Myanmar Development Professionals

Myanmar Development Professionals

Share

25/05/2026

💢 ဘဝမှာ စိတ်ပင်ပန်းရတဲ့အချိန်တွေများလာတဲ့အခါ သေချာစဉ်းစားကြည့်ရင် တချို့အရာတွေကို “ထိန်းချုပ်ဖို့” ကြိုးစားနေမိတာကြောင့် ဖြစ်တတ်ပါတယ်။

ကျွန်တော်တို့မှာ မပြောင်းလဲနိုင်တဲ့အရာတွေဆိုတာ ရှိပြီးသားပါ။ ဥပမာ - ရာသီဥတုကို မပြောင်းလဲနိုင်တာ၊
တခြားလူတွေရဲ့အမြင်ကို မထိန်းချုပ်နိုင်တာ၊ ပြီးခဲ့တဲ့အတိတ်ကိုလည်း ပြန်မပြင်နိုင်တာမျိုးတွေပါ။

ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ရဲ့စိတ်ထားကိုတော့ ရွေးချယ်နိုင်တယ်။ ကိုယ့်ရဲ့ကြိုးစားမှုကိုတော့ ထိန်းချုပ်နိုင်တယ်။ ကိုယ့်ရဲ့ Focus, Goals, Boundaries နဲ့ Self-Care ကိုတော့ ကိုယ်တိုင်စီမံနိုင်တယ်။

ကျွန်တော်တို့ တော်တော်များများက “ဘာတွေဖြစ်လာမလဲ” ဆိုတာကို စိုးရိမ်နေကြချိန်မှာ တကယ်အရေးကြီးတာက “ကိုယ်ဘာလုပ်နိုင်သလဲ” ဆိုတာကို သိထားဖို့ပါ။

တကယ့် စိတ်အေးချမ်းမှုဆိုတာ အရာအားလုံး အဆင်ပြေလို့ မဟုတ်ဘူး။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို လွှတ်ချနိုင်လာတဲ့အချိန်မှာ ရလာတာပါ။

24/05/2026

People Agility သင်တန်း

၂၁ ရက် ဇူလိုင်မှာ

ဖွင့်ပါမယ်။

More Info will be soon.

22/05/2026

🍀 လုပ်ငန်းခွင်မှာ အဆင်ပြေချင်ရင် “အလုပ်လုပ်နိုင်ရုံ” နဲ့ မလုံလောက်ပါဘူး။ “စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မှု” က ပိုအရေးကြီးလာပါတယ်။

✅ Subject Expertise ဆိုတာ ကိုယ့်အလုပ်နယ်ပယ်အပေါ် နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ထားခြင်းပါ။
✅ Workplace Behavior ဆိုတာတော့ အသင်းနဲ့ပူးပေါင်းလုပ်ဆောင်ပုံ၊ ဆက်ဆံရေး၊ တာဝန်ယူမှု၊ Professionalism တို့ကို ဆိုလိုပါတယ်။

တကယ်တော့ ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ အောင်မြင်ဖို့မလုံလောက်သလို အပြုအမူကောင်းတစ်ခုတည်းနဲ့လည်း ရေရှည်တိုးတက်ဖို့ မလွယ်ပါဘူး။

လေ့လာသင်ယူနေသူတွေမှာ တွေ့ရတဲ့အချက်တွေက —
• Feedback ကို လက်ခံတတ်တယ်၊
• မသိတာကို မေးဖို့ မရှက်ဘူး၊
• အသစ်တွေကို စမ်းသပ်ဖို့ စိတ်ဝင်စားတယ်၊
• အမှားကနေ သင်ခန်းစာယူတတ်တယ်၊
• Technical Skill နဲ့ People Skill နှစ်ခုလုံးကို တိုးတက်အောင်လုပ်တယ်။

ဒါကြောင့် လုပ်ငန်းခွင်ထဲမှာတိုးတက်စေဖို့ဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်ကိုသေချာနားလည်တတ်ကျွမ်းဖို့လိုသလို အသစ်အသစ်တွေကိုလေ့လာသင်ယူတတ်ဖို့နဲ့ Workplace Behavior တွေကောင်းမွန်ဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


97, DanaTheikDi Street, 8th Block, KabaAye, Mayangone
Yangon
951

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30