Mobile Guide Journal

Mobile Guide Journal

Share

Photos from Mobile Guide Journal's post 08/06/2026

အာကာသ ဝတ်စုံ အတွင်းဒီဇိုင်းကို ပြသခဲ့တဲ့ Prada

အာကာသလုပ်ငန်း တစ်ခုဖြစ်တဲ့ Axiom Space နဲ့ နာမည်ကျော် ဖက်ရှင် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Prada တို့ ပူးပေါင်းပြီးယမန်နေ့တုန်းက နယူးယောက်မြို့မှာ ပွဲတစ်ခု ပြု လုပ်ခဲ့ပါတယ်။ အဲဒီ ပွဲမှာ အာကာသ ဝတ်စုံ ဒီဇိုင်းအကြောင်းကို ရှင်းလင်းပြောပြခဲ့ပါတယ်။ Axiom Space နဲ့ Prada တို့ ပူးပေါင်းဖန်တီးထားတဲ့ အာကာသ ဝတ်စုံဟာ ဝတ်ဆင်သူရဲ့ အပူချိန်ကို ထိန်းပေးရုံသာမက သက်သောင့်သက်သာဖြစ်အောင်လည်း ဆောင်ရွက်ပေးထားပါတယ်။ဝတ်စုံမှာ ပြွန်လေးတွေပါရှိကာ ရေအေးတွေက လှည့်ပတ်စီးဆင်းပေးနေပါမယ်။

Photos from Mobile Guide Journal's post 07/06/2026

စက်ရုပ် အက-န်ခံရတဲ့ ကလေးငယ်

တ-ရုတ် နိုင်ငံ Xinjiang က လှည့်လည်ပွဲ တစ်ခုမှာ လူတူစက်ရုပ်တစ်ရုပ်ဟာ အပြာရောင် ဆံပင်တုကို တပ်ကာ ကွန်ဖူး စကေးတွေ ပြသခဲ့ပါတယ်။ အဲဒီ မှာ ကလေးငယ်တစ်ယောက်ဟာ လူအုပ်ကြားထဲကနေ အနည်းငယ် ရှေ့ရောက်နေခဲ့ပါတယ်။ စက်ရုပ်ဟာ ကလေးရဲ့ အနားရောက်ချိန် သိုင်းကွက်ပြသရင်း ကလေး ဗိုက်ကို က-- န်မိသွားပါတယ်။ ကလေးလည်း န-- ာကျ---င်မှုဒဏ်ကို ခံစားသွားရပါတယ်။ ကံကောင်းတာက ကလေး ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပါဘူး။ စက်ရုပ်ထိန်းချုပ်သူတွေလည်း ချက်ချင်းဆိုသလို စက်ရုပ်ကို ဟန်ချက်ညီအောင် ပြန်ထိန်းခဲ့ရပါတယ်။ ခုခေတ်မှာ စက်ရုပ်တွေကိုလည်း သတိထားဖို့ လိုနေပါပြီ။

01/06/2026

ရုပ်ရှင်ရုံ အိမ်သာ ကြမ်းပြင်က TV မျက်နှာပြင်

ရုပ်ရှင်သွားကြည့်တဲ့အခါ ဇာတ်လမ်းပြနေချိန် မတတ်သာလို့ အိမ်သာခဏသွားရတဲ့အခါ ဇာတ်ကွက်အချို့ လွတ်သွားပါတယ်။ အိမ်သာကပြန်လာချိန် ဇာတ်လမ်းဘာဖြစ်သွားလဲ ဆိုတာ အပေါင်းအသင်းတွေကို မေးရတာမျိုး ရှိပါတယ်။ အဲဒီလို အနေအထားမျိုးတွေကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ဖို့ အတွက်ဆွစ်ဇာလန်နိုင်ငံက အဆင့်မြင့် ဇိမ်ခံ ရုပ်ရှင်ရုံ အချို့ကတော့ အိမ်သာကြမ်းပြင်မှာ screen တပ်ဆင်ပေးထားပါတယ်။ ဒါကြောင့် အိမ်သာထဲ ရောက်နေလည်း ဇာတ်ကွက် အချို့ကို မလွတ်ဘဲ ကြည့်ရှုနိုင်ပါမယ်။ အချို့ အိမ်သာထဲက screen တွေဟာ ရုံထဲက ဇာတ်လမ်းကို ပြပေးနေပေမယ့် အချို့ screen တွေကတော့ အချိန်အများစုမှာ ကြော်ငြာတွေကို ပြသနေတတ်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon