SkillEdge Academy

SkillEdge Academy

Share

25/09/2025

ကိုယ့်မှာ ဘယ် ‘ဖ’ လိုနေသလဲ ဆန်းစစ်ကြည့်ပါ။

Photos from SkillEdge Academy's post 21/10/2024

ပြိုင်ဘက်တွေ တုပဖို့ခက်ခဲတဲ့ မဟာဗျူဟာ

မဟာဗျူဟာ (strategy) လို့ပြောလိုက်ရင် အများက အပြင်ပန်းမြင်ရတဲ့ ကြော်ငြာတွေ၊ marketing activities တွေ၊ အမှတ်တံဆိပ် တည်ဆောက်တာတွေ၊ ဒါမှမဟုတ် CSR လုပ်ဆောင်ချက်တွေကိုသာ အလေးထားစဉ်းစားလေ့ရှိကြတယ်။ ဒါတွေဟာ အရေးကြီးပေမယ့်၊ တခြားကုမ္ပဏီတွေတုပဖို့ကတော့ မခက်လှပါဘူး။

တကယ့်အောင်မြင်မှုရရှိနေတဲ့ ကုမ္ပဏီတွေကို လေ့လာကြည့်ရင် သူတို့ရဲ့ ပြင်ပပုံရိပ်ကို ထိထိရောက်ရောက် ပံ့ပိုးပေးနေတဲ့ အတွင်းပိုင်း လုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာပါ။ ဒီလုပ်ဆောင်ချက်တွေဟာ “မဟာဗျူဟာမြောက် မမြောက် စစ်ဆေးနည်း”ဆိုတဲ့ ခေါင်းစဉ်မှာ ရေးသားခဲ့တဲ့ operating imperatives တွေမဟုတ်ပါဘူး။

ဥပမာ ၁ - Southwest Airlines ရဲ့ စရိတ်ဝန်ကျဉ်းတဲ့ low-cost မဟာဗျူဟာ

Southwest Airlines ဟာ စျေးနှုန်းသက်သာပြီး ဝန်ဆောင်မှုကောင်းတဲ့ လေကြောင်းလိုင်းအနေနဲ့ ထင်ရှားပြီး၊ အမြတ်အစွန်းကောင်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ စျေးနှုန်းသက်သာမှုနဲ့ ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်တဲ့ အတွင်းပိုင်း မဟာဗျူလုပ်ဆောင်ချက်တွေက-
• Boeing 737 တမျိုးတည်း အသုံးပြုခြင်း: လေယာဉ်ပျံ တမျိုးတည်းထားရှိခြင်းက ပြုပြင်ထိန်းသိမ်းမှုစရိတ်ကို လျှော့ချနိုင်ပါတယ်။
• ဝန်ထမ်းများ၏ ဘက်စုံ စွမ်းဆောင်ရည်: ဝန်ထမ်းတွေကို အလုပ်နေရာမရွေး လုပ်တတ်အောင် training တွေပေးထားတယ်။ ဒီလို တခြား airline ကဝန်ထမ်းတွေထက် ပိုလုပ်ရပေမယ့် service level မကျသွားအောင် manager တွေမှာ ဦးဆောင်နိုင်စွမ်းရှိကြတယ်။
• Point-to-point ပျံသန်းမှု: တခြား လေကြောင်းလိုင်းတွေလို hub-and-spoke မော်ဒယ်မဟုတ်ဘဲ၊ တိုက်ရိုက် ပျံသန်းတဲ့ စနစ်ကို အသုံးပြုခြင်းကြောင့် စရိတ်ကြီးတဲ့ airport ကြီးတွေကိုရှောင်နိုင်ပြီး၊ luggage အတင်အချမှာ တခြား လေကြောင်းတွေနဲ့ ချိတ်ဆက်စရာမလိုတော့ပါ။
အပိုဆာသားမပါတဲ့ No-frills ဝန်ဆောင်မှု: လေယာဉ်ပေါ်မှာ ထိုင်ခုံနံပါတ်မထားပေးဘဲ၊ အစားအသောက်ကိုလည်း pretzels ကဲ့သို့ snack မျိုးများသာကျွေးတဲ့အတွက်၊ အတက်အဆင်းကို အမြန်ဆုံးဖြစ်အောင် လုပ်ဆောင်တာကြောင့် လေယာဉ်ပြန်သန်းတဲ့ခေါက်ရေကို အမြင့်ဆုံး ဖြစ်စေပါတယ်။

ဥပမာ ၂ - Procter & Gamble (P&G) ရဲ့ ကွဲပြားခြားနားတဲ့ differentiated မဟာဗျူဟာ
P&G ဟာ ကမ္ဘာကျော် လူသုံးကုန် အမှတ်တံဆိပ်များစွာနဲ့ အောင်မြင်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ သူတို့ရဲ့ ထူးခြားချက်ကတော့ လုပ်ဆောင်ချက်တွေရဲ့ တစ်ခုနဲ့ တစ်ခု အပြန်အလှန် အကျိုးပြု ပံ့ပိုးမှုတွေဖြစ်ပါတယ်။

• စားသုံးသူများအားထဲထဲဝင်ဝင် သိရှိခြင်း (Deep Customer Insights): P&G ရဲ့ ပြိုင်ဘက်တွေထက်သူလွန်တဲ့ စားသုံးသူတွေအကြောင်း ထဲထဲဝင်ဝင်သိရှိမှု (deep customer insights) က ကုန်ပစ္စည်းသစ်တွေကို တီထွင်နိုင်စွမ်း (Innovation) ကိုအထောက်အပံ့ပေးပါတယ်။

• အမှတ်တံဆိပ် အားကောင်းမှု (Branding Power): တဖန် တီထွင်နိုင်စွမ်းက အမှတ်တံဆိပ်တည်ဆောက်ခြင်းကို အထောက်အပံ့ဖြစ်စေပါတယ်။

• Go-to-market အားကောင်းမှု: အမှတ်တံဆိပ် branding အားကောင်းခြင်းကလည်း၊ လက်လီရောင်းသူတွေရဲ့ ဦးစားပေးခြင်းကို ရရှိသာကြောင့် သုံးစွဲသူလက်ထဲ (go-to-market) အမြန်ဆုံးပို့နိုင်တယ်။

• ကမ္ဘာအနှံ့ဖြန့်ချိရောင်းနိုင်မှု: ဒါအပြင် brand တွေကို ကမ္ဘာအနှံ့ဖြန့်ချိရောင်းချနိုင်ခြင်းက၊ customer insight၊ innovation၊ R&D နဲ့ marketing စရိတ်တွေကို ပြန်အထောက်အကူဖြစ်တာကြောင့်၊ ပြိုင်ဘက်အငယ်က မယှဉ်သာပါဘူး။

ဒီလို အတွင်းပိုင်း နဲ့ အပြင်ပန်း အချိတ်အဆက်ရှိတဲ့ လုပ်ဆောင်ချက်တွေကသာ ပြိုင်ဘက်တွေ တုပဖို့ ခက်ခဲတဲ့ မဟာဗျူဟာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကို မြင်ရမှာပါ။

Image source: campaignasia.com

မှတ်ချက်။ Strategy အကြံပေးဝန်ဆောင်မှုကို industry တစ်ခုတွင် client တစ်ဦးသာ SkillEdge Academy မှ ဝန်ဆောင်မှုပေးပါသည်။

စိုင်းဝန်းဆိုင်
October 21, 2025
SkillEdge Academy

&G

28/01/2024

"ပြန်လည်ထူထောင်နိုင်စေဖို့ အကြောင်းတရား (၇) ခု"

Resilience ဆိုသည့် စကားလုံးသည် ကိုဗစ်-၁၉ နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်း၌ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာသည့် စကားလုံးတစ်လုံးဖြစ်သည်။ “Adaptiv Learning Systems” ဆိုသည့် အဖွဲ့အစည်းသည် 1997 ကတည်းက အဖွဲ့အစည်းများနှင့် ဝန်ထမ်းများ ပိုမိုကြံ့ခိုင်ပြီး ပြန်လည်ထူထောင်နိုင်စွမ်းရှိလာအောင် လုပ်ဆောင်ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။ ၎င်းအဖွဲ့၏ နှစ်ရှည်လေ့လာတွေ့ရှိချက်များအရ Resilience ဆိုသည့် ပြန်လည်ထူထောင်နိုင်စွမ်းသည် အောက်ပါ စွမ်းဆောင်ရည် (၇)ချက်ပေါ် မူတည်သည်ဟု ဆိုသည်။

၁။ Casual Analysis: ကြောင်းကျိုးဆက်စပ်မှုများကို ဝေဖန်သုံးသပ်နိုင်စွမ်း ရှိခြင်း၊
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၏ ဇစ်မြစ်များ အကြောင်းတရားများကို နားလည်နိုင်စွမ်းကို ဆိုလိုပါသည်။ စင်စစ်တွင် နားလည်ရုံတင်မက၊ အပြည့်အဝလက်ခံနိုင်စွမ်းနှင့် နောက်နောင်အတွက်သင်ခန်းစာယူနိုင်ရန်လည်း လိုအပ်ပါသည်။

၂။ Emotional Regulation: စိတ်ခံစားချက်များကို ထိန်းကျောင်းနိုင်စွမ်း၊
အရှိတရားကို လက်ခံခြင်းသည် စိတ်ခံစားချက်များကို ထိန်းကျောင်းရာတွင် အရေးကြီးသည့်အချက်ဖြစ်သည့်အပြင်၊ မိမိစိတ်တွင် လက်ရှိဖြစ်ပေါ်‌နေသည့် ခံစားချက်များကိုလည်း နားလည်ပြီး၊ ထိန်းကျောင်းနိုင်စွမ်းကိုလည်း မွေးမြူရမည်။ ထိန်းကျောင်းခြင်းသည် ထိန်းချုပ်မျိုသိပ်ခြင်းနှင့်မတူပါ။ ချုပ်တည်းမျိုသိပ်ထားခြင်းသည်၊ နောက်နောင်တွင် ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေနိုင်သည်။ သတိဖြင့် မိမိစိတ်တွင်ဖြစ်ပေါ်လာသည့်ခံစားချက်များကို သိရှိပြီး၊ ၎င်းခံစားချက်များ၏ ဖြစ်ပျက်တတ်သည့်သဘောကို နားလည်ပါက စိတ်ခံစားချက်များကို ထိန်းကျောင်း လာနိုင်မည်ဖြစ်သည်။

၃။ Impulse Control: တဒင်္ဂစိတ်ခံစားချက်များကြောင့် စိတ်လိုလက်ရလုပ်ကိုင်မှုများအားထိန်းချုပ်နိုင်စွမ်း၊
မိမိစိတ်ခံစားချက်ကို နားလည်ထိန်းသိမ်းနိုင်ပါက စိတ်လိုလက်ရလုပ်ကိုင်မှုများသည်လည်း လျော့ကျသွားမည်ဖြစ်သည်။ ဆင်ခြင်မှုမပါဘဲ လုပ်ကိုင်သည့် အကျင့်ကို ဖျောက်ပြီး၊ လုပ်ဆောင်မှုတိုင်းတွင် ရည်ရွယ်ချက်ရှိသင့်သည်။ Viktor Frankl အကြံပေးခဲ့သည့်အတိုင်း လှုံ့ဆော်မှု နှင့် တုန့်ပြန်မှုကြားကအချိန်အား ပိုင်စိုးခြင်းဖြင့် impulse control ကိုပြုလုပ်နိုင်မည်ဖြစ်သည်။

၄။ Self-Efficacy: ကြမ္မာအား မိမိဖန်တီးနိုင်သည်ဆိုသည့်ယုံကြည်ချက်၊ လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုကိုကျော်လွှားပြီး၊ လိုရာပန်းတိုင်ကို သွားနိုင်စွမ်းနှင့် သွားနိုင်သည့်နည်းလမ်းသည် မိမိတွင်ရှိသည်၊ မိမိရှာဖွေနိုင်သည်ဆိုသည့် ယုံကြည်ချက်ရှိရမည်ဖြစ်သည်။လက်တွေ့တွင် မိမိကြမ္မာအား ရာနှုန်းပြည့်မိမိဖန်တီးနိုင်သည်ဆိုသည့်ယုံကြည်ချက်ထက်၊ ခိုကိုးရာမဲ့ဖြစ်သည့် ခံစားမှုမျိုးမဖြစ်စေရန် ကပို၍အရေးပါ ပါသည်။

၅။ Realistic Optimism: လက်တွေ့ကျသည့် အကောင်းမြင်စိတ်၊
မိမိတို့၏ အနာဂတ်သည် တောက်ပကောင်းမွန်နေမည်ဆိုသည့် ယုံကြည်ချက်ရှိပြီး၊ ၎င်းအကောင်းမြင်စိတ်သည် လက်ရှိပကတိအခြေအနေနှင့် ကင်းကွာနေ၍လည်း မဖြစ်စေရ။ အရှိကိုအရှိအတိုင်းရှုမြင်ပြီး၊ အကောင်းဆုံးအနာဂတ်ပုံရိပ်ကို ဖော်ဆောင်နိုင်ရမည်။

၆။ Empathy: ကိုယ်ချင်းစာစိတ်ရှိခြင်း၊
မိမိထိတွေ့ဆက်ဆံနေသူများ၊ ပတ်ဝန်းကျင်မှလူများ၏ စိတ်ခံစားချက်များကိုလည်း နားလည်ရမည်။ အပြန်အလှန် ကိုယ်ချင်းစာစိတ်ရှိခြင်းသည်လည်း resilient ဖြစ်သည့် လူ့ဘောင်၏ လက္ခဏာတစ်ခုဖြစ်သည်။ လူတို့သည် အသိုင်းအဝိုင်းနှင့်နေသည့် သတ္တဝါများဖြစ်သည့်အလျောက်၊ ကိုယ်ချင်းစာနာစိတ်သည် အချင်းချင်း အပြန်အလှန်ဖေးမကူညီမှုရှိသည့် လူ့ဘောင်ကို ဖြစ်ပေါ်စေသော အကြောင်းတရားတစ်ခုဖြစ်သည်။

၇။ Reaching Out: အကူအညီရယူခြင်း၊ ပေးကမ်းခြင်း၊ မိမိ၏ comfort zone (သို့မဟုတ်) အသားကျပြီးသား အသိုင်းအဝိုင်းထဲတွင်သာ ကျင်လည်နေပါက အတွေးအမြင်နှင့် စွမ်းဆောင်ရည်အသစ်များ ရရှိရန် ခက်ခဲပါလိမ့်မည်။ ပိုမိုကြံ့ခိုင်ပြီး တိုးတက်လာစေရန် စိန်ခေါ်မှုအသစ်၊ အခွင့်အလမ်းအသစ်များ ရှာဖွေပြီး၊ ပေါင်းသင်းဆက်ဆံရေးကွန်ယက်ကိုလည်း ပိုမိုခိုင်မာလာအောင်၊ ပိုမိုကျယ်ပြန့်လာအောင် ချဲ့ထွင်သင့်သည်။ တစ်ယောက်အားဖြင့် မစွမ်းဆောင်နိုင်သည့် ကိစ္စရပ်များကို မိမိကွန်ရက်မှ အသိမိတ်ဆွေများ၏ အကူအညီကို ရယူပါ။ ထို့အပြင် ရယူခြင်းကိုလည်း၊ ပေးကမ်းခြင်းဖြင့် balance လုပ်ရန်လိုပြီး၊ အကူအညီ ပေးနိုင်သည့်အရာများကိုလည်း မျှဝေပေးကမ်းကူညီ ပေးပါ။

လက်ရှိတွင်မိမိလက်ခံထားသည့် ခံယူချက်နှင့် လုပ်ဆောင်ချက်များကို အထက်ပါ(၇)ချက်၏ ရှုထောင့်များမှ လေ့လာကြည့်ပါ။ ပြီးလျှင် မိမိ Resiliency ပိုတက်လာအောင်ပြောင်းလဲ သင့်သည်များကို ပြုပြင်ပြောင်းလဲလိုက်ပါ။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


Yangon

Opening Hours

Wednesday 09:00 - 05:00
Thursday 09:00 - 17:00
Friday 09:00 - 20:00
Saturday 09:00 - 17:00