T-Square

T-Square

Share

06/10/2022

"ဗုဒ္ဓက ရိုးလွန်းပါတယ်"
***********************
ဗုဒ္ဓက ရိုးလွန်းပါတယ်...
ဝမ်းစာအတွက် မနက်တိုင်းဆွမ်းခံကြွ၊
ဆွမ်းမရတဲ့နေ့ အငတ်ခံသတဲ့။
(ပိဏ္ဍသုတ်၊ သဂါထာဝဂ္ဂသံယုတ်)
ရာသက်ပန် ဆွမ်းပဒေသာပင်
စိုက်ထူရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ဝတ်စရာသင်္ကန်း လမ်းဘေးကကောက်ယူ၊
ပံ့သကူ ချည်ကြမ်းထည်ကြီး တဲ့။
(ဝိနည်းမဟာဝါ၊ ပိုဒ်- ၄၄)
စျေးကြီး အကောင်းစား နိုင်ငံခြားဖြစ်သင်္ကန်းကို
အလှူခံဝတ်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ခရီးသွားရင်း ညခို၊ မီးဖိုဆောင်မှာ နေ
မြွေရန် ကင်းရန်တွေကြား
ကောက်ရိုးလေး ပါးပါးခင်းအိပ်သတဲ့။
(ဝိနည်းမဟာဝါ၊ပိုဒ်.. ၃၇)
ဟိုတယ် မိုတယ်ကိုရှာ၊ ​ဆိုဖာပေါ်မှေး
ဒေါ်လာပေးပြီး တည်းရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
တိတ်ဆိတ်စွာနေရတာကို
မြတ်နိုးတော်မူသတဲ့။
(သီလက္ခန်၊ ပေါဋ္ဌပါဒသုတ်)
ခုနှစ်ရက်ခုနှစ်လီ အသံမစဲ
ဘာညာရွတ်ပွဲတွေ လုပ်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ဓမ္မပူဇာအဖြစ်
ဆွမ်းတနပ်စာတောင် လက်မခံဘူးတဲ့။
(ကသိဒွါရဘာဇသုတ်၊ သဂါထာဝဂ္ဂသံယုတ်)
တရားတပွဲကို စျေးဘယ်လောက်လို့
သတ်မှတ်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ပွဲသဘင်မှန်သမျှ
ငြင်းဆန် ရှောင်ရှားသတဲ့။
(သီလက္ခန်၊ ပိုဒ်-၁၃)
မွေးနေ့ပွဲ
ဂုဏ်ပြုပွဲ
အဘထွက်ပွဲ
ပွဲတွေပွဲတွေ လုပ်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ကိန်းခန်းမြင့်တဲ့ ပစ္စည်းတွေ
အလှူမခံဘူး၊ မသုံးဘူးတဲ့။
(သီလက္ခန်၊ ပိုဒ်-၁၅)
"ကိုယ့်ဘုန်းကံရှိလို့ သုံးရတာ
ဘယ်သူ့ ဂရုစိုက်ရမလဲ?" လို့
ပြောရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
မင်းစိုးရာဇာ ဒကာဒကာမ တွေကို
ကပ်ဖားရပ်ဖား လုံးဝမလုပ်ဘူး တဲ့။
(သီလက္ခန်၊ ပိုဒ်-၂၀)
ကပ်ဖားရပ်ဖားလုပ်ပြီး
အဘိဓဇဘွဲ့၊ အဂ္ဂမဟာဘွဲ့တွေ
တောင်းရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
တောကြိုတောင်ကြား
နွားကျောင်းသား လယ်သမားထိ
တရားလိုက်ဟောရှာတယ်။
(ပထမဒါရုက္ခန္ဓောပမသုတ်၊ သဠာယတနဝဂ္ဂသံယုတ်)
စခန်းဖွင့် ရိပ်သာထောင်
နေမလောင် မိုးမခ
ဇိမ်ကျကျဟောရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ဓမ္မမြင်မှ ငါ့မြင်မှာတဲ့။
(သင်္ဃာဋိကဏ္ဏသုတ်၊ ဣတိဝုတ်)
ဓမ္မသည်သာ ကိုးကွယ်ရာတဲ့။
(ပဌမဥရုဝေဠသုတ်၊ စတုက္ကနိပါတ်)
စေတီရုပ်ပွား မှိုထက်များအောင်
ဟိုနားတည် ဒီနားတည်
ဘုရားတည်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး...

ဗုဒ္ဓက ရိုးလွန်းပါတယ်၊
ဗုဒ္ဓက ရိုးလွန်းပါတယ်၊
ဗုဒ္ဓက ရိုးကိုရိုးလွန်းပါတယ်လေ...

🙏🙏🙏🙏🙏🙏🙏🙏🙏
Ya Hann
မောင်ရဟန်း (သာသနာ့ရင်ခွင်)
🙏🙏🙏
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ

အရှင်မေဓိယ

Photos from T-Square's post 12/02/2022

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိလေးကို ချစ်စရာပုံလေးတွေနဲ့ ဆရာ ပေါ်ဦးသက် ရေးဆွဲခဲ့တာလေးကို စာရွက်အမည်းပေါ် ပြန်လည်ကူးယူ မှတ်တမ်းတင်ထားတာလေး ဝေမျှတာပါ ...

တစ်ပုံချင်းစီမှာလည်း သရုပ်ဖေါ်စာသားအတိုလေးတွေ တတ်နိုင်သမျှရှာဖွေရေးသား ဖော်ပြပေးထားပါတယ် ...

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ဝေမျှလိုက်ပြီး နှစ်သက်ရင်လည်း လွတ်လပ်စွာ share လို့ ရပါတယ် ....

17/04/2019

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာနှစ်သစ်ဖြစ်ပါစေ လို့ T-Square Page က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

နှစ်သစ်အခါသမယမှာ ဓာတ်ပုံဆုများပိုင်ရှင် ထွန်းထွန်းအေး ရိုက်ကူးထားတဲ့ ကြည်နူးစရာ ဓာတ်ပုံဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ "မေတ္တာ"ဇာတ်လမ်းကို တင်ဆက်လိုက်ပါတယ်။

မြန်မာနှစ်သစ်တိုင်းမှာ သက်ကြီးရွယ်အို ဘိုးဘွားများကို ခေါင်းလေ ျှာ်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်း စတဲ့ ကောင်းမှုများ ပြုလုပ်ပြီး ကုသိုလ်ယူကြတဲ့ဓလေ့ မြန်မာလူမျိုးတွေမှာ ရှိကြပါတယ်။

မြန်မာလူမျိုး အများစုက ဒီကုသိုလ်ကို တစ်နှစ်မှတစ်ခါ ပြုတတ်ကြပေမည့် ဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင်ထားတဲ့ ဆည်းဆာရိပ် ဂေဟာမှာတော့ ဘိုးဘွားများကို နေ့စဉ် ပြုစုစောင့်ရှောက်လျက်ရှိပါတယ်။ ေ

မတ္တာဆိုတာ မျှဝေခြင်းပါ။ မေတ္တာဆိုတာ ပြုစုစောင့်ရှောက်ခြင်းပါ။ ကရုဏာ ဟာ သနားကြင်နာတတ်ခြင်းဖြင့် ခန္ဓာဝေဒနာကို
သက်သာစေပြီး စိတ်ဝေဒနာကို လျော့ပါးစေပါတယ်။ မုဒိတာ ဟာ စာနာတတ်ခြင်းဖြင့် ရောင့်ရဲတင်းတိမ်မှု၊ ငြိမ်းချမ်းမှုတို့ပဲ ဖြစ်ပါတယ်။

T-Square Page wish you all an auspicious Myanmar Year!

On this special occasion, we share with you a very positive story named “Metta", by multi-awarded documentary maker Tun Tun Aye. Every New Year, we have a tradition in Myanmar: washing our elderly's hair and cutting their nails as a good deed.

Many people do this only once a year but at See Sar Yeik, a retirement home founded by Daw Than Myint Aung, they do it every single day.

Metta is sharing. Metta is caring. Karuna- compassion- relieves suffering and lightens sorrows. Mudita- sympathetic joy- is filled with peace and contentment

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon