ။
နောက်ရက်တွေ့မှာလည်း Main verb ဆိုတာဘာလဲ၊ verb to be ဆိုတာဘာလဲ စသဖြင့် ပြောပြပေးသွားဖို့ ရှိသေးတော့
FEC page လေးကို see first လုပ်ထားဖို့ မမေ့ခဲ့နဲ့ဦးနော်။😍🍀
ဒါအပြင် ဒီနေ့ sharing လေးက ကိုယ်အတွက် knowledge တစ်ခုခုရခဲ့တယ်ဆိုရင် ကိုယ်ရဲ့ သူငယ်ချင်းတွေကိုလည်း အတူတူရသွားအောင် like and share လေး လုပ်သွားဦးနော် ။🍀❤️
မေ့တော့မလို့ဗျ 😁😁
Comment box ထဲမှာလည်း ကိုယ်ပိုင် စာကြောင်းလေးတွေ ရေးပေးသွားပါဦးနော်။ 🍀❤️
See you all 🍀❤️
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
No. 981, 5th Floor, Corner Of Zeyar (10th) And (30th) Street (10) Ward, South Okkalapa Tsp
Yangon
1007