Htet Aaron - Beads Collection

Htet Aaron - Beads Collection

Share

Photos from Htet Aaron - Beads Collection's post 25/11/2024

ရှေးဟောင်းဟန်ပုတီးများ
♥♥♥♥♥♥♥

#ရှေးဟောင်းပုတီးတွေထဲကမ္ဘ့ာအဆင့်ထိပ်သီးစာရင်းဝင်

ရှေးဟောင်းကြေးခေတ်ပျူခေတ်ကာလ မြန်မာနိုင်ငံသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ယဥ်ကျေးမှုသဘာဝ

နိုင်ငံဂုဏ်ကျက်သရေကို ဒီနေ့အထိ ကမ္ဘာနိုင်ငံအသီးသီးက ထိပ်တန်းအနုပညာလက်ရာတွေနဲ့အပြိုင် ဘယ်နိုင်ငံကိုမှကျော်တက်ခွင့်မပေးဘဲလက်မှုအတတ်နယ်ပယ်အသီးသီးဆီက မတူကွဲပြားရေးပန်းစားတဲ့ ယဥ်ကျေးမှုအမွေအနှစ်အဖြစ်ကမ္ဘာတလွှား ကျော်ကြားလှပါတယ်ဆိုတဲ့ အနုပညာလက်ရာပစ္စည်းတွေနဲ့အတူ

မျိုးတူလည်းဗိုလ်မထား မျိုးမတူလည်းနေရာမဖယ်ပေးဘဲ ထိပ်ဆုံးအတန်းမှာ တသားတည်းရင်ပေါင်တန်းပြီး လက်မှုအရာနယ်ရွာအသီးသီးအတွက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံဆိုတာ ဘာလဲဆိုတာပြသပေးပြီး သွေးချင်းတို့ဂုဏ်ရောင် လင်းပထွန်းပြောင်စေအောင် အရောင်အလင်းဆောင်ခြင်းပေးပြီး ထည်ဝါခန့်ညားစွာ တောက်ပကြည်သာနေတဲ့ အေးချမ်းတဲ့ မြန်မာပြည်ရဲ့ လမင်း။

ငွေအဆင်းလိုလင်းလို့ နှစ်လိုဖွယ်ဖြစ်ခြင်းအလှတရား သေသပ်လှပတဲ့လက်ရာများ
ဘိုးဘေးသွေးချင်းတို့အရင်းအမြစ်များရဲ့စွမ်းအားနဲ့ အနှစ်သာရတရားကိုဖော်ကျူးရင်း
ကမ္ဘာကြီးအတွက် စကားများ ချန်ပေးသွားခဲ့တယ်။

"သွေးချင်းနွယ်ပွား ညီနောင်တိုင်းရင်းသားအပေါင်းအစုရဲ့ခွန်အားနဲ့ တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံဆိုတာ ငါ့အလှ ငါ့ဓန ငါ့သဘာဝက သစ္စာတရား" ပဲတဲ့။

တည်ငြိမ်ပြတ်သားတဲ့ ဓမ္မတရား၊ ကြည်သာအေးမြတဲ့ နားဝင်ပီယံစကား၊ ကေသရာဇာခြင်္သေ့မင်းလို့ ရဲမာန်အပြည့်နဲ့ဟိန်းဟောက်ပြောကြားတဲ့သီဟနာဒစကားတွေဟာ စကြာဝဠာထဲလွင့်ပျံ့ ပဲ့တင်သံအထပ်ထပ် ရိုက်ခတ်နေတဲ့ အသံလှိုင်းတွေဟာ ဒီနေ့အထိတောင် ပြတ်သားကြည်လင် ရှင်းလင်းနေဆဲ ကြားနေရဆဲ၊

ကုသမင်းရဲ့ဟစ်ကြွေးသံကြားတာနဲ့ ခုနှစ်ပြည်ထောင်မင်းတို့ သွေးပျက်ထိန့်လန့် တပ်ပျက်ကြပုံအလား၊ မိုးခြိမ်းသံလိုကြားနိုင်စေတဲ့ ဗန္ဓုလရဲ့ လေးညှို့သံလို အားမာန်ပြင်းထန်တဲ့စကား၊ လေလှိုင်းသယ်ရာနား ကြားနေရဆဲစကား၊ သွေးချင်းညီနောင်တို့ရဲ့ ​ဂုဏ်သိက္ခာအားနဲ့ အမိမြန်မာပြည်ရဲ့ ပထဝီမြေကိုအခြေပြု သစ္စာတံခွန်အလံပြုခဲ့ပုံက မြန်မာ့မြေပေါ်ကညီနောင်အပေါင်းအစု ဒီလူထုတွေ ထုဆစ်ခဲ့တဲ့ပန်းအမှုဆိုတာ

"ဟေ့... ဒီမှာ ငါ့ကို ကြည့်ရင် သိတယ်" တဲ့။

ရိုးရှင်းတယ် ၊သိမ်မွေ့တယ်၊ နက်နဲတယ်။ အရိုးဆုံးဟာ အဆန်းဆုံးဆိုတာနဲ့ သွေးချင်းတို့ရဲ့ စာရိတ္တလက္ခဏာကိုဖော်ဆောင်ရင်း တပြိုင်တည်းမှာပဲ ထိုးထွင်းညာဏ်မြင့်မားမှုနဲ့ ပညာအရာမှာကျယ်ဝန်းနက်ရှိုင်းခြင်းရှိတဲ့ တိုင်းရင်းသားညီနောင်များ စုဝေးရာနေရာဆိုတာကို ကိုယ်စားပြု ကမ္ဘာကြိုးဝိုင်းမှာ အောင်လံလုလို့ ခါးထိုးထားပြီး ပြည်မြန်မာအတွက်
ကိုယ်စားပြုတာ ငါ လို့ ခေါင်းမော့ရင်ကော့ပြီး ကမ္ဘာသူကမ္ဘာသားတွေကို မာန်ငါးပါးအောင်နိုင်ထားသူအလား ခါးထောက်ပြီးဟောခဲ့တဲ့ တရားဟာ မျိုးဆက်ပွားတွေထိ ကြားနေနိုင်ဆဲပါပဲ။

ခေါ်ရိုးစဥ်လာပျူပုတီး ရှုမငြီးစရာ ချစ်ဖွယ်ညှို့အားတွေနဲ့ သွေးချင်းအပေါင်းရဲ့ ဘိုးဘေးတို့ပညာ ခွန်အား စွမ်းပကားတွေကို ဗလငါးတန်ပြည့်ကြောင်း ထုတ်ပြထားတဲ့ မြန်မာနိုင်ငံပထဝီတလွှားက ကြေးခေတ်ပျူခေတ် ပုတီးရတနာ အနုအယဥ်ကထာကို စာစီလို့လဲမချဲ့လို မှာယူလို့လည်း ရရာနေရာ သမိုင်းအမွေထိန်းလေဖို့အရေး ဒို့ဘိုးဘေးတို့ပညာနဲ့ ဘိုးဘေးတို့လက်ရာအတိုင်း မယွင်းမတိမ်း နဂိုသမိုင်းလို ပုတီးအလှများကို ရနိုင် ယူနိုင် ဆင်ယင်နိုင်ကြလို့ ဒို့အမွေကိုဒို့ထိမ်းကြရင်း မြန်မာ့မြေကလမင်းကို အခုအားပေးမှာယူနိုင်ပြီ ဖြစ်ပါကြောင်း။

ကမ္ဘာမြေတလွှားက ထိပ်တန်းပုတီးဟန် မျိုးစုံပုံစံအသီးသီးနဲ့ မြန်မာ့မြေပေါ်က ကြေးခေတ်ပျူခေတ်ဟန်ပုတီးများကို မိမိတို့နှစ်သက်ရာဒီဇိုင်းအလိုက် အဖြူအနက်ဆေးရေးပုတီးစုံကို မည်သည့်ပုံစံမဆို ဒီဇိုင်းအပ်၍ မိမိတို့လိုသလောက် မှာယူရရှိနိုင်ပါပြီဖြစ်ကြောင်း ကမ္ဘာမြေပေါ်က လူအပေါင်းထံ မင်္ဂလာသတင်းကောင်း ပါးအပ်လိုက်ရပါကြောင်း...

မြန်မာနှင့်ကမ္ဘာနေရာစုံလင် ပုတီးချစ်ခင် မိတ်ကလျာများ
ကျမ်းမာလဒ်တိုး စိတ်အေးချမ်းသာ ငြိမ်းချမ်းကြသည် ဖြစ်ကြပါစေ။

ပုတီးမှာယူလိုပါက Htet Aaron - Beads Collection သို့
အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်ခေါ်ဆို၍ မှာယူနိုင်ပါပြီ။

Ph - 095181023

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sanchaung
Yangon