555 Mix
12/10/2025
မန်ယူလူငယ်ကို ပြန်ခေါ်ပြီး လက်စားချေဖို့ ကြိုးစားနေတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီတွေမှာ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကို မန်ချက်စတာယူနိုက်တက်အသင်းဆီ လက်လွှတ်ခဲ့ရတဲ့နောက် ယူ-၂၁ အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်ခံခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်ဆီ ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူး ချီဒို အိုဘီ မာတင်နဲ့ နောက်ခံလူ အိုင်ဒန် ဟဲဗန်းတို့ကတော့ အရန်အသင်းနဲ့ နည်းပြ မီခယ်လ် အာတီတာတို့ကို ခေါင်းစားစေခဲ့တာဖြစ်ပါတယ်။
ဒီကစားသမားတွေကို အာဆင်နယ်ဖန်တွေကတော့ ငွေနောက်လိုက်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့ကြပြီး ဒီ ၁၇-၁၈ အရွယ်မှာ ရမယ့် ပေါင်သုံးသောင်းလောက်ကို မက်နေရင် အနာဂတ်မှာ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့လို့ ပြောခဲ့ကြတဲ့နောက် အသင်းအနေနဲ့ မန်ယူတို့ကို လက်စားပြန်ချေဖို့ ကြိုးစားနေပြီး သူတို့ရဲ့ ယူ-၁၈ လူငယ်အသင်းမှာ အကောင်းဆုံးဖြစ်နေတဲ့ တိုက်စစ်မှူး ဂျေဂျေ ဂါဘရီယယ်လ်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ဆန္ဒရှိနေတာပါ။
အသက် ၁၅ နှစ်အရွယ် အင်္ဂလန်လူငယ်လက်ရွေးစင်အနေနဲ့ ဒီရာသီမှာ ၁၀ ဂိုးသွင်း ၁ ဂိုး ဖန်တီးပေးထားပြီး နောက်ချန်တိုက်စစ်မှူး၊ ဘယ်တောင်ပံနဲ့ Attacking Midfielder နေရာတွေမှာ ကစားနိုင်သလို အောက်တိုဘာ ၂၀၂၇ အထိ မန်ယူတို့နဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးတာကြောင့် ဂန်းနားတွေ ဆွဲစားမယ်ဆိုရင် အဆင်ပြေနိုင်တာဖြစ်ပါတယ်။
အာဆင်နယ်တို့အနေနဲ့ နောက်ပိုင်းနှစ်တွေမှာ လူငယ်တွေကို နေရာပိုပေးလာခဲ့တာကလည်း အီသန် နဝမ်နာရီ၊ မိုင်းလ်စ် လူးဝစ္စ-စကယ်လီ၊ မက်စ် ဒေါင်းမန်းတို့နဲ့အတူ ထင်သာမြင်သာရှိနေခဲ့ပြီး ဒီလိုမျိုး အသင်းကြီး ကစားသမားတွေနဲ့အတူ ကြီးထွားခွင့်ရမယ့် အခွင့်အရေးက ဂျေဂျေ ဂါဘရီယယ်လ်ကို ဆွဲဆောင်စည်းရုံးဖို့ အားသာချက်ဖြစ်နေနိုင်ကြောင်းလည်း သိရှိရပါတယ်။
မင်္ဂလာပါ
Click here to claim your Sponsored Listing.
Category
Website
Address
Pyay Road
Yangon
11041