Century
24/12/2025
Merry Christmas 🎄 and Happy New Year ✨
Here’s to fresh ideas, bold designs, and new beginnings.
06/08/2025
တိုက်ကြက်တို့ရဲ့ ကျေးဇူး
--------------------------
Movement တွေမှာ ရိုက်ချက်တွေ တည်ငြိမ်ဖို့ကို အရင်ကဆို Trolly တွေ ခံပြီးရိုက်လာရာက နေ Camera Gimbal တွေ နောက်ပိုင်းမှာ Optical Image Stabilization တို့ ဘာတွေ အထိတိုးတက်ပြီး Video Production Industry ကို တိုးတက်စေခဲ့တာကတော့ တိုက်ကြက်တွေ ကြောင့်ဘဲဖြစ်ပါတယ်...
သတိထားမိကြလား မသိဘူး တိုက်ကြက်တွေကို ဘယ်လိုဘဲ လှုပ်ရှားမှုလုပ်ပါစေ သူတို့ခေါင်းက အမြဲတည်ငြိမ်နေပါတယ်(comment မှာ video ထည့်ပြထားတယ်နော်).. ဘာလို့လဲ ဆိုတော့ သူတို့ ရဲ့အတွင်းဘက်နားတွေကနေ လှုပ်ရှားမှုကို အာရုံခံပြီး သူတို့ရဲ့ လည်ချောင်းကြွက်သားတွေက ခန္တာကိုယ်အတိုင်း ရွေ့လျှားမှုကို ဆန့်ကျင်ပေးနေပြီးတော့ ခေါင်းနဲ့ လည်ပင်းရိုးဟာ အမြဲ ၉၀ဒီဂရီမှာတည့်မတ်နေတာဖြစ်ပါတယ်။ အဲ့တာကို Cocky ဖြစ်တယ်လို့ ..(တထောင်ထောင်လုပ်တယ် )ဆိုပြီး English Dictionary မှာ idiom အဖြစ် ဖော်ပြကြပါတယ် သိပ္ပံပညာရှင်တွေကတော့ အဲ့ဒီဖြစ်စဉ်တွေကို head stabilization reflex , vestibulo-ocular reflex လို့ခေါ်ကြပါတယ်။
သမိုင်းအရဆိုရင် BC280 လောက်ကတည်းက ဂရိတွေက Philo လို့ခေါ်တဲ့ Gimbal လိုမျိုး အရာဝတ္တူကို axis တွေ မှာ ထိန်းထားနိုင်တဲ့ System တစ်မျိုးကို တီတွင်ခဲ့ကြပါတယ်..... နောက်ပိုင်းမှာ ရောမအင်ပါယာ နဲ့ တရုတ် ယဉ်ကျေးမှုတွေမှာ အလားတူ ပုံစံတွေ တွေရှိခဲ့တယ်ဆိုပေမဲ့ Video Industry ကို Breakthrough ဖြစ်သွားစေတဲ့ တီတွင်မှုကိုတော့ ၂၀၁၀ ခုနှစ်အစောပိုင်းမှာ တွေ့တယ်လို့ပြောကြပါတယ်။
တိုက်ကြက်တွေရဲ့ ထူးဆန်းတဲ့ဦးခေါင်းလှုပ်ရှားမှုကို သတိထားမိရာကနေ Video Industry အတွက် Biology နဲ့ Engineering တို့ ရဲ့ပေါင်းစပ်ဖန်တီးမှုတစ်ခု ဖြစ်လာတာပါဘဲ။ ဖန်တီးမှုအကြောင်းကို Patent တွေမှာ Record မလုပ်ထားပေမဲ့ Movi တို့ DJI တို့လို ကုမ္ပဏီတွေက သူတို့ Gimbal တွေရဲ့ တည်ငြိမ်မှုကို Chicken head phenomenon နဲ့တင်စားကြပါတယ်။
ရိုးရှင်းတဲ့ သဘာဝဖြစ်စဉ်တစ်ခုကနေ အင်ဂျင်နီယာပညာရပ်နဲ့ ပေါင်းစပ်ပြီး ကမ္ဘာတစ်ဝန်းက ဗီဒီယိုဖန်တီးသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့တာကတော့ တကယ်ကို အံ့ဩစရာကောင်းတဲ့ ဖန်တီးမှုတစ်ခုပါပဲ။
ဒါကြောင့် Gimbal တွေကို သုံးနေတာကိုမြင်တဲ့အချိန်... ဒီလို တည်ငြိမ်တဲ့ ရိုက်ချက်တွေ ဖန်တီးပေးနိုင်တာဟာ "တိုက်ကြက်တို့ရဲ့ ကျေးဇူး" ကြောင့်ဆိုတာကို သတိရလိုက်ပါ။
မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် Business Profile ဘဲဖြစ်ဖြစ် Professional quality TikTok video တွေဘဲ လိုလို Century Digital Studio မှ Pre-Production ကနေ Post-Productionအထိ ရိုက်ကူးပေးနေတယ် ဆိုတာလေးလဲ ကြော်ငြာဝင်လိုက်ပါရစေနော်
29/07/2025
ဒီဇိုင်းကောင်းတွေက ရလဒ်ကောင်းတွေယူလာပါတယ် ...
၁၉၉၀ ကနေ ၁၉၉၇ ထိက Apple အတွက် ခက်ခဲကြမ်းတမ်းခဲ့တဲ့ နှစ်တွေလို့ ပြောရပါမယ်။ Macintosh ကို LC, Classic, Quadra, Performa, Power ဆိုပြီး Line-up တွေ အများကြီး ခွဲထုတ်ခဲ့တဲ့အပြင်ကို Twentieth Anniversary Macintosh (TAM) ဆိုပြီးပါ ထုတ်လိုက်သေးတဲ့ နှစ်တွေလို့ ပြောရပါမယ်။ Game Console တွေ၊ PDA တွေ၊ Kodak တို့ Fujiflim တို့နဲ့ ပေါင်းပြီး Camera တွေပါ ထုတ်လိုက်သေးတာ။
အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောတဲ့အတိုင်းပါပဲ။ Power series တွေ နည်းနည်းရောင်းရတာကလွဲပြီး ကျန်တာ အကုန် မအောင်မြင်ခဲ့ပါဘူး။
၉၇ ရောက်လာတော့ Steve Jobs ပြန်ရောက်လာပြီးတော့ Jonny Ive ဆိုတဲ့ မထင်မရှား ဒီဇိုင်းနာလေးကို လုပ်ပိုင်ခွင့် အဆုံးစွန်ပေးပြီး iMac တွေရဲ့ အစကို ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီခေတ်က Jonny Ive ဒီဇိုင်းလုပ်ခဲ့တဲ့ iMac တွေဟာ တခြားကွန်ပျူတာတွေလို မဟုတ်ဘဲ အရောင်အသွေးစုံလင်ပြီး Transparent (ပွင့်လင်းမြင်သာတဲ့) ပုံစံ All-in-one ကွန်ပျူတာတွေပေါ့။
Store က ဝယ်သွား၊ အိမ်ရောက်တာနဲ့ ပလပ်ထိုးပြီး တန်းသုံးရုံပဲ ဆိုတော့ အဲဒီခေတ်အခါက ဈေးကွက်မှာ လွှမ်းမိုးနေတဲ့ အညိုရောင်၊ မီးခိုးရောင် ကွန်ပျူတာပုံးကြီးတွေနဲ့ လုံးဝကို ကွဲထွက်နေတာပေါ့။
အဲဒီ iMac တွေက ထွက်ထွက်ချင်းပဲ ချက်ချင်းကို ပေါက်သွားတာပါပဲ။ Product ရဲ့ ထူးခြားတဲ့ ဒီဇိုင်းအသွင်အပြင်နဲ့ အသုံးပြုရလွယ်ကူမှုကြောင့် ဝယ်သူတွေကို အရမ်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Apple ကိုလည်း အဲဒီအချိန်ကနေ ခုချိန်ထိ တီထွင်ဆန်းသစ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ပြန်လည်ရပ်တည်စေခဲ့ပြီး နည်းပညာနယ်ပယ်မှာ ဒီဇိုင်းဟာ အဓိကထားရမယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီဇိုင်းကောင်းတစ်ခုဟာ လုပ်ငန်းရဲ့ ရေရှည် ကြီးပွားတိုးတက်မှုအတွက် အဓိကသော့ချက်တစ်ခု ဖြစ်လာနိုင်လို့ မိတ်ဆွေလုပ်ငန်းရှင်များအနေနဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှု ဒီဇိုင်းကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ သေသေချာချာ အချိန်ပေးပြီး ဖန်တီးရင်းနှီးမြှုပ်နှံသင့်ပါတယ်။
စိတ်ဝင်စားသူ လုပ်ငန်းရှင်များကို Product Design (သို့ ) ဝန်ဆောင်မှုဒီဇိုင်းနဲ့ ပတ်သတ်ပြီး Product Design နယ်ပယ်မှာ အတွေ့အကြုံ (၁၀)နှစ်ကျော်ရှိတဲ့ CDS က Free Consulting တစ်ကြိမ် ပြုလုပ်ပေးပါတယ်။ ပြီးတော့ လူကြီးမင်းတို့ကို အကူအညီပေးနိုင်ဖို့ Century Digital Studio မှာ အတွေ့အကြုံရှိ ဒီဇိုင်နာများက အသင့်ရှိနေပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Manpyae Street
Yangon
Opening Hours
| Monday | 17:30 - 21:00 |
| Tuesday | 17:30 - 21:00 |
| Wednesday | 17:30 - 21:00 |
| Thursday | 17:30 - 21:00 |
| Friday | 17:30 - 21:30 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |