Treasure - English
15/08/2019
အနိုင်လား❓❓❓
အရှုံးလား❓❓❓
လောကမှာ အနိုင်အရှုံး၊ အရှုံးအနိုင်ဆိုတာ ဒွန်တွဲနေပါတယ်။ အကယ်၍ ရှုံးနိမ့်နေရင်တောင် အနိုင်ရလဒ်ကို ရအောင် ဘယ်လိုယူမလဲ။ သင့်အပေါ်မှာပဲ မူတည်ပါတယ်။
‼သင်ဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ စစ်ဗျူ ဟာမှူးတစ်ယောက်လို့ ဆိုပါစို့။
🔥စစ်မြေပြင်က အင်္ဂလိပ်စာစစ်မြေပြင်။
🔥တိုက်ပွဲဝင်နေသူဆိုတာ အင်္ဂလိပ်စာကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လေ့လာနေသူ။
အဲ့ဒီလိုဆို ဒီတိုက်ပွဲမှာ နိုင်ဖို့ ဘာဗျူ ဟာတွေကို သုံးမလဲ?................................................................................................
➡အဖြေအမျိုးမျိုး ရှိနိုင်ပါတယ်။
တကယ်လို့ ကျွန်တော့်ကိုသာ အဲ့ဒီမေးခွန်း မေးလာခဲ့မယ်ဆိုရင် ကျွန်တော့်အဖြေက ''အခြေခံဗျူ ဟာ''ပါပဲ။ အခြေခံစကားလုံး၊ အခြေခံအသုံးအနှုန်း၊ အခြေခံဝါကျတည်ဆောက်ပုံ စသဖြင့် အခြေခံနည်းလမ်းအသွယ်သွယ်ပေါ့။
''အခြေခံဗျူ ဟာ''ဆိုတာ အရာရာတိုင်းအတွက် အရေးကြီးပါတယ်။ လုံးဝကို မရှိမဖြစ်ပါ။ ပြီးတော့ အောင်မြင်မှုရဲ့ မြစ်ဖျားခံရာလည်း ဖြစ်တယ်။
ဒါ့ကြောင့် အင်္ဂလိပ်စာစစ်မြေပြင်မှာ ဒူးထောက်အရှုံးမပေးရဖို့၊ အနိုင်ရရှိဖို့ အခြေခံဗျူ ဟာတွေထဲက အရမ်းလည်း လွယ်၊အရမ်းလည်း အသုံးတည့်တဲ့ ''စာလုံးဆက်ခြင်း''အပိုင်းကို ဖော်ပြပေးလိုက်ပါတယ်။
1⃣ And (''နှင့်'' လို့ အဓိပ္ပါယ်ရပါတယ်။)
Eg. We need books and pencils.
ငါတို့ စာအုပ်တွေနဲ့ ဘောပင်တွေ လိုအပ်တယ်။
2⃣ Or (''သို့မဟုတ်'' လို့ အဓိပ္ပါယ်ရပါတယ်။)
Eg. Do you want water or food?
မင်း ရေလိုချင်သလား။ အစားအစာ လိုချင်သလား။
3⃣ Both.....and (''နှစ်ခုလုံး''၊ ''နှစ်ယောက်လုံး''လို့ အဓိပ္ပါယ်ရပါတယ်။)
Eg. Both Mg Mg and Bo Bo are students.
မောင်မောင်ရော ဘိုဘိုရော နှစ်ယောက်လုံးက ကျောင်းသားတွေ ဖြစ်တယ်။
4⃣ As well as (''သာမက''လို့ အဓိပ္ပါယ်ရပါတယ်။)
Eg. He has money as well as fame.
သူက ပိုက်ဆံရှိရုံသာမက ဂုဏ်သတင်းပါ ကျော်စောတယ်။
5⃣ Either.....or (''တစ်ခုခု''၊ ''တစ်ယောက်ယောက်''လို့ အဓိပ္ပါယ်ရပါတယ်။)
Eg. Either Hla Hla or Mya Mya likes coffee.
လှလှနဲ့ မြမြတို့ထဲက တစ်ယောက်ကတော့ ကော်ဖီကြိုက်တယ်။
6⃣ Neither.....nor (''တစ်ခုမှမဟုတ်''၊ ''တစ်ယောက်မှမဟုတ်''လို့ အဓိပ္ပါယ်ရပါတယ်။)
Eg. U Ba is neither fat nor thin.
ဦးဘက ဝလည်း မဝဘူး။ ပိန်လည်း မပိန်ဘူး။
👏👏👏ဂုဏ်ယူပါတယ်။
ဒီအထိ ရောက်အောင် ဖတ်မိပြီဆိုရင်တော့ သင်ဟာ အင်္ဂလိပ်စာ စစ်မြေပြင်မှာ တစ်ဆင့်ချင်း အောင်မြင်လိုစိတ်ရှိတဲ့ ဗျူ ဟာမှူးတစ်ယောက်ဆိုတာ သေချာနေပါပြီ။ တစ်ဆင့်ချင်း အောင်မြင်ဖို့ တစ်ပိုင်းချင်းစီ လေ့လာရင်း အင်္ဂလိပ်စာစစ်မြေပြင်မှာ အနိုင်ရလဒ်ကို နေ့တိုင်း သိမ်းပိုက်ကြရအောင်။
တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့မလဲပေါ့ဗျာ။
ဒီပို့စ်လေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင်
သင့်သူငယ်ချင်းတွေလည်း အကျိုးရှိအောင်
👉''Share''👈ပေးဖို့ မမေ့ပါနဲ့နော်။
😍😍😍ချစ်ခင်ရသူတွေကို ကောင်းမွန်တဲ့အရာတွေ မျှဝေကောင်းပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11031
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |