News Watch
26/02/2026
မန္တလေးတွင် Earthquake Memorial Wall ဖွင့်လှစ်ပြသ
မန္တလေးငလျင်ဖြစ်ရပ်ကို နောက်လာနောက်သားများ လေ့လာစရာနေရာတခုအဖြစ် ထိန်းသိမ်းထားသော Earthquake Memorial Wall ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက မင်္ဂလာမန္တလေးရှိ Block 3, Unit 5 တွင် ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လ၂၈ ရက်နေ့က အင်အားပြင်း ၇.၇ အဆင့်ရှိ မန္တလေးငလျင်ကြီးလှုပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသော အခက်အခက်များ၊ ဖြစ်ရပ်များကို မှတ်တမ်းတင်ထားရှိခြင်းဖြစ်သည်။
Earthquake Memorial Wall ဖွင့်လှစ်ခြင်းနှင့်အတူ မင်္ဂလာမန္တလေးတည်ထောင်ခြင်း (၁၁)နှစ်ပြည့်အထိမ်းအမှတ် တရုတ်နှစ်ကူးအလှုတော်အဖြစ် မိတ်ဖက်ကုမ္ပဏီ(၁၆) ခုတိုံပူးပေါင်း၍ မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာတွင် တဦးလျှင် ငွေသားအပါအဝင် ငွေကျပ် (၇၅၀၀၀) တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို လူဦးရေ (၄၀၀၀) အား စုပေါင်းလှုဒါန်းမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။
ဦးရာဇ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 199, 1st Floor, Pansodan Street, Middle Block, Kyauktada Township
Yangon
YANGON