Melody Buddy

Melody Buddy

Share

Photos from Melody Buddy's post 14/05/2026

Orange 🍊🍊🍊 လေးနှစ်လုံးဦးထားပေးတယ်နော်
ဈေးကတော့ ဒီမှာရောင်းတဲ့ဈေးကိုကမြန်မာမှာရောင်းတဲ့ဈေးထက်များတာရယ် သယ်ခပို့ခတွေနဲ့ ရယ်ဆိုတော့ ဈေးများပါတယ်ဗျ။
ဒါပေမယ့် Limited Quantity Orange လေးမို့ တန်တယ်လို့သဘောထားရင်လဲ တန်ပါတယ်ဗျ
မြန်မာအရောက်ဈေး - 850,000 ကို လက်ခံနိုင်ရင်တော့ စရံ 100,000 နဲ့ Reserve လုပ်ထားလို့ရပါပြီဗျ

12/05/2026

အံဝင်ခွင်ကျဖြစ်ဖို့က အဓိကပဲလေ... 😉

အရွယ်အစား အကြီးအသေးမရွေး စိတ်ကြိုက်ရွေးလို့ရသလို၊ တပ်စွပ်လိုက်ရင်လည်း တစ်သားတည်းဖြစ်နေမှ အကာအကွယ်ပေးတာ ပိုထိရောက်မှာပါ။

မတော်တဆ ဖြစ်သွားမှ 'ဟာ... သွားပြီ' ဆိုပြီး နောင်တရနေလို့ မထူးတော့ဘူးလေ။

ကျွန်တော်တို့ Melody Buddy ကနေ အသစ်ချပြမယ့် အကာအကွယ်ပစ္စည်းအစွပ်က ဘာဖြစ်မလဲ?
အစွပ်လေးရဲ့ နာမည်က S နဲ့စပြီး E နဲ့ဆုံးတယ်... (တခြားဟာ မတွေးကြနဲ့ဦးနော်) 😂

Comment မှာ ထင်တာလေးတွေရေးပေးခဲ့အုံးနော်

11/05/2026

Social Media ဆိုတာ လူတိုင်း လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ နေရာတစ်ခုဖြစ်ပေမယ့် အဲဒီလွတ်လပ်မှုရဲ့ နောက်ကွယ်မှာ အခြေခံရှိရမယ့်အရာကတော့ Social Media Ethics ပဲ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုရဲ့ Page Comment Section ဆိုတာ အဲဒီလုပ်ငန်းရဲ့ သီးသန့်နေရာ (Private Space) ဖြစ်ပါတယ်။ Public Group တွေမှာ မဟုတ်ဘဲ အခြားလုပ်ငန်းတစ်ခုရဲ့ Page Comment Section ထဲအထိ အခွင့်ကောင်းယူပြီး ဈေးဝင်ရောင်းတာ လုပ်တာမျိုးဟာ Professional မပီသရုံတင်မကဘဲ အခြေခံကျင့်ဝတ် Business Ethics ကိုပါ ချိုးဖောက်တာဖြစ်ပါတယ်။

စီးပွားရေးလောကမှာ လုပ်ကိုင်နေကြသူတိုင်းဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့အတူ ကိုယ်စားပြုရာ အဖွဲ့အစည်းရဲ့ ပုံရိပ်ကိုပါ သယ်ဆောင်ထားကြသူတွေ ဖြစ်ပါတယ်။

တကယ်လို့ မိမိရဲ့ ဝန်ဆောင်မှုအပေါ် ယုံကြည်မှုရှိတယ်ဆိုရင် Business Page တစ်ခုရဲ့ comment section မှာ လာပြီး comment ပေးနေမယ့်အစား မိမိရဲ့ Private Chat Box ကနေတစ်ဆင့် အဆင့်အတန်းရှိရှိ သွားရောက်ပြောဆိုရှင်းပြနိုင်ရမှာမဟုတ်လား? အခုလို ပြုမူတာဟာ မိမိကိုယ်တိုင်ရဲ့ အဆင့်အတန်းနဲ့ မိမိကိုယ်စားပြုတဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကိုပါ လူအများရှေ့မှာ ကိုယ်တိုင် ဖျက်ဆီးနေသလိုပါပဲ။

ကျွန်တော်တို့ Melody Buddy ဟာ စတင်ပျိုးထောင်ကာစ လုပ်ငန်းအသေးလေးတစ်ခု ဖြစ်ပေမယ့် ကျွန်တော်တို့ အလေးအနက်ဆုံး ထားရှိတဲ့အရာကတော့ Business Ethics, Social Media Ethics ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက်ကတော့ ကျွန်တော်တို့ကို ယုံကြည်တဲ့ Customer တွေကို ယုံကြည်မှုအပြည့်နဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ကျင့်ဝတ်နဲ့အညီ သန့်ရှင်းစွာ ယှဉ်ပြိုင်တဲ့ မည်သူ တစ်ဦးတစ်ယောက်ကိုမဆို ကျွန်တော်တို့ အမြဲတမ်း လေးစားလျက်ရှိပါတယ်။

Photos from Melody Buddy's post 10/05/2026

Soundcore Space series ရဲ့ Next Gen Space 2 က Global မှာ ပြီးခဲ့တဲ့လကတည်းက Launch လုပ်ထားတာ admin တို့ ထိုင်းမှာက ဘယ်ဆီဘယ်ဝယ်မှန်း မသိသေးရသေးပါလား
Global မှာတော့ $130 ဆိုတော့ exchange Rate 4500 ‌ခန့်မှန်းနှုန်းနဲ့ဆို 585,000 သယ်ခပို့‌တွေနဲ့ဆို 🤔

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00