The Light Bulb
22/05/2023
According to Editor’s Choice, 90% of startups fail and 10% of new businesses don’t survive the first year. There are various reasons a startup fails and one of the main reasons is the failure to develop and/or execute a business strategy. If your business is struggling, check if you resonate with the given challenges, especially the three below.
1) Founder/owner is the only person who knows the company strategy.
2) There is no process for managing strategy generation and ex*****on.
3) Employees are not engaged and motivated enough and are leaving.
03/06/2022
💫 ပျော်ရွင်စရာ သောကြာနေ့လေးပါ။
💡 ဒီတပတ်ရဲ့ quote လေးကို ဝေမျှပေးရမဲ့အချိန်လေးရောက်လာပြန်ပါပြီနော်။
⛈️🌱☀️ "မိုးစက်တွေကြောင့်သာမဟုတ်ရင်
နွေးထွေးတဲ့နေရောင်ခြည်ကို ကျေးဇူးတင်ရကောင်းမှန်း ဘယ်တော့မှသိမှာ မဟုတ်ခဲ့ပါဘူး"
📍🎈 အဲ့ဒီလိုပဲ ကျွန်မတို့ဘဝမှာ ကိုယ်လက်ဝယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို အတားအဆီးနဲ့ စိန်ခေါ်မှုတွေကြောင့်သာ မဟုတ်ရင် အသိအမှတ်ပြုဖို့မေ့နေတတ်ကြတယ်မဟုတ်လား။ အဲ့ဒီအရာတွေထဲမှာ ကိုယ်နေထိုင်ကြီးပြင်းခဲ့တဲ့မိသားစု၊ ကိုယ့်လက်ကိုရဲရဲတွဲပြီး အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့တဲ့ ဘဝလက်တွဲဖေါ်၊ ကိုယ်နှစ်သက်မြတ်နိုးရာကို အကောင်အထည်ဖေါ်ခွင့်ရစေခဲ့တဲ့ စီးပွားရေးလုပ်ငန်း တို့လည်း ပါဝင်ပါတယ်။
🔦😭 ဒီ quote မှာ မီးမောင်းထိုးပြချင်တဲ့ အချက်ကတော့ တချို့သောအရာနဲ့ လူတွေကို လက်လွတ်ဆုံးရှုံးရတော့မဲ့ အခြေအနေမရောက်သရွေ့ တန်ဖိုးထားပြီး ကျေးဇူးတင်ရမယ်ဆိုတာကို ကျွန်မတို့မသိနားမလည်ဘူးဆိုတာပါပဲ။
🤗 ဒါကြောင့် ဒီတပတ်မှာ ကိုယ့်မှာရှိနေတဲ့အရာတစ်ခုခု သို့ တစုံတယောက်ကို ကျေးဇူးတင်ပြီး ကိုယ့်ရဲ့ချစ်ခင်တန်ဖိုးထားမှုကို သိအောင်ဖေါ်ပြဖို့ ကျွန်မတို့ TLBC ကနေ တိုက်တွန်းပါရစေနော်။
🍀 ဒီလိုလုပ်ပြီးရင် ဘယ်လိုခံစားရလဲ သို့ ဘာတွေထူးခြားလာလဲဆိုတာ comment မှာ ပြန်လာပြောပြလို့ရပါတယ်
** English Version **
Happy Friday! It is time for the quote of the week!
“Without the rain, we would never feel thankful for the warmth of the sun.”
If we never face any obstacles or challenges in life, we would never appreciate the things we have for granted. In life, we often overlook the things we already have - like the family we were born into or the beloved spouse who chose to marry us or the business that’s giving us an opportunity to follow our passion - until we lose them in life.
The message of the quote is we tend to understand the value and cherish certain things in life only after we are faced with threats to lose them.
So, be grateful for at least one thing/person around you this weekend and show a little love from you!
30/05/2022
ပျော်ရွှင်စရာ ရက်သတ္တပတ်လေး ဖြစ်ပါစေ။ 🥰
⚠️💡ဝယ်ယူရေးဆိုင်ရာ မဟာဗျူဟာရှိထားသင့်တဲ့ အချက် ၃ ချက်
ကိုယ့်မှာ ဘယ်လောက်ကောင်းတဲ့ လုပ်ငန်းအောင်မြင်ရေးမဟာဗျူဟာတွေ ရှိနေပါစေ ကုန်ကြမ်းနဲ့လိုအပ်တာဝယ်ယူတဲ့အပိုင်းမှာ တိကျတဲ့နည်းလမ်းသာမရှိခဲ့ဘူးဆိုရင် အောင်မြင်တဲ့ လုပ်ငန်းအဖြစ်လည်ပတ်နိုင်ဖို့ အများကြီးရုန်းကန်ရမှာပါ။ ဒီအရေးကြီးတဲ့အချက်ကို အခုမှလုပ်ငန်းစလုပ်မဲ့သူတွေ သတိမမူတတ်ကြတာကို တြေ့ရပါတယ်။ ဒါကြောင့် ယက်ကန်ယက်ကန်ဖြစ်နေရမဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် သိထားဖို့လိုအပ်တဲ့ ဝယ်ယူရေးဆိုင်ရာမဟာဗျူဟာအကြောင်း အဓိကအချက် ၃ချက်ကို ဒီနေ့မှာပြောပြပေးချင်ပါတယ်။
🚫 ကုန်ပစ္စည်းတင်သွင်းတဲ့သူအပေါ် မှီခိုတာကိုရှောင်ရှားပါ။
ကိုယ့်လုပ်ငန်းအတွက်လိုအပ်တာတွေကို တင်သွင်းပေးနိုင်တဲ့ supplier တွေရဲ့ အချက်အလက်တွေကို ရနိုင်သလောက်များများရှာဖွေပြီး စာရင်းမလုပ်ထားဘူးဆိုရင် ကိုယ်လက်တွဲလုပ်ကိုင်ရမဲ့ supplier အရေအတွက်ကနည်းနေမှာ အသေအချာပါပဲ။ အဲ့ဒီတော့ ဘာဖြစ်လာလဲဆိုရင် ကိုယ်က ဒီ တစ်နေရာထဲကိုပဲ အားကိုးရတာ၊ ဒါမှမဟုတ် supplier အရေအတွက်ကို အကန့်အသတ်နဲ့ သုံးရသလိုမျိုးဖြစ်လာပါတယ်။ ဒါတွေရဲ့ အကျိုးဆက်အနေနဲ့ supplier နဲ့ ညှိနှိုင်းမှုတွေလုပ်ရတဲ့အချိန်မှာ ကိုယ့်စကားမပေါက်တော့ဘဲ လိုချင်တာကိုရအောင်ပြောဖို့ ခက်ခဲသွားတတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် supplier က ကိုယ့်အားနည်းချက်ဖြစ်တဲ့ သူကလွဲရင် တခြားရွေးချယ်စရာမရှိိဘူး။ ကိုယ့်ကုန်ပစ္စည်းဝယ်သူလက်ထဲရောက်ဖို့အတွက် သူတို့ကိုမှီခိုအားထားနေရတယ်ဆိုတဲ့အချက်ကို နင်းပြီး တင်းခံနေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ သင့်တင့်မျှတတဲ့ နှုန်းထားနဲ့ကုန်ကြမ်းဝယ်ယူဖို့ ခက်ခဲလာတာက ကိုယ့်လုပ်ငန်းအတွက် အမြတ်နည်းတာ သို့ ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေကို ယှဉ်ပြီးမရောင်းနိုင်တာစတဲ့ အခက်အခဲနှစ်မျိုးကို ဖြစ်ပေါ်စေပါတယ်။
🔷 ကိုယ့်ရဲ့လုပ်ငန်းတန်ဖိုးတွေကို အမြဲစွဲကိုင်ထားပါ။
လုပ်ငန်းနဲ့ ပတ်သတ်တဲ့ brand တစ်ခုတည်ဆောက်နေတဲ့အချိန်မှာ ကိုယ်ချမှတ်ထားတဲ့ စံနှုန်းနဲ့တန်ဖိုးတွေက ဝယ်သူဆီကို တသမတ်ထဲရောက်နေဖို့က အရမ်းအရေးကြီးတယ်ဆိုတာကို လုပ်ငန်းစတင်တည်ထောင်သူတိုင်း နားလည်ပြီးသားပါ။ သတင်းအချက်အလက်တွေ အလွယ်တကူရနိုင်တဲ့ ဒီလိုအချိန်မျိုးမှာ ဝယ်သူတွေက ကိုယ့်ကုမ္ပဏီ၊ ကုန်ပစ္စည်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ရသလောက်ရှာဖွေတတ်ကြပါတယ်။ ဥပမာအားဖြင့် ဒီကုန်ပစ္စည်းကို မြန်မာနိုင်ငံမှာထုတ်လုပ်တာလား? ပြင်တွင်းက ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုထားတာလား? သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်မျှတရဲ့လား? ပါဝင်ပစ္စည်းတွေကို ဘယ်ကရတာလဲ? စတဲ့ အချက်အလက်တွေပါ။ ဒီအရာတွေက ဝယ်သူတွေ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကို ရွေးချယ်ဝယ်ယူဖို့အတွက် တစ်စ တစ်စနဲ့ တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပေးချင်တဲ့တန်ဖိုးတွေ မြှုပ်နှံထားတဲ့ ကုန်ပစ္စည်းတွေ ဝယ်သူလက်ထဲ အရောက်ပို့ပေးနိုင်ဖို့အတွက် ဘယ်သူနဲ့လုပ်ငန်းတွဲဖက်လုပ်သင့်လဲ ဆိုတဲ့အချက်ကို သေချာအလေးထားပြီးလုပ်ဖို့ TLBC ကနေပြီး တိုက်တွန်းချင်ပါတယ်။
❎ အသုံးစားရိတ်လျှော့ချတာက မှန်ကန်တဲ့အဖြေမဟုတ်ပါဘူး။
ကမ္ဘာကြီးက အရှိန်အဟုန်နဲ့ ရွေ့လျားနေတဲ့အချိန်မှာ ကိုယ့်လုပ်ငန်းအမြတ်ပိုရဖို့အတွက် အသုံးစားရိတ်လျှော့ချတဲ့နည်းလမ်းအပေါ်မှာပဲ မှီခိုတာမျိုးမလုပ်သင့်ဘူးဆိုတာကို လုပ်ငန်းရှင်တွေသိထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ကုန်ပစ္စည်းကို မတူညီတဲ့နည်းလမ်းတွေနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင်က ဆန်းသစ်ပြောင်းလဲတဲ့နည်းပညာတွေ ဖြစ်ပေါ်အောင် မောင်းနှင်နိုင်ဖို့လိုပါတယ်။ ဥပမာအားဖြင့် supplier နဲ့ ပူးပေါင်းပြီး ကုန်ပစ္စည်းအသစ်ထုတ်မလား? အချိန်တိုတိုအတွင်း ဝယ်သူလက်ထဲရောက်အောင်လုပ်မလား? မတူညီတဲ့ကုန်ကြမ်းပြောင်းသုံးမလား? စတဲ့အချက်တွေက ကိုယ့်လုပ်ငန်းရဲ့ ဝင်ငွေတိုးစေနိုင်သလို ဈေးကွက်တွင်းမှာလည်း တခြားသူတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကုန်ကြမ်းနဲ့လိုအပ်တာဝယ်ယူရေးဆိုင်ရာ မဟာဗျူဟာကို သေချာပြန်သုံးသပ်ဖို့ ကျွန်မတို့ TLBC အနေနဲ့ အကြံပြုပါရစေ။ ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကို supplier ဆီ မပို့ခင်မှာ လိုအပ်တဲ့အချက်အလက်တွေ သေသေချာချာလုပ်ဖြစ်ရဲ့လား?
ဈေးကွက်ထဲက ပြိုင်ဘက်တွေထက် အားသာတဲ့အချက် ကိုယ့်ကုန်ပစ္စည်းမှာရှိတယ်လို့ ထင်လား?
** English Version**
Happy New Week, everyone!
Many startups do not realize that no matter how strong the business growth strategy is, if they do not have the right procurement strategy in place, the business could struggle to achieve their targeted business strategy. Here are the top three reasons why you should care to have the right procurement strategy in place.
Avoid dependency on the suppliers
The less time you spend researching your supplier, the less choice of suppliers you will have in your business. This means you will become dependent on a single or limited list of suppliers. The impact is that you will have less negotiation power when you are making a deal with the supplier as the supplier knows that your business depends on them and that you have not many other options aside from them to be able to deliver your products to your customers. Not having competitive pricing from your suppliers could result in two ways - lower profit margin or your sales price not being competitive in the market.
Sticking to your business values
Every founder knows the importance of ensuring your business values are delivered when you are building a brand. In the information age, customers want to find out as much information as possible about your company and the products you are offering. For example, is the product made in Myanmar? Is the produce made by a local supplier? Is the product made environmentally sustainable? Where do the ingredients come from? These factors are driving consumers' decisions more and more and we would like to recommend you pay attention to who you are partnering with to ensure your business values are embedded in your products.
Cost-cutting is not only the answer
With the world being dynamic, business owners must understand that you cannot depend on cost-cutting to increase their profit margin. You need to drive innovation to come up with new ways to manufacture your products. For example, can you collaborate with suppliers to come up with new product features? Shorter time frame? Different raw material? These will enable you to not only increase your revenue but lead you to become a competitive leader in the market.
We recommend you to re-look at your procurement strategy this week. How well did you research before awarding your business to your supplier? Do you think your product has a competitive edge in the market?
Click here to claim your Sponsored Listing.
Website
Address
Yangon