Dawei Princess Cruise
02/12/2019
*** Dawei Day Tour***
***Island Hopping နဲ့ Beach Hopping ဘာကွာလည်းဆိုရင်ဖြင့်
DSK – 01 Island Hopping (Moscos Island ဘုတ်ကျွန်း) ထား၀ယ် - အုန်းပင်အော် - လိပ်သောင်အော် - ကျွန်းလယ်ကမ်းခြေ - ထား၀ယ် (တစ်ဦး ၆၅၀၀၀ ကျပ်)
DSK-01 , Island Hopping to Moscos Islands
Dawei – Coconut Bay – Turtle Bay - Middle Beach –– Dawei (60USD/pax)
Island Hopping (တစ်ဦး ၆၅၀၀၀ ကျပ်) အုန်းပင်အော် - လိပ်သောင်အော် - ကျွန်းလယ်ကမ်းခြေ တွေကိုသွားမှာဖြစ်ပြီး သုံးနေရာလုံးတွင် Snorkeling လုပ်လို့ရမှာဖြစ်ပါတယ်။ Snorkeling ကို နေရာတိုင်းမှာ မလုပ်လိုတဲ့ ဧည့်သည်တော်များကတော့ ကမ်းခြေမှာ တက်လည်တာ၊ Kayaking လုပ်တာ၊ ရေကူးတာ ၊ အလှဓာတ်ပုံတွေ ရိုက်နိုင်မှာဖြစ်ပါတယ်။
-------------------------------------------------------------------------
DSK - 03 ထား၀ယ် - ပဲ့ဇင်ကျွန်း - ဖိုးဖိုးကျောက်ကမ်းခြေ - ဝဲမကိုက်အော် - ဆင်ထောက်ကမ်းခြေ - ထား၀ယ် (တစ်ဦး ၆၅၀၀၀ ကျပ်)
DSK-03, Beach Hopping
Dawei – Pazin Kyun – Grand Father Beach - Wae Ma Kite Beach - Sin Htauk Beach - Dawei (60USD/pax)
Beach Hopping (တစ်ဦး ၆၅၀၀၀ ကျပ်) ပဲ့ဇင်ကျွန်း - ဖိုးဖိုးကျောက်ကမ်းခြေ - ဝဲမကိုက်အော် - ဆင်ထောက်ကမ်းခြေ တွေကို သွားမှာဖြစ်ပြီး ပဲ့ဇင်ကျွန်းမှာ Snorkeling တစ်ကြိမ်လုပ်မှာပါ။ ဖိုးဖိုးကျောက်ကမ်းခြေ - ဝဲမကိုက်အော် - ဆင်ထောက်ကမ်းခြေ Snorkeling မလုပ်ပါဖူး Kayaking လုပ်မယ် ရေကူးမယ် ကမ်းခြေပေါ်မှာ လမ်းလျှောက်မယ် ၊ ဝဲမကိုက်ကနေ - ဆင်ထောက်ကမ်းခြေကို Soft trekking လေးပါမယ်။
*** ခရီးစဉ်လမ်းကြောင်း
ခရီးစဉ်လမ်းကြောင်းလေးက တော့ နံနက် 07:30 တွင် ထား၀ယ်မြို့တွင်း ဟိုတယ်များမှ ဧည့်သည်တော်များ ကို အစဉ်လိုက် ကားဖြင့် လာကြိုပေးမည်ဖြစ်ပါသည်။
ထို့နေ့တွင်လိုက်ပါမည့် ဧည့်သည်များ စုံပါက လှေစတင်ထွက်မည့် စမ်းလှမ်းရွာသို့ ကားဖြင့်ထွက်ခွာမှာဖြစ်ပါတယ်။
စမ်းလှမ်းရွာ ကမ်းခြေမှ မပျော်စီးလှေ သို့ Dinghy ဖြင့် ပို့ပေးပါမည်။
ထို့နောက် အပျော်စီးလှေပေါ်တွင် ဓာတ်ပုံများရိုက်နိုင်ပါသည်။
ကျွန်းသို့ လှေမောင်းနေစဉ်တွင် ကျွန်တော်များဧ။် ဝါရင့် Marine Guide အကိုများမှာ ဆောင်ရန် ရှောင်ရန် နှင့် Snorkeling ပြုလုပ်ပုံများကို Demonstration များ ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။
ကျွန်းသို့ရောက်သောအခါ လက်တွေ့ Snorkeling မလုပ်မှီ ကမ်းခြေ ရေတိပ်ပိုင်းတွင် Snorkeling ကို Rehearsal ပြုလုပ်ကြပါမယ်ခင်ဗျာ။
ပြီးရင်တော့ ရေအောက်ရှုခင်းတွေကို သွားရောက်ခံစားကြပါမယ်ခင်ဗျာ။ Snorkeling မလုပ်လိုတဲ့ ဧည့်သည်တော်တွေကတော့ ကမ်းခြေမှာ အနားယူ ဓာတ်ပုံရိုက် ၊ Kayaking လှော်စတဲ့ မိမိတို့နှစ်သက်ရာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ညနေပိုင်းတွင် နေ၀င်ချိန်အလှကို ခံစားရင်း စမ်းလှမ်းရွာသို့ ပြန်လာမှာဖြစ်ပါ
တယ်။
ထိုမှ တစ်ဆင့် ကားဖြင့် ဧည်သည်တော်များတည်းခိုရာဟိုတယ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
(07:00 - 08Pm) လောက်မှ ဟိုတယ်သို့ပြန်ရောက်မှာ ဖြစ်ပါတယ်။
မှတ်ချက် မောင်းမကန် ကမ်းခြေဟိုတယ်များကို ကြိုပို့၀န်ဆောင်မှုအတွက် ၀န်ဆောင်ခထပ်ပေးရပါမည်။
👉 👉 👉 ပါ၀င်သော၀န်ဆောင်မှုများ
Marine guide ဧည့်လမ်းညွှန်၀န်ဆောင်မှု
ထား၀ယ်မြို့တွင်း ဟိုတယ် ကြို ပို့
နေ့ချင်းပြန်အပျော်စီး သင်္ဘောစီးနင်းခ
နေ့လည်စာ၊ soft drinks and water, fruits
Snorkeling set, sit on top kayak
Dinghy
Life Jackets and life buoy
Travel Insurance 10Units/pax
👉 👉 👉 မပါ၀င်သော၀န်ဆောင်မှုများ
ဟိုတယ်တည်းခိုခ
လေယာဉ်လက်မှတ်
ကားလက်မှတ်
ဘီယာ နှင့် အရက်
ဆောင်ရန်၊ရှောင်ရန်
■■■■■■■■■
ကိုယ်က ဓါတ်ပုံရိုက်ချင်တာဆိုရင် အဝတ်အစားတွေကို တစ်ပါတည်း လွယ်လွယ်ထုတ်နိုင်အောင် စီစဉ်သွားပါ။ Luggage ကြီးတော့ မယူသွားဘဲ၊ အပေါ်မှာ တင်ထားဖို့ လွယ်ရုံဆို အဆင်ပြေပါတယ်။ ကျွန်းပတ်ကမ်းခြေ ခရီးစဉ်အတွက် ရေကူးဝတ်စုံ မမေ့ပါနဲ့။ ကမ်းခြေစီးဖိနပ်တွေ ယူလာပါ။ Sun Cream တွေ နေရောင်ခြည်ကာကွယ်တဲ့ အလှကုန်တွေ ပါလာ ပါစေနော်။ ကျောက်ဆောင်တွေ ကို တက်နိုင်သမ ျှ မနင်းပါနဲ့ မတက်ပါနဲ့။ ခရင်းရှနိုင်လို့ပါ။ Snorkeling လုပ်ရင်း ၊ ရေကူးရင်း ကွမ်းမစားဖို့ မူးရစ်ဆေးဝါးအသုံးဖို့ အရက်သေစာ မသောက်စားဖို့ သတိပြုစေချင်ပါတယ်။ Power Bank ကတော့ မသယ်မဖြစ်ပေါ့၊အပျော်းစီးလှေပေါ်မှာလည်းဖုန်းအားသွင်းလိုရပါတယ်။
အမှိုက်တော့ ပင်လယ်ထဲရော၊ ကျွန်းပေါ်မှာရော၊ ဘုရားဖူးရင်းရော လုံးဝ လုံးဝ မချပါနဲ့။ အမှိုက်ပုံးထဲ စနစ်တကျထည့်ပေးပါ။ အမှိုက်ပုံးမရှိတဲ့နေရာဆိုလည်း ရှိတဲ့နေရာအထိ ပြန်သယ်ခဲ့ပေးပြီး စွန့်ပစ်ပေးကြပါခင်ဗျာ။ ရေသန့်၊ ဘီယာဗူး၊ ပုလင်း၊ အချိုရည်ဗူး၊ ပုလင်းတွေ စည်းကမ်းမဲ့ မစွန့်ပစ်ကြပါနဲ့နော်။ ကမ်းခြေမှာ တင်ကျန်နေတာတွေ့လို့ သူများပစ်တယ် ကိုယ်လည်းပစ်မယ် ဆိုပြီးလည်း မတွေးပါနဲ့။ သူများတွေ ပင်လယ်ထဲ ပစ်ချခဲ့လို့ သောင်တင်နေတဲ့ အမှိုက်တွေပါ။ ကိုယ်လည်း အဲ့ဒီလို စည်းကမ်းမဲ့သူတွေကြား မပါဝင်သွားဖို့သတိပြုကြပါခင်ဗျာ။
🎉🎉🎉 Christmas and New Year အားလပ်ရက်များအတွက်
Dawei Princess Cruise ရဲ့ Discover Snorkeling Experience
ထားဝယ်နေ့ချင်းပြန် စွန့်စားပျော်ရွှင် ကျွန်းအပတ်ခရီးစဉ်
☎️☎️☎️ Booking များ လက်ခံပေးနေပါပြီ
DSK-01 (Island Hopping/ဘုတ်ကျွန်းခရီးစဉ်/ Moscos Island )
ထားဝယ် - အုန်းပင်အော်ကမ်းခြေ - လိပ်သောင်အော်ကမ်းခြေ - ရွှေအိုရောင်ကျွန်းလယ်ကမ်းခြေ - ထားဝယ်
Mergui Princess Cruise 1 or Dawei Princess Cruise
( တစ်ဦး ၆၅၀၀၀ ကျပ်)
(သီးသန်းခန်း ၄၅၀၀၀၀ ကျပ် အများဆုံးလူဦးရေ ၈ ဦး)
👉 👉 👉 ပါဝင်သောဝန်ဆောင်မှုများ
Marine Guide ဧည့်လမ်းညွှန်ဝန်ဆောင်မှု
ထားဝယ်မြို့တွင်းဟိုတယ်များမှ အပျော်စီးလှေသို့ ကားကြိုပို့
နေ့ချင်းပြန် အပျော်စီးလှေစီးနှင်းခ
နေ့လယ်စာ ၊ soft drinks ၊ ရေသန့် နှင့် သစ်သီး
Snorkeling Set
Sit on top Kayak
Dinghy
Life Jacket & life buoy
Boat trip Insurance 10Units/pax
👉 👉 👉 မပါဝင်သောဝင်ဆောင်မှုများ
ဟိုတယ်တည်းခိုခ
လေယာဉ်လက်မှတ်
ကားလက်မှတ်
ဆက်သွယ်ရန် ရန်ကုန်ဖုန်း ၀၉၄၂၁၁၀၇၄၇၂ ၊ ၀၉၇၇၇၁၇၀၁၁၁
အမှတ်(၉၉) ဒုတိယထပ် ၊ ဦးချစ်ဦးချစ်မောင်လမ်းမကြီးနှင့် အာဇာနည်လမ်းထောင့် ၊ ဆရာစံတောင်ရပ်ကွက် ၊ ဗဟန်းမြို့နယ် ၊ရန်ကုန်
ဆက်သွယ်ရန် ထားဝယ်ဖုန်း ၀၉၇၇၇၄၇၀၄၄၄
အမှတ် (အေ- ၈၄၂ ) DDPC, Shopping House ၊ ထိန်သစ်တိုးချဲ့ရပ်ကွက် ၊ ကမြောကင်းလမ်း၊ ထားဝယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11201
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |