DBA Myanmar

DBA Myanmar

Share

15/02/2026

မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် နေအိမ် မီးလောင်မှုဖြစ်ပွား အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့

၁၄ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောက်ဗဟိုလမ်းရှိ နေအိမ်တစ်လုံး ယနေ့ မနက်ပိုင်း က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့ပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၃ နာရီ ခွဲကျော်အချိန်က စတိုးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်ပိုင်ရှင်တွေဖြစ်တဲ့ အသက်ကြီးပိုင်း ညီအစ်မနှစ်ယောက် သေဆုံးခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးနှစ်ယောက်မှာ နေအိမ်အတွင်း သေဆုံးခဲ့တာဖြစ်ကြီး အသက် ၆၀ ကျော် အရွယ်ရှိကာ နေအိမ်အပေါ်ထပ်ကစတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပေမယ့် မီးလောင်မှုအကြောင်း အရင်းကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ မီးသတ်ရဲဘော်တစ်ဦးက ပြောပါတယ်။

မီးလောင်မှုတွင် သေဆုံးခဲ့သူ အမျိုးသမီးနှစ်ယောက် ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ထား ပြီး မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လှိုင်မြို့နယ်မီးသတ် စခန်းမှ မီးသတ်ယာဉ်(၁)စီး နဲ့ ရွှေရောင်းသမိုင်းလူမှုကယ်ဆယ်ရေးအသင်းတို့က ပူးပေါင်းငြိမ်းသတ်ခဲ့ကြပါတယ်။

13/02/2026

ဖိုးဖိုးအောင်ဆန်း မွေးနေ့ မြေးဖြစ်သူ Kim Aris (ကိုထိန်လင်း) ဆုတောင်းစကားပြောကြား

၁၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ဖိုးဖိုးအောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကလေးများနေ့လည်း ဖြစ်ပါတယ်။

နိုင်ငံရဲ့ အနာဂတ်ဟာ ကလေးများရဲ့ လက်ထဲမှာ ရှိနေတယ်လို့ ဖိုးဖိုးယုံကြည်ခဲ့ပါတယ်။ ယနေ့ကလေး များဟာ အကြမ်းဖက်မှုနဲ့ မလုံခြုံမှုတွေကြားမှာ ကြီးပြင်းနေရပါတယ်။

ဖိုးဖိုးရဲ့ ရည်ရွယ်မျှော်မှန်းချက်ကို ကျွန်တော်တို့ ဆက်လက်တာဝန်ယူ အကောင်အထည်ဖော်ရမယ်။ ဖိုးဖိုးရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓားကိုလည်း တစ်နေ့ ပြန်လည်ရရှိမယ်လို့မျှော်လင့်ပါတယ်။

ကလေးတွေအတွက်။ အနာဂတ်အတွက်။ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက်။

February 13 marks the birthday of my grandfather, Aung San, and Children’s Day in Burma. He believed the future rests in the hands of children, yet today many are growing up amid violence and uncertainty.

I also hope one day to bring back his historic sword, an inheritance that symbolizes his legacy and our responsibility to continue his vision.

For the children. For the future. For freedom peace and justice.

12/02/2026

လမ်းမပေါ်တွင် စက်ပျက်ပြီးရပ်ထားတဲ့ ထွန်စက်တွဲကို ဆိုင်ကယ်နဲ့ ဝင်တိုက် လူ၂ဦးသေဆုံး တစ်ဦးဒဏ်ရာရ

၁၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်–မော်လမြိုင် ဟိုင်းဝေးလမ်းမကြီး သုဝဏ္ဏဝတီမြို့အဝင်နား ငါးပိရုံ အရှေ့တွင် လမ်းမပေါ်မှာ စက်ပျက်နေပြီး ရပ်ထားတဲ့ ထွန်စက်တွဲတစ်စီးကို ဆိုင်ကယ်နဲ့ ဝင်တိုက်မိခဲ့ တဲ့အတွက် လူ၂ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ည ၇ နာရီဝန်းကျင်က သထုံဘက်မှ လူသုံးယောက်စီး မောင်းနှင်လာတဲ့ ဆိုင်ကယ် မှ နောက်ကနေ ဝင်တိုက်မိခဲ့တဲ့အတွက် ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပီတိနှလုံးသား (RESCUE) လူမှုကယ် ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ သိရပါတယ်။

သေဆုံးသွားသူ အမျိုးသားမှာ ဆိုင်ကယ်မောင်းသူ အသက်၆၂နှစ်အရွယ် ဦးအောင်မင်းသိန်း နဲ့ အလယ်မှ လိုက်ပါလာသူ အသက် ၄၂ နှစ်အရွယ် မစိုးအေး တို့မှာသေဆုံးခဲ့ပါတယ်။

နောက်ဆုံးမှ လိုက်ပါစီးနင်းခဲ့သူ အသက် ၅၃ နှစ်အရွယ် မမိအေး ကတော့ ညာဘက် ခြေဖဝါးကွဲသွားခဲ့ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီးနဲ့ သေဆုံးသွားသူ ၂ ဦးကို ပီတိနှလုံးသား (RESCUE) လူမှုကယ် ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းက ဖြစ်စဉ်နေရာမှ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ပြီး သိမ်ဆိပ် ဆေးရုံသို့ ပို့ဆောင်ကူညီပေးထားပါတယ်။

12/02/2026

မြစ်ကြီးနားမြို့ လေဆိပ်နှင့် အဆောက်အဦးတချို့ ဒရုန်းထိမှန် လေယာဉ်ခရီးစဉ် အားလုံးရပ်နားထား

၁၂ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ကချင်ပြည်နယ် မြစ်ကြီးနား လေဆိပ်နှင့် အဆောက်အဦးတချို့ဒရုန်း ထိမှန်ခဲ့ပြီး လေယာဉ်ခရီးစဉ် အားလုံး ရပ်နားထားပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် မြစ်ကြီးနား လေဆိပ်ကွင်းနှင့် အဆောက် အဦးကို ဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ် ခရီးစဉ်အားလုံးကို ရပ်နားထားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် လေယာဉ်ပြေးလမ်းထိမှန်ခဲ့ပြီး အဆောက်အဦးတချို့ထိမှန်ခဲ့သလို jammer ထိမှန်ပြီး လေယာဉ် ပြေးလမ်းတွင် ပြုတ်ကျနေတဲ့ ဒရုန်း ၁ စီးကိုလည်း တွေ့မြင်ရပါတယ်။

ထိမှန်ခဲ့တဲ့ လက်နက်တွေမှာ ရှော့တိုက်ဒုံးထိတာလား ကာမီကာဇီ အသေခံ ဒရုန်းထိတာလား သေချာ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင်လည်း တိုက်ပွဲများ ယနေ့ညနေပိုင်း ၆ နာရီခွဲကျော်မှာ ပြန်လည်ပြင်းထန်နေတယ်လို့ သိရပါတယ်။

မြစ်ကြီးနား လေဆိပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်ထဲတွင် တည်ရှိပြီး ဒရုန်းများ ကျရောက် ပေါက်ကွဲပြီးနောက် ပျံသန်းမည့် ခရီးစဉ်အားလုံးကို ရပ်နားလိုက်ပြီး ပြန်လည် ဖွင့်လှစ်မည့်အချိန်ကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
1111