Teacher Phyo - Pre School
21/05/2026
Teacher Phyo - Pre School မှ Pre Kg တန်းနှင့် KG တန်း သားသားမီးမီးလေးတို့မှ လက်ချောင်းကများသုံး၍ ဆေးရောင်ခြယ်ခြင်း ပုံရိပ်လေးများဖြစ်ပါတယ်ရှင့်။🤩
21/05/2026
A for Alligator ဆေးရောင်ခြယ်ခြင်း🥰🐊🐊🐊🐊
20/05/2026
သားသားမီးမီးတို့ အင်္ဂလိပ်စာ အခြေခံမှစပြီး ကောင်းကောင်းမွန်မွန် ပိုင်ပိုင်နိုင်နိုင်ရရှိစေဖို့အတွက် အခုပဲ စာရင်းပေးသွင်းလိုက်ရအောင်ရှင့်...🤗
📣📣ရွှေပြည်သာမြို့နယ်မှ ကျောင်းသား ကျောင်းသူများအားလုံးပဲ မင်္ဂလာပါရှင့်
FOCUS English Language Centre ကနေ ကြိုဆိုလိုက်ပါတယ်ရှင့်...🔔🔔
📊ယနေ့ခေတ်မှာ English ဘာသာစကားတစ်ခုကိုတတ်မြောက်ထားခြင်းဟာ ကမ္ဘာအသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းနဲ့ ဆင်တူပါတယ်။
ဒါကြောင့်မလို့ အင်္ဂလိပ်စာ ကို စနစ်တကျ အခြေခံကနေ စပြီး သင်ယူနိုင်ဖို့ FOCUS မှ အတန်းပေါင်းများစွာကို ဖွင့်လှစ်ထားပါတယ်။
🔶တက်ရောက်နိုင်မည့်အတန်းများကတော့
1. Jolly's Phonics Class
2.A1,A2, B1, B2,C1 Class
3.Essay and E-mail (Writing Class)
4.Speaking Class
5.IELTS Class
ဆိုပြီး မိမိကြိုက်နှစ်သက်ရာအတန်းများကိုရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင့်။
🔶ဘယ်သူတွေ တက်ရောက်သင့်လဲ။
English စာကို နိုင်ငံတကာအဆင့်မှီတတ်မြောက်လိုသူများ၊ အရေးပိုင်းမှာ Formalကျကျရေးတတ်လိုသူများ၊ Native Speaker များကဲ့သို့ အသံထွက်ကောင်းမွန်ပြီး သွက်လက်ချက်ချာစွာ English စကားပြောလိုသူများ၊ နိုင်ငံတကာစာမေးပွဲများကို ဝင်ရောက်ဖြေဆိုလိုသူများ
🛑ဘာသာစကားကိုသင်ယူတဲ့နေရာမှာ အသက်အရွယ်၊ နေထိုင်ရာဒေသပေါ်မှာ မမူတည်ပဲ မိမိရဲ့ကြိုးစားအားထုတ်မှုနှင့်သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။
🌐🏡ဒါကြောင့်မလို့ ကမ္ဘာသုံး ဘာသာစကားဖြစ်တဲ့ English ဘာသာစကားကို သင်ယူဖို့အတွက် FOCUS English Language Centre ကိုအရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။🤗❤️
🚨သတိပြုရန်🚨
English ဘာသာစကားကို အမှန်တကယ်တတ်မြောက်လိုသူများသာ ဆက်သွယ်ရန်...
☎️အသေးစိတ်ကိုဆက်သွယ်မေးမြန်းလိုပါက 🔸page messenger သော်လည်းကောင်း
🔸လူကိုယ်တိုင်လာရောက်၍သော်လည်ကောင်း
🔸ဖုန်းဆက်၍သော်လည်းကောင်း
စုံစမ်းနိုင်ပါတယ်ရှင့်...
20/05/2026
သားသားမီးမီးတို့၏ကျောင်းဆင်းပွဲ ဓာတ်ပုံများ ရပါပြီ။
ရန်ကြီးအောင်ကျောင်းတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
(၃)ထိပ်ကျောင်းမှ သားသားမီးမီးများ
Tr Lai အိမ်တွင် သွားရောက်ထုတ်ယူနိုင်ပါသည်ရှင်။ အမှတ်၆၁၇(ခ)၊ပန်းခြံ(၁၁)၊ရတနာပုံလမ်း၊
(၉)ရပ်ကွက်၊ရွှေပြည်သာမြို့နယ်။
သားသားမီးမီးတို့၏ ချစ်စရာကောင်းသောငယ်ဘဝ အမှတ်တရကောင်းလေးများဖြစ်ပါတယ်ရှင်။😍
Small jumps, big growth 🌈
Hop hop hop 🐾💛
Tiny feet, big energy ✨
Jumping into learning ကွင်းလေးတွေထဲ ခုန်ပြီး
Gross motor skills တိုးတက်အောင် ကစားကြရအောင်။🥳🤩
14/05/2026
Shape ကလေးတွေသင်ကြားရင်း parts of the body ဖြတ်ညှပ်ကပ်လေး လုပ်ရအောင် 🟠🟥❤️
13/05/2026
သားသားမီးမီး လေးတို့၏ “လက်ချောင်းသေးသေးလေးတွေရဲ့ coordination နဲ့ fine motor skills ဖွံ့ဖြိုးလာစေဖို့ fun activities များ ပြုလုပ်ခြင်း ပုံရိပ်လေးများဖြစ်ပါတယ်ရှင့်။🤩🥳
“ကလေးတွေရဲ့ hand control နဲ့ problem-solving skills ကို TR Phyo preschool မှပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။ 🤍”
08/05/2026
Nursery တန်းမှ သားသားမီးမီးလေးတို့၏ ဥာဏ်ရည်ဖွံ့ဖြိုးမှုနှင့် ပျော်ရွှင်စွာ ကစားနေကြသော ပုံရိပ်လေးများ ဖြစ်ပါတယ်ရှင့်။❤️
08/05/2026
Parts of the body မှ Head 🙂↕️ပုံလေးအားဆေးရောင်ခြယ်ခြင်း။
07/05/2026
7.5.2026 ...ကြာသပတေးနေ့တွင် ကျရောက်သော သားလေး မောင် သက်ဦး အောင်၏ (၅)နှစ်ပြည့် မွေးနေ့၌ Tr Teacher Phyo - Pre School မှ သားသား မီးမီး လေးတို့ အား U ဒိန်ချဉ်, Cake boy နှင့် မွေးနေ့ကိတ်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
ယခုလို သားသားမီးမီးတို့အား ကျွေးမွေးလှူဒါန်းပေးပါသော သားသာ မောင်သက်ဦးအောင် (၅)နှစ်ပြည့်မွေးနေ့မှ စ၍ အသက်ရှည် အနာရောဂါကင်းပြီး မိဘကိုအကျိုးပြုနိုင်သော သားကောင်းရတနာလေးဖြစ်ပါစေ ။ ဘဝရည်မှန်းချက် အကောင်းဆုံး အကောင်အထည်ဖော်နိုင်ပြီး..ပညာတတ်ကြီးဖြစ်ပါစေလို့ TR Phyo preschool မှ ဆရာမများအားလုံးက မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။
Happy birthday pr သားသားလေး သက်ဦးအောင်ရေ☃️🍰🎂
04/05/2026
4.5.2026 တွင် ကျရောက်သော သမီးလေး မရွှေပိုးရတီအောင်၏ (၄)နှစ်ပြည့် မွေးနေ့တွင် Tr phyo preschool မှသားသားမီးမီးများအား ထောပတ်ထမင်း,ရေခဲမုန့် နှင့်ကိတ်မုန့်များအား ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
သမီးလေး ရွှေပိုးရတီအောင် (၄)နှစ်ပြည့်မွေးနေ့မှစ၍ ဖေဖေမေမေအပေါ် သိတတ်လိမ္မာပြီး ပညာရေးမှာ ထူးချွန်တဲ့သမီးကောင်းရတနာလေး ဖြစ်ပါစေ မိသားစုအကျိုး အများကျိုး သယ်ပိုးထမ်းဆောင်နိုင်သော လူရည်ချွန်လေး ဖြစ်ပါစေလို့ Teacher Phyo - Pre School မှ ဆရာမများ အားလုံးမှ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။
Happy birthday ပါ သမီးလေးရွှေပိုးရေ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Maharmyaing
Yangon
YANGON
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |