Yangon Payment Services - YPS
29/06/2026
ယာဥ်စီးခပေးချေရာမှာ အရမ်းအဆင်ပြေတဲ့ YPS ကတ်ကို မပျောက်အောင်၊ မပျက်စီးအောင် ဂရုစိုက်ပါနော်…
YPS ကတ်ကို အသုံးပြုပြီး ယာဥ်စီးခ ပေးချေကြတဲ့ လူပြီးမင်းတို့အနေနဲ့
သုံးရတာအရမ်းအဆင်ပြေတဲ့ YPS ကတ်လေး မပျောက်အောင် ဂရုစိုက်ပါ။
YPS ကတ်လေး မပျက်စီးရအောင်လည်း ဒီအချက်လေးတွေကိုဂရုစိုက်ပေးပါနော်။
YPS ကတ်ကို မခေါက်ရပါ။
YPS ကတ်ကို အပေါက်မဖောက်ရ။
YPS ကတ်ကို အပူ နဲ့ သံလိုက်များရဲ့အနီးအနားမှာ မထားရပါ။
အသုံးဝင်တဲ့ YPS ကတ်လေးတွေ အမှတ်မထင်ပဲ ပျက်စီးတာမျိုး၊ပျောက်ဆုံးတာမျိုးမဖြစ်အောင် ဂရုတစိုက်နဲ့ အသုံးပြုပါဖို့ တိုက်တွန်းပါရစေရှင့်။
အခြားသော YBS ကတ် အသုံးပြုတွေလည်း ဒီအချက်လေးတွေ သိစေဖို့ ပြန်လည်ဝေမျှလိုက်ကြရအောင်နော်။
YBS စီးတိုင်း ငွေအကြွေကိစ္စ စိတ်မညစ်ရဘဲ Smart ကျကျငွေပေးချေနိုင်ဖို့ YPS ကတ်ကို အခုပဲ အသုံးပြုလိုက်ကြရအောင်။
Yangon Payment Services (YPS) နဲ့ပတ်သက်တဲ့အကြောင်းအရာများကို Page မှာတင်ထားတဲ့ Post များမှတဆင့်သိရှိနိုင်သလို အသေးစိတ်သိရှိလိုပါက YPS page Messenger မှတဆင့် စုံစမ်းမေးမြန်းနိုင်ရုံသာမက Call Center Phone Number: (Hotline နံပါတ်) 09772666699 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် နံနက် (၉) နာရီ ) မှ (ညနေ(၅) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
27/06/2026
ဒလ - တွံတေး Cashless YBS စီးတဲ့အခါ YPS ကတ်နဲ့ ယာဥ်စီးခပေးချေပါ...
တွံတေး နှင့် ဒလ မြို့နယ်ရှိ မိဘပြည်သူများ ခရီးသွားလာရေးပိုမိုအဆင်ပြေစေရန် ပြေးဆွဲပေးနေသည့်
ဒလ - တွံတေး Cashless YBS ယာဥ်များတွင် ယာဥ်စီးခပေးချေရာမှာ အဆင်ပြေစေတဲ့ YPS ကတ်များကို အသုံးပြုပြီး ငွေပေးချေနိုင်ကြောင်း အသိပေးအပ်ပါတယ်ရှင်။
ယာဥ်စီးခကို ငွေသားဖြင့်ပေးချေပါက (၈၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး၊ YPS ကတ်ဖြင့် ပေးချေပါက (၇၀၀) ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်ရှင်။
ဒလ - တွံတေး YBS ယာဥ်များကို စီးနင်းအသုံးပြုသူ မိဘပြည်သူများအနေနဲ့ YPS ဝန်ဆောင်မှုများကို အလွယ်တကူ အသုံးပြုနိုင်စေရန်အတွက် YPS ကတ်များကို ရွှေဆံတော်ဘုရား YBS ဂိတ် နှင့် Cherry သင်္ဘောဆိပ် YBS ဂိတ်များတွင်ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။
YPS ကတ် တန်ဖိုးမှာ (၉၀၀၀) ကျပ် ဖြစ်ပြီး ကြိုတင်ဖြည့်ငွေ (၆၀၀၀) ကျပ်ပါဝင်မှာဖြစ်လို့ စုစုပေါင်း (၁၅,၀၀၀) ကျပ် နှုန်း ဖြင့်ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။
ယာဥ်စီးခပေးချေ ရာမှာ ငွေအကြွေကိစ္စ စိတ်မညစ်ရတော့ဘဲ ယာဥ်စီးခ ပိုမိုသက်သာတဲ့ YPS ဝန်ဆောင်မှုကို အခုပဲ အသုံးပြုလိုက်ပါနော်။
ဒလ -တွံတေး ပြေးဆွဲသည့် YBS ယာဥ်လိုင်းများတွင် အသုံးပြုနိုင်သည့် YPS ဝန်ဆောင်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို YPS page နှင် YPS TikTok Channel များတွင် တင်ပေးမှာမို့ စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
YPS ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက YPS Page Messenger မှတဆင့် စုံစမ်းမေးမြန်း နိုင် ရုံသာမက Call Center Phone Number: (Hotline နံပါတ်) 09772666699 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် နံနက် (8) နာရီ ) မှ ညနေ(6) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။။
"YBS စီးသူတိုင်း အတွက် YPS"
#တွံတေး #ဒလ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Commercial Area, Building H, Shwe Moe Kaung Condo, Yankin Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |