NetstartERP
09/07/2018
🧚♂️🧚♂️🧚♂️🧚♂️ Enterprise Resource Planning🧚♂️🧚♂️🧚♂️🧚♂️
(စီးပွားရေးလုပ်ငန်းအရင်းအမြစ်စီမံချက်ချခြင်း)
=============================
စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၏လုပ်ငန်းဆောင်တာသည် များသောအားဖြင့်လွန်စွာရှုပ်ထွေးကြသည်။
ဝယ်ယူရေး ၊ ကုန်ထုတ်လုပ်မှု ၊ ဖြန့်ချိရေး ၊ အရောင်း ၊ လူ့စွမ်းအားအရင်းအမြစ် ၊ ဘဏ္ဍာရေး နှင့် ငွေစာရင်း အစရှိသည့် လုပ်ငန်းဆောင်တာများသည် အဖွဲ့အစည်း၏ရည်မှန်းချက်များကိုရရှိရန် အတူတကွအလုပ်လုပ် ရမည်ဖြစ်သည်။
ထို့အပြင် ကုမ္ပဏီ၏သတင်းအချက်အလက်များကို ထိန်းသိမ်းမှတ်တမ်းယူခြင်းများကို ပြုလုပ်နိုင်သည်။
ယင်းသည်ကုမ္ပဏီ၏လုပ်ငန်းဆောင်တာများကိုပိုမိုထိရောက်စွာစီမံခန့်ခွဲရန်အလို့ဌာ ဌာနတစ်ခုချင်းစီအလိုက်သတင်းအချက်အလက်များမျှဝေခြင်းများကိုပြုလုပ်နိုင်သည်။
ERP စနစ်သည် ကုမ္ပဏီတစ်ခု၏ အဓိက ဆုံးဖြတ်ချက်ချသူများနှင့်အခြားအသုံးပြုသူများသို့ အချိန်နှင့်တပြေးညီ အချက်အလက်ကိုရယူရန် ပံ့ပိုးပေးသည်။
ယင်းသည်အဖွဲ့အစည်း၏ ရည်မှန်းချက်များပြည့်ဝစေရန် အမျိုးမျိုး သော စီးပွားရေးလုပ်ငန်းစဉ်များကို စီမံကိန်းရေးဆွဲရန်နှင့်ကြီးကြပ်ခြင်းအတွက် လိုအပ်သော အရာများကိုလည်း ပံ့ပိုးပေးသည်။
ယင်းတွင် လုပ်ငန်းဆောင်တာတစ်ခုချင်းစီအတွက် လိုအပ်သော Functions များကို ပေါင်းစည်း ထားသော Modules(မော်ဂျူးများ) ဖြင့်ဖွဲ့စည်းထားသည်။
ERP System ဆိုသည်မှာအဘယ်နည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ERP System (စနစ်) သည် ကုမ္ပဏီရှိဌာနအားလုံးနှင့် လုပ်ငန်းဆောင်တာများကိုပေါင်းစည်းထားသော စနစ်တစ်ခုဖြစ်သည်။
ယင်းစနစ်သည် ဌာနတစ်ခုချင်းအတွက် လုပ်ငန်းဆောင်တာများ (Functions) ကိုပေါင်းစည်းထားပြီး ယင်းဌာနတစ်ခုချင်း၏ သီးခြားလိုအင်များအားလုံးကိုဝန်ဆောင်မှုပေးသည်။
ERP System သည်ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရည်ကိုမည်သို့တိုးမြင့်နိုင်သနည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ERP System( စနစ်) သည် အော်ဒါမှာယူလိုက်သည်နှင့်တပြိုင်တည်း အော်ဒါပြီးမြောက်ရန်လိုအပ်သော သတင်းအချက်အလက်များ ၊ ပစ္စည်းပို့ခြင်း၊ ငွေပေးချေခြင်း စသော လုပ်ငန်းတာဝန် (Functions) များကို အလိုအလျောက်ဆောင်ရွက်ပေးသည်။
ထို့အပြင် အ၀ယ်တော်များသည် ဖောက်သည်ထံမှ အော်ဒါရယူပြီး သောအခါ အော်ဒါပြီးမြောက်ရန်လိုအပ်သော သတင်းအချက်အလက် အားလုံးကိုတစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းသိရှိနိုင်သည်။
ယင်း သတင်းအချက်အလက်များတွင် ဖောက်သည်အကြွေးယူမှုနှုန်း ၊ အော်ဒါမှာယူမှုသမိုင်း ၊ ကုမ္ပဏီ၏ပစ္စည်းလက်ကျန်အခြေအနေတို့ပါဝင်သည်။
ဌာနတစ်ခုမှ အော်ဒါပြီးစီး သောအခါ ယင်းသည် ERP စနစ်သို့ရောက်ပြီး ထိုမှတဆင့် နောက်ဌာနသို့ရောက်သွားကြသည်။
ERP project သည်မည်မျှကြာမည်နည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ERP စနစ် ကိုကုမ္ပဏီများက တပ်ဆင်ခြင်းသည် လွယ်ကူသည်တော့မဟုတ်ချေ။ အကော်အထည်ဖေါ်ရန် ကာလ ၃ လမှ ၆ လ အထိကြာမြင့်နိုင်သည်။
၆ လသည်တိုတောင်းသောအချိန်ဖြစ်သည်။ သင်ပြုလုပ်သော စီးပွားရေးလုပ်ငန်းသည် ပြောင်းလဲရန်လိုအပ်ပြီး ၀န်ထမ်းများသည်လည်း သူတို့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သောနည်းလမ်းများကိုသမာရိုးကျမှတဆင့် ခာတ်မှီသောစနစ်သို့ပြောင်းလဲရန်လိုအပ်ပါသည်။
အရေးကြီးသောအချက်မှာ ERP အတွက် အချိန်မည်မျှကြာသည်ကိုအာရုံစိုက်ရန်မလိုချေ။
စစ်မှန်သော အသွင်ပြောင်းသည့် ERP စနစ်သို့ပြောင်းလဲရာတွင် များသောအားဖြင့် တစ်နှစ်မှ သုံးနှစ်အထိကြာတတ်သည်။
ဘာကြောင့် ERP အသုံးပြုရန်လိုအပ်ခြင်းကို နားလည်ရန်နှင့်သင့်စီးပွားရေးလုပ်ငန်းကို မည်သို့အောင်မြင် တိုးတက်ရန် အသုံးပြုမည်ဆိုသောအချက်ပင်ဖြစ်သည်။🧚♂️🧚♂️🧚♂️
14/03/2018
Systemဆိုသည်မှာ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများ ၊ အလုပ်ရုံ ဌာနများအတွက် ၀င်ငွေထွက်ငွေစာရင်းများ ၊ လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်းများ ၊ စီမံကိန်းစာရင်းများ ၊ ၀န်ထမ်း ငွေစာရင်းများ ၊ လစာနှင့်ပတ်သတ်သော စာရင်းများ ပြုစုခြင်းများ၊ ကုန်ပစ္စည်း ထိန်းချုပ်ခြင်း၊ Group of companies များ အတွက် Company တစ်ခုချင်းစီအလိုက် Dimensions များခွဲပြီး စာရင်းသွင်းနိုင်ခြင်း ၊ လုပ်ငန်း၏ ငွေသားစီးဆင်းမှု (Cash Flow) စသည့် အချက်အလက်များကို အဓိက ရေးဆွဲထားသော ERP System တစ်ခုဖြစ်ပါသည်။
System တွင် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများတွင်အရေး
ကြီးသော အရင်းအမြစ် စီမံချက်ချခြင်း ၊ လုပ်ငန်းဆောင်တာများကို လွယ်ကူလျင်မြန်စွာ စီမံဆောင်ရွက်နိုင်ခြင်း ၊ ဖြန့်ချိရေး ၊ ၀ယ်ယူရေး ၊ ကုန်ပစ္စည်း စာရင်း စီမံခန့်ခွဲရေး ၊ ကုန်ထုတ်လုပ်မှု ၊ အရောင်း ၊ လူ့စွမ်းအားအရင်းအမြစ် ၊ ကုမ္ပဏီ၏ ပိုင်ဆိုင်မှု စာရင်းများ စီမံခန့်ခွဲခြင်း ၊ ငွေစာရင်းများ အစရှိသော လုပ်ငန်းများကို စီမံနိုင်သော အခြေခံကျသော ပူးပေါင်းဆောင်ရွက်ချက်များ ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
System တွင် စာရင်းရေးသွင်းရာတွင်ပါဝင်ရမယ့် လုပ်ဆောင်ချက်များအားလုံးပြည့်ပြည့်စုံစုံပါဝင်ပါသည်။ Accuracy အပေါင်းအနုတ်ဂဏန်းတွက်ချက်မှု တိကျမှန်ကန်ပါတယ်။ Valuation တန်ဖိုးသင့်မှု မှန်ကန်မှု ၊ Cut-off စာရင်း ကာလမှန်ကန်မှု ၊ Rights & Obligation ပိုင်ခွင့်နှင့်ပေးရန်တာဝန်ရှိမှုတွေ မှန်ကန်မှု ၊ Receivable ,Payable ,Liabilities နှင့်ပတ်သတ်သော ရှင်းလင်းဖော်ပြချက်များ ၊ Alarm System များ စသည့် လုပ်ငန်းပိုမိုမြန်ဆန်ထိရောက်စေသည့် လုပ်ဆောင်ချက်များ စွာပါဝင်ပါသည်။
System ၏အဓိကအားသာချက်များ ကတော့
နေ့စဉ် ၀င်ငွေ/ထွက်ငွေစာရင်းများ ကို အချိန်နှင့်တပြေးညီ ထုတ်ယူကြည့်ရှုနိုင်ခြင်း ။
အရောင်း/အ၀ယ် စာရင်းများကို စာရင်းသွင်းရုံဖြင့် သက်ဆိုင်ရာ Ledgerများသို့အလိုအလျောက် စာရင်းရောက်ရှိနိုင်ခြင်း။
လုပ်ငန်းတစ်ခုလုံး၏ ၀င်ငွေထွက်ငွေ စာရင်းများနှင့် အခြားအသုံးစရိတ်များ ကိုအချိန်တိုအတွင်း သိရှိနိုင်ခြင်း ။
ကုန်ပစ္စည်းစာရင်းများအား ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ခြင်းကြောင့် အလေအလွင့် ဖြစ်ခြင်းမှ ကာကွယ်နိုင်ခြင်း ။
Online System ပါဝင်သဖြင့် နေရာတစ်ခုချင်းစီအလိုက် ကုန်ပစ္စည်းစာရင်းများ ၊ လက်ကျန်စာရင်းများကို အချိန်နှင့်တပြေးညီ အလွယ်တကူကြည့်ရှုနိုင်ခြင်း။
ငွေစာရင်းဆိုင်ရာ Reportsများကို လအလိုက် ၊ နှစ်အလိုက်ယှဉ်တွဲကြည့်ရှုနိုင်ခြင်း။
ရုံးခွဲများကို နေရာအနှံ့အပြားတွင် ဖွင့်လှစ်ထားသော လုပ်ငန်းရှင်များအတွက်လည်း Internet Access ရရှိရုံဖြင့် လုပ်ငန်းတစ်ခုလုံး၏ စာရင်းများအား Access လုပ်နိုင်ခြင်း။
ကုမ္ပဏီ၏သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုစည်းထားရှိနိုင်သောကြောင့် သတင်းအချက်အလက်မျှဝေခြင်းနှင့် ထိန်းသိမ်းမှတ်တမ်း ယူခြင်းများ ကို ပိုမိုထိရောက်စွာစီမံခန့်ခွဲနိုင်ခြင်း ။
Mobile App ရနိုင်ခြင်းကြောင့် နယ်လှည့်အရောင်းကားများရှိသော လုပ်ငန်းရှင်များ အနေဖြင့် အရောင်းကားများ၏ Sales Reports များအား အချိန်နှင့်တပြေးညီကြည့်ရှုနိုင်ခြင်းတို့ကြောင့် လုပ်ငန်းပိုမိုမြန်ဆန်လာနိုင်ခြင်း။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09- 261 4422 92(YGN –hotline) 09-252 5842 80(MDY –Hotline) သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 164, Upper Pazundaung Main Road, Mingalar Taung Nyunt Tsp
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |