Y-Net Computer & Network Services

Y-Net Computer & Network Services

Share

Photos from Y-Net Computer & Network Services's post 28/06/2022

How to Fix Outlook 2013 & 2016 Cannot Connect to Exchange Online Office365

ဒါကတော့ အားလုံးတော်တော်များများ သိကြမှာပါ။ Microsoft Outlook သုံးနေစဉ်မှာပဲဖြစ်ဖြစ် ကိုယ်ကနေ office 365 mail ကို outlook မှာ ထည့်တဲ့အခါမှာပဲ ဖြစ်ဖြစ်

“ Outlook requires update before it can start. Click Learn more for updates instructions.
Current Version : 15.0.4569.1503
Required Version : 15.0.4971.1000 “

ဆိုပြီး ပြတဲ့ error ကို တွေ့ရပါမယ်။ အဲ့တာဆိုရင် ကျွန်တော်တို့ဟာ outlook ကို ဆက်သုံးလို့ရအောင် သူပြောတဲ့ ‌ဗားရှင်းကို update လုပ်ပေးရပါမယ်။

ဒါကလဲ Microsoft blogs မှာ ကြိုပြီးတော့ ကြေငြာခဲ့ပါသေးတယ်။ office version အဟောင်းတွေကို customer တွေအတွက် support လုပ်တာကို ရပ်တော့မယ် ဆိုတာကိုပါ။ ဆိုတော့ ကျွန်တော်တို့ version အဟောင် သမားတွေကတော့ Microsoft ရဲ့ သတ်မှတ်ထားတဲ့ Versions တွေကို ပြောင်းဖို့လိုအပ်လာပါတယ်။ သတ်မှတ်ထားတဲ့ update version (office)တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Office 2013 - 15.0.4971.1000 and newer
Office 2016 - 16.0.46000.1000 and newer
O365 Apps - 1706 and newer

**Update Outlook 2013 & 2016 to the latest Fixes

ပထမဆုံး အခု ပေးထားတဲ့ လင့်ကနေ သက်ဆိုင်ရာ update version တွေကို ‌ဒေါင်းပါ။
For Outlook 2013
Update for Outlook 32 bit : https://www.microsoft.com/en-us/download/details.aspx?id=56057
Update for Outlook 64 bit : https://www.microsoft.com/en-us/download/details.aspx?id=56055

For Outlook 2016
Update for Outlook 32 bit https://www.microsoft.com/en-us/download/details.aspx?id=56166
Update for Outlook 64 bit : https://www.microsoft.com/en-us/download/details.aspx?id=56161

ပြီးရင် download file ကို install လုပ်ပါ။ Restart ချပေးပါ။
Outlook ကို ဖွင့်ပြီးတော့ Version ကို တစ်ချက်စစ်ပေးပါ။ သက်ဆိုင်ရာ စက်အလိုက် တင်ထားသော Office များဟာ လိုအပ်တဲ့ ဗားရှင်းဖြစ်နေပြီဆိုရင်တော့ ဆက်လက် ပြီး ပုံမှန် သုံးလို့ရပါပြီ။

18/10/2021

သိတဲ့သူလဲရှိပေမဲ့ window registry ကို backup and restore လုပ်ပုံလေးပါဗျ။

Photos from Y-Net Computer & Network Services's post 15/10/2021

မဂ်လာပါခင်ဗျာ။
အရင်နေ့က အဆက် ဖြစ်တဲ့ Windows Registryရဲ့ ကျန်ရှိနေသေးတဲ့ အကြောင်းလေးတွေ ဆက်ကြရအောင်ဗျာ။

𝐂𝐫𝐞𝐚𝐭𝐢𝐧𝐠 𝐍𝐞𝐰 𝐊𝐞𝐲𝐬 𝐚𝐧𝐝 𝐕𝐚𝐥𝐮𝐞𝐬

ကျွန်တော်တို့ Windows Registry Editor ကိုဝင်လိုက်ရင် ဘယ်ဘက်မှာရှိတဲ့ Tree View ပုံစံရှိတဲ့ အရင် တခေါက် ရှင်းပြထားတဲ့ Keysတွေ ရှိပါတယ်။ HKCR/HKCU/HCLM/HKU/…..ဆိုတဲ့ foldersတွေကို ဖြန့်လိုက်တဲ့အခါမှာ သက်ဆိုင်ရာ နောက်ထပ် sub-keyလေးတွေရှိပါတယ်။ အဲ့သက်ဆိုင်ရာ sub-keyတွေအပေါ်မှာ ညာကလစ်နှိပ်လိုက်ရင် လုပ်လို့ရတဲ့ options တွေအများကြီးပေါ်လာပါတယ်။အဲ့ဒီထဲကမှ နည်းနည်းလေး ရှင်းပြချင်ပါတယ်။

𝐒𝐭𝐫𝐢𝐧𝐠 𝐕𝐚𝐥𝐮𝐞 (𝐑𝐄𝐆_𝐒𝐙) - ကိုယ်ဖန်းတီးချင်တဲ့ တန်ဖိုးတစ်ခုရှိလာတဲ့အခါ human readable ဖြစ်အောင် ကျန်တဲ့string value တွေကို မထိခိုက်စေပဲ ပြုလုပ်လို့ရပါတယ်။

𝐁𝐢𝐧𝐚𝐫𝐲 𝐕𝐚𝐥𝐮𝐞 (𝐑𝐄𝐆_𝐁𝐈𝐍𝐀𝐑𝐘) - ဒါကတော့ရှင်းပါတယ်။ အထဲမှာ binary valueတွေပဲ ပါရှိပီးတော့ မည်သူမှလဲ create,modify သိပ်မလုပ်ကြပါ။

𝐃𝐖𝐎𝐑𝐃_𝟑𝟐𝐛𝐢𝐭(𝐑𝐄𝐆_𝐃𝐖𝐎𝐑𝐃)- ဘာအတွက်သုံးလဲ ဆိုရင်တော့ binary integerဖြစ်တဲ့ 0,1 ကို အသုံးပြုပီး keyတခုကို enable /disableလုပ်တဲ့အခါမှာလဲသုံးပါတယ်။

𝐄𝐱𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐲 𝐅𝐢𝐥𝐞𝐬

Window Registry Editor မှာ ရှိတဲ့ key,values နဲ့ သူတို့အောက်မှာရှိတဲ့အားလုံးကို backupလုပ်ထားလို့ရပါတယ်။ထိုသို့ပြုလုပ်ခြင်းက systemကို အပြောင်းအလဲလုပ်ချင်တဲ့အခါမျိုးမှာအရမ်းအရေးကြီးပါတယ်။ကိုယ်က ဘာbackupမှ လုပ်မထားဘဲ registry editorမှာ သွားပီး key တခုခု value တခုခုကို ပြင်လိုက်ပီး မှားသွားမယ်ဆိုရင် error တက်တတ်ပါတယ်။အဲ့အခါ backup reg file မရှိရင်တော့ဂွမ်းတာပေါ့။

Backup လုပ်နည်းက လွယ်ပါတယ်။ Windows Registryထဲဝင် ၊File ကိုထောက်ပီး Exportဆိုတာလေးနှိပ်လိုက်ယုံပါပဲ။ပီးရင် file ext ကို .reg နဲ့ သိမ်းပေးပါ။ တစ်ခုခုဖြစ်ရင် အဲ့Backup ကို right-click> merge ဆိုပိး လုပ်လိုက်ရသလို registry editor ကနေ file >import>browse file ဆိုလည်း ရပါတယ်။ဒါပါပဲ။

𝐖𝐡𝐞𝐫𝐞 𝐚𝐫𝐞 𝐭𝐡𝐞𝐬𝐞 𝐫𝐞𝐠𝐢𝐬𝐭𝐫𝐲 𝐟𝐢𝐥𝐞 𝐬𝐭𝐨𝐫𝐞𝐝?

Reg file တွေကို Windows\System32\Config ဆိုတဲ့ ဖိုဒါ ထဲမှာ တွေ့နိုင်ပါတယ်။
အဲ့ဒီ ဖိုဒါထဲမှာ Sam,security,software,system files ဆိုပီးရှိပါတယ်။ အဲ့ကောင်တွေဟာwindows reg မှာရှိတဲ့ HKLM folder အောက်မှာရှိပါတယ်။HKCU folderကတော့hidden user folderဖြစ်တဲ့ NTUSER.DAT ဆိုတဲ့ဖိုဒါ ထဲမှာရှိပါတယ်။

registry နဲ့ ပတ်သတ်လို့ ဒီလောက်ပါပဲဗျ။ မိမိဘာသာဆက်လက်လေ့လာပီးနောက်ပိုင်းမှာ အသုံးချနိုင်ပါစေဗျာ။
ကောင်းသောနေ့ရက်လေးဖြစ်ပါစေဗျ။

13/10/2021

Registry Editor တာဆိုတာ ဘာလဲ၊ဘယ်လိုအသုံးဝင်တာလဲဆိုတာ သိသလောက်လေး
မျှဝေချင်ပါတယ်ဗျ။

𝐖𝐡𝐚𝐭 𝐢𝐬 𝐭𝐡𝐞 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐲 𝐄𝐝𝐢𝐭𝐨𝐫?

Windows Registry Editor(regedit) ဆိုတာကတော့ Windows Operating System(OS) မှာပါရှိတဲ့ graphical tool တစ်ခုဖြစ်ပီးတော့ computer တစ်ခုလုံးရဲ့ configuration တွေ setting တွေ စုစည်းထားတဲ့ hierarchical database တစ်ု ဖြစ်ပါတယ်။

Registry Editor မှာ သတိထားရမဲ့ အခြေခံ သဘောတရား နှစ်ခုရှိပါတယ်။ အဲ့တာကတော့ Keys and Values ဖြစ်ပါတယ်။ အလွယ်မှတ်ရင် Keys ကတော့ Folder ပုံစံ ဖြစ်ပီး Value ကတော့ File နှင့်တူပါတယ်။ဆိုတော့ Folder အောက်မှာ Files ရှိသလို Registry မှာ Key > Values အဲ့လို လာပါတယ်။

သာမာန် ကွန်ပျူတာ အသုံးပြုတွေအတွက်တော့မလိုအပ်ပေမဲ့လည်း ကလိတာစိတ်ဝင်စားတဲ့သူ၊ ကွန်ပျူတာနဲ့ပတ်သတ်ပီး နေ့စဉ် လုပ်နေရတဲ့ သူများအတွက် တစ်ချိန်ချိန်မှာ error တစ်ခု ခု တက်ပီး Registry တွင် မဖြစ်မနေ ဝင်ရောက်ဖြေရှင်းရမည် ဆိုပါက အောက်မှာ ‌ပြထားတဲ့ Key တွေရဲ့ သဘောတရားကို အနည်းငယ် နားလည် ထားစေချင်ပါသည်။ထိုမှသာ လုပ်ရကိုင်ရတာ ပို၍ လွယ်ကူလာပါလိမ့်မည်။

Registry Editor ကို ပထမဆုံး ဝင်တဲ့အခါ Tree view ပုံစံ မြင်ရမှာဖြစ်ပီး အဲ့ဒီ ထဲမှာ ကွန်ပျူတာတစ်ခုလုံးရဲ့ ရှိသမျှ Keyတွေ နဲ့ Value တွေနဲ့ ဖွဲ့စည်းပါတယ်။

၎င်းတို့ကတော့

1. HKEY_CLASSES_ROOT
2. HKEY_CURRENT_USERS
3. HKEY_LOCAL_MACHINE
4. HKEY_USERS
5. HKEY_CURRENT_CONFIG တို့ပဲ ဖြစ်ကြပါတယ်။

𝐇𝐊𝐄𝐘_𝐂𝐋𝐀𝐒𝐒𝐄𝐒_𝐑𝐎𝐎𝐓

သူကတော့ ဘာလုပ်လဲဆိုရင် Windows File type တွေအတွက် ဖွဲ့စည်းထားတဲ့နေရာပဲဖြစ်ပါတယ်။အဲ့မှာ ဝင်ကြည့်လိုက်ရင် file type တွေကို အများဆုံးတွေ့ရမှာပီး လိုအပ်သလိုပြုပြင်မှုလည်း လုပ်လို့ရပါသေးတယ်။ ပြီးတော့ အဲ့ကောင်က HKLM\Software\Classes ဆိုတဲ့ Value နဲ့သွားပီး link ချိတ်ထားပါတယ်။ ကျွန်တော်ကတော့ အသုံးပြုမှုနည်းပါတယ်။

𝐇𝐊𝐄𝐘_𝐂𝐔𝐑𝐑𝐄𝐍𝐓_𝐔𝐒𝐄𝐑𝐒

ဒီ setting ကတော့ လက်ရှိ မိမိ ကွန်ပျူတာမှာ login ဝင်ထားတဲ့ User တွေရဲ့ login database ကို မှတ်ထားပါတယ်။ သူလဲ HKEY_USERS နဲ့ ချိတ်ဆက်ထားပါတယ်။ မိမိစက်မှာ အင်စတောလုပ်ထားသော softwareတွေရဲ့ user setting တွေ အပြောင်းအလဲလုပ်တဲ့နေရာဖြစ်ပါတယ်။ အသုံးများတဲ့ Sub Key ကတော့ HKCU\Software\....... ပဲဖြစ်ပါတယ်။

𝐇𝐊𝐄𝐘_𝐋𝐎𝐂𝐀𝐋_𝐌𝐀𝐂𝐇𝐈𝐍𝐄

ဒီ keyဟာ အသုံးများဆုံး တစ်ခုထဲမှာပါပါတယ်။ စက်တခုလုံးရဲ့ များပြားလှတတဲ့ setting တွေကို ဒီနေရာမှာ သိမ်းထားပါတယ်။အသုံးများတဲ့ နေရာကတော့ HKLM\Softwareပဲဖြစ်ပါတယ်။

𝐇𝐊𝐄𝐘_𝐔𝐒𝐄𝐑𝐒

ဒီနေရာမှာတော့ SYSTEMမှာရှိတဲ့ USER အားလုံးရဲ့ setting တွေကို သိမ်းဆည်းထားပီး HKCU နဲ့လည်း ချိတ်ဆက်ထားပါတယ်။သူလဲ အသုံးပြုမှုနည်းပါသည်။

𝐇𝐊𝐄𝐘_𝐂𝐔𝐑𝐑𝐄𝐍𝐓_𝐂𝐎𝐍𝐅𝐈𝐆

သူကတော့ လက်ရှိ မိမိစက်ရဲ့ hardware configuration တွေနှင့်သက်ဆိုင်တဲ့ information တွေကို သိမ်းဆည်းထားတဲ့နေရာဖြစ်ပီး အသုံးပြုခြင်းအလွန်ကိုမှ နည်းပါးပါတယ်။ HKLM\System\Currentcontrlset\Hardware\Profile\current ဆိုတဲ့ sub-keyနဲ့ ချိတ်ဆက်ထားပါတယ်။

ဟုတ်ကဲ့ပါ ...ဒါကတော့ Windows Registry Editorအကြောင်းကို မိမိသိသလောက် မျှဝေတာဖြစ်တဲ့အတွက်ကြောင့် မှားနေခဲ့တာရှိရင်လည်း ထောက်ပြပေးပါဗျ။
နောက်နေ့တွေမှာ Registry မှာ Keys တွေ Valuesတွေ ကို ဘယ်လို create လုပ်လို့ရလဲဆိုတာရယ် ၊ Reg fileတွေကို backup and restore လုပ်ပုံလုပ်နည်း စတာတွေကို ဆက်လက်ရေးသားပါ့မယ်ဗျာ။

04/10/2021

ကွန်ပျူတာအရှေ့မှာ မှန်ကန်တဲ့ ထိုင်နည်းပုံစံ
_______________________________
- အထူးကုဆရာဝန်ကြီးများ၊ အထွေထွေဆရာဝန်များနှင့် အွန်လိုင်းမှတိုင်ပင်ဆွေးနွေးရန်
- ကျန်းမာရေးဆိုင်ရာဆောင်းပါးများနှင့် ဆေးပညာဗဟုသုတများဖတ်ရှုလေ့လာနိုင်ရန် အပ်ပလီကေးရှင်း ဒေါင်းလုပ် လုပ်ပြီး ရယူလိုက်ပါ

App Download Link - https://onelink.to/ondoctor

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11011

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00