Smart Power Myanmar

Smart Power Myanmar

Share

18/06/2025

စွမ်းအင်ကုန်ကျစရိတ်များခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသောမီးခိုးများနှင့် အသံဆူညံခြင်းများကြောင့် 333 PP Woven Bag ကုမ္ပဏီသည်မိမိတို့၏ထုတ်ကုန်ဖြစ်သော စိုက်ပျိုးရေးသုံးပီနံအိတ်များကို နေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။

ယခုအခါတွင် စက်ရုံသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁,၇၀၀ မှ ၂,၀၀၀ အထိ ကုန်ကျစရိတ်သက်သာ လျက်ရှိပါသည်။ ဤလုပ်ငန်းအကြောင်းကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

နေရောင်ခြည်စွမ်းအင်သုံးစနစ် သို့ ပြောင်းလဲအသုံးပြုခြင်းဖြင့်…
⚡️ စွမ်းအင်ကုန်ကျစရိတ်ကို ၅၄% လျှော့ချနိုင်ခဲ့သည်။
🏦၃ နှစ်ခွဲအတွင်း ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရရှိမည်။
🌍နှစ် ၂၀ အတွင်း ကာဗွန် Xတန် ထုတ်လွှတ်မှုကို ရှောင်ရှားနိုင်မည်။

ဤစီမံကိန်းကို စမတ်ပါဝါမြန်မာ၏ နည်းပညာဆိုင်ရာပံ့ပိုးမှုနှင့် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ RBF အစီအစဉ်မှ ထောက်ပံ့ငွေတို့ဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ မြန်မာ နိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် RBF ၏ စဉ်ဆက်မပြတ်ကြိုးပမ်းမှုအတွက်လည်း ကျေးဇူးတင်ရှိပါသည်။

Tired of high energy costs, dirty exhaust, and noise pollution, 333 PP Woven Bag Co. began weaving its agri-bags with . Now, the factory is saving $1,700–$2,000 per month. Watch the story below.

By switching to solar, it…
⚡️ Reduced energy costs by 54%
🏦 Will make back its investment in less than 3.5 years
🌍 Will avert X tons of carbon emissions over 20 years.

This project was made possible by combining SPM’s technical support with a grant from the Ministry of Foreign Affairs of Denmark's RBF program.

Thank you, RBF, for your continued dedication to ’s SMEs.

05/06/2025

Shan Orchard သည် ဟဲဟိုးမြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ထောပတ်သီးဆီထုတ်လုပ်သည့် လုပ်ငန်း အဖြစ် လည်ပတ်လျက်ရှိပါသည်။ ဤလုပ်ငန်း၏ အကြီးမားဆုံး စိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အား မရရှိခြင်းပြဿနာ ဖြစ်ပါသည်။ အနီးဆုံး လျှပ်စစ်မီးတိုင်သည် တစ်မိုင်အကွာတွင် ရှိသဖြင့် လက်ရှိတွင် စျေးကြီးသည့် ဒီဇယ်အင်ဂျင်များဖြင့် လုပ်ဆောင်နေရခြင်း ကြောင့် လည်ပတ်စရိတ် အလွန်မြင့်မားလျက်ရှိသည်။

ဤအခြေအနေတွင် Solar စနစ်သို့ ပြောင်းလဲခြင်းသည် အသင့်တော်ဆုံး အဖြေဖြစ်သော်လည်း၊ Solar စနစ်တပ်ဆင်ရန် လုံလောက်သော ငွေကြေးအရင်းအနှီး မရှိခြင်း၊ မြန်မာနိုင်ငံရှိ ဘဏ်များကလည်း Solarစီမံကိန်းများအတွက် ချေးငွေထုတ်ပေးရန် အတွေ့အကြုံနည်းပါးနေခြင်း တို့က အဟန့်အတား ဖြစ်နေခဲ့ပါသည်။

ဤပြဿနာကို Smart Power Myanmar က အခက်အခဲမရှိ ဖြေရှင်းပေးနိုင်ခဲ့ပါသည်။
•နည်းပညာပိုင်းဆိုင်ရာ အကူအညီများ
•ချေးငွေအာမခံ
တို့ဖြင့် Shan Orchard ၏Solarစီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

ယခုဆိုလျှင် Solarစနစ်၏ အကူအညီဖြင့် ထောပတ်သီးစိုက်ပျိုးသည့် တောင်သူ ၂၅၀ ခန့်သည် ယခင်က အပယ်သီးများအဖြစ် စွန့်ပစ်ခဲ့ရသည့် ထောပတ်သီးများကို ဝင်ငွေရရှိသည့် ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်ခဲ့ကြပါပြီ။

Shan Orchard is the first Myanmar avocado oil producer in Heho. Their biggest challenge is that there is no grid power available here. The closest pole is one mile away from there. They are operating on diesel fuel, powered generator and that has been costly.

But they didn't have enough in working capital to finance solar project. Myanmar banks are unfamiliar with solar finance.

Smart Power Myanmar bridges the gap. With Smart Power Myanmar's technical expertise and cash guarantee on their solar project.

Now, Through solar, 250 avocado farmers are converting their "garbage" rejected fruit into cash.

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


12th Floor, Myanmar Plaza Office Tower #2, 192 Kabar Aye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00