Phoe Pyae Shun

Phoe Pyae Shun

Share

01/07/2020

ဝင်ငွေကောင်းသော digital ကြော်ညာဖန်တီးနိုင်သူ ဖြစ်ဖို့ လေ့လာရမည့်ဆိုဒ်များ

ဆင်းရဲမွဲတွေမှု ငွေမရှိမှုမှာ ဂုဏ်ယူစရာ တစ်ခုမှမရှိဘူး !!!!!
ပေးရမဲ့ အသုံးစရိတ်တွေအတွက် ငွေမရှိဘူးဖြစ်နေလား။
ဒါဆိုရင် ပေးထားတဲ့လင့်တွေမှာ သွားပြီးတော့ အစွမ်းကုန် လေ့လာပါ။
သင့်ရဲ့ ဘ၀လက်တွဲဖော်က သင့်ကို စောက်သုံးမကျတဲ့လူတစ်ယောက်လို့ထင်လား။
ဒီလိုဆိုရင် ပေးထားတဲ့လင့်တွေ့မှာ သွားပြီးတော့ အစွမ်းကုန်လေ့လာ။
သင့်ဘ၀ပြဿနာတွေကို ဝင်ငွေကောင်းတဲ့ digital ကြော်ညာဖန်တီးသူ တစ်ယောက်အနေနဲ့ ရင်ဆိုင်ဖြေရှင်းစေချင်တယ်။

Content Marketing ဆိုတာကို ပထမဆုံးတီထွင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါသည်
https://contentmarketinginstitute.com/

Headliens တွေဘယ်လိုရေးရမလဲဆိုတာသင်ပေးသည်။
https://copyblogger.com/blog/

Copywriting တွင် အရမ်းကောင်းသော သူတစ်ယောက်ဖြစ်ပါသည်
https://socialtriggers.com/blog/

Hubspot သည် အရမ်းကောင်းသော ဆိုဒ်ဖြစ်ပါသည်
https://academy.hubspot.com/courses/content-marketing

Google ကနေဖန်တီးထားခြင်း
https://learndigital.withgoogle.com/digitalgarage/course/digital-marketing

Blog တစ်ပုဒ်ကို ပီပီပြင်ပြင်ရေးနည်း သင်ပေးသူ
https://neilpatel.com/

Hubspot ရဲ့ ဘလော့
https://blog.hubspot.com/marketing/social-media-marketing-resources

Marketing insight ကုမ္ပဏီ buzzsumo ရဲ့ဘလော့
https://buzzsumo.com/blog/

Social Media Examiner
https://www.socialmediaexaminer.com/

06/03/2020

စိုင်းစိုင်း (သို့မဟုတ်) မားကက်တင်း ဆရာတစ်ဆူ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ခေါင်းစဉ်ကတော့ နည်းနည်းကြီးတယ် … ကြီးရလောက်အောင်လည်း ဦးစိုင်းက မားကက်တင်းမှာ တကယ်ကြမ်းတာကိုး .. မသိဘူး .. ကိုယ်လည်း ကိုယ်မြင်တာ ပြောကြည့်တာပါ ….
ကိုယ့်ရဲ့ Product တစ်ခု ကို ရောင်းတော့မယ်ဆိုရင် ဘယ်သူ့ကို ရောင်းရမလဲ ဆိုတဲ့ Buyer Persona ကို တည်ဆောက်ရတယ် … အဲလို တည်ဆောက်တဲ့အခါ Customer ကို ကြည့်ပြီး ထုတ်တဲ့ Product ရှိသလို Product ကို ကြည့်ပြီးတော့ Customer တွေကို သတ်မှတ်တာ ရှိတယ် …

စိုင်းစိုင်းက တော့ Customer ကို ကြည့်ပြီး Product ကို ထုတ်တယ်လို့ မြင်တယ် …
ရှေ့ရှေ့က လူတိုင်း ပြောခဲ့ကြပြီဖြစ်တဲ့ SAI နှုတ်ခမ်းနီထုတ်တာ … Birthday Show လုပ်ပြီး PR Marketing လုပ်တာ … Gfatt, Bunny, Snare တို့တွေနဲ့ တွဲပြီးတော့ Alliance Marketing လုပ်တာတွေ ကို မပြောတော့ပါဘူး …

အခုပြောချင်တာက #ပိတောက်ကတဲ့ဂီတ
ပိတောက်ကတဲ့ဂီတ ဟာ Music Movie ဂီတကို အခြေခံတဲ့ကားလို့ ပြောပေမယ့် Romantic Drama ခေတ်စကားနဲ့ ပြောရင် စွန်းရိုတဲ့ ဇတ်ကား၊ ဇာတ်ကားထဲက သရုပ်ဆောင်ကလည်း စိုင်းစိုင်းရဲ့ အပြင်က Character ကိုပဲ ရိုက်ထားတာ … ဒါဆိုရင် ဒီ product က သူရဲ့ ပရိတ်သတ် မိန်းကလေးတွေ သေချာပေါက်ကြိုက်မယ့် ရိုကား ကို ရိုက်ထားတာ၊ မိန်းကလေးတွေ ဦးတည်လိုက်တဲ့အတွက် သေချာတဲ့ သူ့ပရိတ်သတ် မိန်းကလေးတွေ ကြည့်မယ် .. ဒါ့အပြင် ရိုတဲ့ကားဖြစ်လို့ RS တွေမှာလည်း မိန်းကလေး က ကြည့်ချင်တော့ ယောင်္ကျားလေးတွေက စိုင်းစိုင်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူ့ကောင်မလေး ကြည့်ချင်တော့ ပို့ရမှာပဲ … Single မိန်းကလေးတွေကလည်း ပိုးမမှီသာ နေရာမှာ သူတို့ ဝင်ပြီး ခံစားဖို့ ကြည့်ချမှာပဲ .. ကြွေပြီလေ ဘဲကြီးရယ် .. ငါ့ကို အဲလိုလာရိုရင် သေပျော်ပြီ ဘာညာတွေ လာမှာလေ …

အဲဒါနဲ့ မပြီးသေးဘူးနော် Marketing 4.0 ရဲ့ the Ozone 3 ကို သုံးတယ်
OWN ျဖစ္တဲ့
Website
Face book Page and Apps that fits the business
Instagram page
Indoor Ads
Instagram Photo Frame (studio)
You Tube Channel
Online Community page

အဲဒါတွေ အကုန်လုပ်မှာ သေချာတယ် (တစ်ချို့ဟာတွေက လုပ်နေပြီ)

OTHER ျဖစ္တဲ့
Facebook Ads (သူက boost ဖို့တောင်မလိုသလောက်ပဲ ဒါပေမယ့် boost မယ်ထင်ပါတယ်)
Display Search or Google Ads နဲ့ Search Engine Optimization ကတော့ မသိသေးဘူး
Affiliate Marketing (ဒီနည်းကိုလည်း indirect နည်းနဲ့ သုံးတယ်)
Paid Bloggers / Paid Press Release ( Review တွေ လှိုင်လှိုင်မြင်လာပါလိမ့်မယ် Paid ဟုတ်/ မဟုတ် မသိပေမယ့် ခုကို ကျွန်တော် ဖတ်မိသလောက် ဆရာမ လမင်းမိုမို၊ ဆရာရဲမြတ်သူတို့တွေ )
Survey Content လည်း မကြာခင် တစ်ပတ်လောက် ပြပြီးရင် လာမယ် ထင်တယ်

OUTER ျဖစ္တဲ့
Blog Posts
Positive Online Reviews (ဒါကို ဒီနေ့ပဲ မကောင်းရင် သူ့ကို ပြောပါ ကောင်းရင် Facebook ပေါ်တင်ပါ #ပိတောက်အသင်း hash tag နဲ့ တင်ဖို့ ပြောထားပါတယ်)
Shares, Likes, Status message on Facebook
Likes and comments on Instagram,
Positive Mentions
Youtube (vblogs)

တွေကို သုံးတယ်

ဒါတင်ပြီးပြီလား … ဆိုတော့ မပြီးသေးဘူး Marketing 4.0 ရဲ့ F factors တွေ ဖြစ်တဲ့
Family, Friends, Facebook Fans, Followers, IG Followers တွေကို သုံးပါဦးမယ်

ဟိုရက္က
စိုင်း နှင့် ပိုး ကို တွေ့အောင်ရှာပါ 🔎🔎🔎
အဂ္ဂါစိုင်းနှင့် ပိုးမဒီ တို့ နှစ်ယောက်ကို
(၂၉ လမ်း - အထက်ဘလောက်)
📍 နောက်ဖေးလမ်းကြားဥယျာဉ်📍
ပန်းဘဲတန်းမြို့နယ်, ရန်ကုန် မှာ
တွေ့အောင်ရှာပြီး
ဓာတ်ပုံသွားရိုက်ရအောင်ပါ 📸📸📸 ဆိုတဲ့ Post က F factors ကို သံုးတာပါပဲ …

ပြောမယ်ဆိုရင် တော်တော် များပါတယ် …

မိတ်ဆွေတိုရော … မိတ်ဆွေတို့ရဲ့ လုပ်ငန်းကို ဦးစိုင်း လိုမျိုး ဘယ်လို မားကက်တင်း ဗျူဟာတွေ သုံးပြီးပြီလဲ .. သုံးနေပြီလဲ .. သုံးဖို့စဉ်းစားနေကြလဲဗျ …

ကျေးဇူးတင်ပါတယ်

26/02/2020

Marketing ရဲ့ Fantastic 4 (F4)
=================
Marketing မှာ သိထားရမယ့် F လေးလုံး ရှိပါတယ်။
ဒီ လေးလုံး သိထားရင် ကြော်ငြာတဲ့အချိန်မှာရော
ရောင်းတဲ့အချိန်မှာရော အကျိုးရှိမှာပါ။

F - Focus
ကြော်ငြာတဲ့အချိန်မှာ Focus အရေးကြီးပါတယ်။
အများစုက ကြော်ငြာရင် လူတိုင်းကို၊ တနည်းအားဖြင့်
စာဖတ်သူတိုင်းကို ရည်ညွှန်းပြီးပြောတတ်ကြပါတယ်။

ဒီအတွက် ကြော်ငြာရင် ဘယ်သူ့အတွက်
ပြောလို့ပြောမှန်းမသိဘဲ... ဟိုမရောက်ဒီမရောက်ဖြစ်သွားတတ်ပါတယ်။

ဒီတော့ ပြောမယ်ဆိုရင်
ဒဲ့ပြောပါ...
ဥပမာ..
- ဆယ်ကျော်သက် ချစ်တို့အရွယ်ဆိုတာ..
- ကားပိုင်ရှင် ကွီးတို့အတွက်..
- ရင်သွေးလေးပိုက်ထားပြီဖြစ်တဲ့ မေမေလောင်းတို့...

F - Facts
ကြော်ငြာဆိုတာ ကျော်အောင် ညာတယ်လို့ သုံးကြပါတယ်..
တခါတလေ ဒီအယူကို လူတော်တော်များများက လက်ကိုင်ထားတာလည်း
ဝမ်းနည်းဖွယ်တွေ့ရပါတယ်...

ကိုယ့်ရဲ့ ပစ္စည်းအကြောင်း၊ ဝန်ဆောင်မှုအကြောင်းတောင်
သေသေချာချာ ကိုယ်တိုင် မသိ၊ မလေ့လာဘဲ
တခြားလူ ဝယ်ချင်အောင် အတင်း ချီးမွှမ်းခန်းဖွင့်၊ မိုးမွှန်အောင်ကောင်းတယ်လို့
ပြောနေတာဟာလည်း ကျော်အောင် ညာနေတာနဲ့ တူပါတယ်..

တကယ် ရောင်းအားတက်ချင်ရင်
ကိုယ်ရောင်းမယ့် ပစ္စည်းရဲ့
- ကောင်းကျိုး
- ဆိုးကျိုး
- အားသာချက်
- အားနည်းချက်
- အသုံးပြုပုံ
- သုံးနိုင်တဲ့ အခြားနေရာ
- ဖြစ်နိုင်တဲ့ အခက်အခဲ
- သက်တမ်း
စတဲ့ အချက်အလက်တွေကို
ကိုယ်ကိုယ်တိုင် သေချာလေ့လာထားရပါတယ်။

လူတွေ တကယ်ဝယ်တာဟာ အမှန်တရားပါ
ဒီပစ္စည်းဟာ တကယ်ဒီလို အကျိုးတွေရှိတယ်ဆိုတာသာ
ပြောပြနိုင်ရင် အရမ်း မပြောလည်း၊ အတင်း မကွန့်လည်း
ဝယ်ကြပါတယ်

ဥပမာ
- ဒီ အင်္ကျီလေးက ကိုယ်ပေါ်တင်လိုက်တာနဲ့ အေးနေတာလို့ ပြောမယ့်အစား
- ဒီ အင်္ကျီလေးက အနှစ်၂၀ ချည်နဲ့လုပ်ထားတာ၊
ချည်ပဲ ကိုင်ကြည့်ရင်တောင် အေးမြတဲ့ခံစားမှုရတယ်။
သဘာဝချည်ဖြစ်လို့ သဘာဝအတိုင်း လေဝင်လေထွက် ကောင်းပြီးသား။
ခန္ဓာကိုယ် Allergy လည်း မဖြစ်ဘူး။ ဝတ်လိုက်တာနဲ့ ပေါ့ပြီး အေးနေမှာ။

F - Future
လူတွေ တခုခုဝယ်မယ်ဆိုရင် ကြားချင်တာ
သူတို့ ဝယ်လိုက်ရင် ဘာဖြစ်မလဲဆိုတာပါ
တနည်းအားဖြင့် သူတို့ရဲ့ အနာဂတ် Future ကိုပါ

ကြော်ငြာရင် လူတွေ ဘာဖြစ်မလဲဆိုတဲ့ Future ကိုပါ
ထည့်ပြောပေးရပါမယ်။
ဒီ Future လေးမှ သူတို့ မခံစားမိရင် ဝယ်ဖို့ ပိုပြီး ကြန့်ကြာတတ်ပါတယ်။

အခုန အနှစ်၂၀ ချည်နဲ့ အင်္ကျီလေးပဲ ဆက်ပြောရရင်
ဒီချည်လေးက ဝတ်တဲ့သူရဲ့ အသားကို မလောင်စေဘူး၊
လေဝင်လေထွက်မကောင်းလို့ ပူအိုက်ချွေးလှောင်တာတွေ၊
လူကြားထဲသွားလို့ ချွေးနံ့ထွက်တာတွေ၊
မရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ရတဲ့ အထည်လေးပါ

အိမ်ရောင်းတာဆိုရင်လည်း...
ဒီအိမ်က ဈေးနဲ့ နီးတယ်.. အမ သားလေး ရှိတာလား
ကျောင်းလည်း နီးတယ်... ဆေးရုံဆေးခန်းတွေလည်း နီးတယ်
ကလေး တခုခုဖြစ်ရင် အမြန်ပြေးလို့ရတယ်
တုပ်ကွေးတွေလည်း ဖြစ်နေကြတော့
ဒီလိုအိမ်မျိုးရထားတာ မိသားစုအတွက် အားတခုပဲ.. အမ

F - Fear
နောက်ဆုံးလေးတခုကတော့ လူတိုင်းတစ်ကျတဲ့နေရာလေးပါ
Fear ပါတဲ့...
လူတွေဟာ ကြိုက်နေရင်တောင် ဝယ်ဖို့ တွန့်တတ်ကြတယ်
ချီတုံချတုံဖြစ်နေချိန်မှာ ဒီကြောက်စိတ်ဝင်လာပြီး
မဝယ်တော့ပါဘူး ဆိုပြီး မဝယ်ဖြစ်သူတွေ တပုံကြီး

Fear ကလည်း အမျိုးမျိုးရှိတယ်
- ဈေးကြီးမှာ
- ဂျင်းထည့်ခံရမှာ
- မှားဝယ်မိမှာ
- အိမ်ကပြောမှာ
- အရင်အတိုင်းပဲ ဖြစ်နေမှာ
- သူများတွေလှောင်မှာ
အများကြီးမှ အများကြီး

ဒါတွေကို နားလည်ထားရင်တော့
ဝယ်သူတွေကို သူတို့ ရှိနေတဲ့ Fear တွေ
ပြေလည်သွားအောင်

ဥပမာ..
- လုံးဝ ဈေးအာမခံပါတယ်၊ အဲ့ထက် သက်သာတာတွေ့ရင် အဲ့ဈေးထက် နည်းအောင် ထပ်ပေးပါ့မယ်.
- ပစ္စည်း အာမခံပါတယ်၊ ၁နှစ် အတွင်း တခုခုဖြစ်ရင် အလုံးလိုက် လဲပေးပါတယ်
- ဝတ်ကြည့်လို့ မတော်ရင် ပြန်လာလဲလို့ရတယ်နော် ညီမ... ယူသွား
- တကယ်လို့ လက်ဆောင်ပေးမယ်ဆိုလည်းသူမကြိုက်ရင် ပြန်လာလဲလို့ရတယ်နော်

စသဖြင့်လူတွေရဲ့ Fear လေးတွေကို ဖြေရှင်းပေးလိုက်နိုင်ရင်လည်း
အများကြီး အဆင်ပြေတာတွေ့ရလိမ့်မယ်။

ကဲ.. F တခုခု သုံးကြည့်လိုက်ပါဦးဗျာ
F လေးလုံးစလုံး သုံးနိုင်ရင်တော့
တကယ့် လူစွမ်းကောင်း Fantastic 4 လိုပါ
စွမ်းအားထက်တဲ့ Marketing စနစ်ဖြစ်သွားမှာပါ

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 28, Ground Floor, Shwe Dagon Pagoda Road
Yangon
11142

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00