SHGC Group Of Co.Ltd.,
မြေအကြောင်း
၁။ (က) မြေပိုင်မြေ (ခ) ဘိုးဘွားပိုင်မြေ (ဂ) ဂရန်ရှိမြေပိုင်မြေ
ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။
(၃) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၄) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်ဆိုင်သူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူး ကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့် ရှိသည်။
မှတ်ချက်(မြေအမည်ပေါက်ထံမှအမွေဆက်ခံသူ မသေဆုံးမီနှင့်လွှဲစာ ပြန်လည်မရုပ်သိမ်းမီကာလအတွင်း)။
(၅) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၆) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၇) မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း ၊တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ၊မြေဧရိယာတစ်ခု လုံးကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။
(၈) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ် ချုပ်ဆိုဝယ်ယူနိုင်သည်။
♦ မြေငှားဂရန်မြေ
မြေများကို စည်းကမ်းချက်သတ်မှတ်၍ အနှစ်(၆၀) ၊ အနှစ်(၉၀) ၊ ၂၅ နှစ်အစရှိသော နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက်က (၃)လတစ်ကြိမ် မြေခွန်ဆောင်ရသည်။
(၂) အဆောက်အဦးရှိပါက (၃)လတစ်ကြိမ် အဆောက်အဦးခွန် ဆောင်ရသည်။
(၃) မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။
(၄) မြေအမည်ပေါက်သူထံမှ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူက ရောင်းချခွင့်ရှိသည်။
(၅) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ် လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။မှတ်ချက်(မြေအမည်ပေါက်မသေဆုံးမီနှင့် လွှဲစာပြန်လည်မရုမ်သိမ်းမီကာလအတွင်း)။
(၆) မြေအမည်ပေါက်၏ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၇) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၈) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့် ရှိသည်။
(၉) မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊ ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်လည်း ကောင်း ရောင်းချခွင့်ရှိသည်။မှတ်ချက်(ရောင်းချသည့်အစိတ်အပိုင်းအတွက် ဂရန်ခွဲလျှောက်ထားနိုင်သော်လည်း မျက်နှာစာအနည်းဆုံးပေ(၂၀)ရှိရန်နှင့်စတုရန်းပေ(၁၂၀ဝ)ရှိရန်လိုသည်။
(၁၀) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအားဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။
♦ ပါမစ်မြေ
စည်ပင်ဝပြောမှုမရှိသေးသည့်နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့်အိမ်ယာဆောက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။
(၁) ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။
(၂) ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက ရောင်းချခွင့်ရှိသည်။
(၃) ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက မြေငှားဂရန် လျှောက်ထားနိုင်သည်။
(၄) မြေငှားဂရန်တွင် လျှောက်ထားသူအမည်ဖြင့်သာ ရရှိပါသည်။
♦ လိုင်စင်မြေ
မြို့နှင့်ရွာများအက်ဥပဒေအရ သတ်မှတ်သည့်မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသော
မြေမျိုး ဖြစ်သည်။
ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေ၊ လယ်ယာမြေများသည် လိုင်စင်မြေများဖြစ်ပါသည်။လယ်ယာမြေတွင် အသုံးမဝင်ကြောင်း ဝန်ခံချက် လက်မှတ် ရရှိပြီး လန(၃၉)ထွက်ရှိမြေနှင့် အိမ်ယာမြေ သတ်မှတ်သည့် ၃(ခ)
ထွက်ရှိ မြေများကို မြေငှား ဂရန် လျှောက်ထားလျှင် မြေငှား စာချုပ် ထုတ်ပေး ပါသည်။
♦ အိမ်အမျိုးအစားများ
၁။ Hall Type = အခန်းဖွဲ့စည်းထားခြင်း မရှိခြင်းကို ခေါ်သည်။
၂။ BN =အောက်ခြေအုပ်ခံ၍ ပျဉ်ထောင်အိမ် တည်ဆောက်ထားခြင်းကို ခေါ်သည်။
၃။ PT =သစ်သားများဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို ခေါ်သည်။
၄။ RC =အုပ်၊ ဘိလပ်မြေ၊ သံ၊ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို ခေါ်သည်။
credit-ဥပဒေရေးရာ
structure ကို စတင်လေ့လာမယ်ဆိုရင်
သင်္ချာဂဏန်းတွေကို ခဏမေ့ထားလိုက်ပါ။
သဘာဝတရားကြီးကို နှလုံးသားနဲ့ အနုပညာဆန်ဆန်ကြည့်ဖို့လိုတယ်။
ရေတပုံးကိုလက်နဲ့ဆွဲလိုက်တာနဲ့ ဘာလို့ ဒူးခေါင်းတွေက အားစိုက်ရတာလည်း စဉ်းစားဖို့လိုတယ်။
ရေပုံးရဲ့အားက လက်ဆီရောက်မယ်၊ လက်ကနေတဆင့် ပုခုံးဆီရောက်မယ်၊ ပုခုံးကနေတဆင့် ကြောရိုး၊ ထိုမှတဆင့် နောက်ဆုံး ဒူးခေါင်းဆီရောက်မယ်။
ဒါကဘာကိုပြောလည်းဆိုရင် Load Path ကိုပြောတာ။
အဆောက်အဦးပေါ်ကအမိုးရဲ့အလေးချိန်ကလည်း Foundation တူးထားတဲ့ မြေကြီးအထိကို ဒီနည်းအတိုင်းသွားပါတယ်။ ဒါကလည်း load path ပါ။
ကျွန်တော်တို့အပြင်မှာတွေ့နေရတဲ့ ဆိုင်းဘုတ်တွေ လေတွေ ဘယ်လောက်တိုက်တိုက် ဘာလို့ ယိုင်လဲမသွားလည်း။ ဒါဘာလို့လည်း။
ဒါလည်း Load Path ပါဘဲ။ လေက အလျှားအတိုင်း horizontal အတိုင်းတိုက်မယ်။ ဒီလိုဆိုရင် ဆိုင်းဘုတ်ကို ထောင်ထားတဲ့တိုင်လုံးက နာရီလက်သံအတိုင်း လည်သွားနိုင်တယ်။ ဒါဆိုရင် ဘာလို့မလည်သွားလည်းမေးစရာရှိတယ်။ ဒါတွေက ဘာကြောင့်လည်းဆိုရင် cantilever ကြောင့်။ လေတိုက်တဲ့အခါ ဆိုင်းဘုတ်ရဲ့တိုင်ဆိုတာ မြေကြီးပေါ်မှာ စိုက်ထားတဲ့ cantilever ဒုတ်ချောင်းကြီးတစ်ချောင်းဘဲ။
မြေကြီးပေါ်ကို ဒုတ်ချောင်း တစ်ချောင်းစိုက်ကြည့်ပါ။ ပြီးရင် ဘေးကို လက်နဲ့တွန်းကြည့်။ သူက ဘေးကို ယိုင်မသွားနိုင်ဘူး။ ကိုယ်တွန်းတဲ့အခါ ကိုယ့်လက်ကို ပြန်တွန်းနေတဲ့ အားလေးတခုရှိလိမ့်မယ်။ အဲ့ဒါကို Moment လို့ခေါ်တယ်။
(အမှန်တော့ reaction ကြောင့်လို့ပြောရင် ပိုမှန်တယ် ဒါပေမယ့် shear အနေနဲ့ မရှင်းပြချင်လို့ပါ။ moment လို့ ခဏမှတ်ထားအုံး)
ဘာဖြစ်သွားလည်းဆိုရင် မြေကြီးနေရာမှာ ဒုတ်ချောင်းက cantilever action ဝင်ပြီး moment လေးလာပေါ်နေတာ။ စိုက်ထားတဲ့ ဒုတ်က ရှည်လေလေ distance များလေလေ စိုက်ထားတဲ့တိုင်ဟာ ယိုင်လည်းသွားနိုင်လေလေဘဲ။
ဒီတော့ တိုင်ရှည်ရှည်ထောင်ချင်ရင် မြေကြီးထဲကိုလည်း နက်နက်လေးတူးလို့ အပြင်မှာပြောနေကြတာမလား။ ဘာလို့လည်းဆိုရင် cantilever moment များများရချင်လို့။ တွန်းတဲ့အားများလေလေ မြေကြီးထဲကို နက်နက်ကလေး စိုက်ရလေလေဘဲ။
တခါတလေ ဘေးကနေတွန်းတဲ့အခါ မြေကြီးက ဖွမထွက်သွားဘဲ တိုင်ရဲ့အလည်ကနေ ကျိုးသွားနိုင်သေးတယ်။ ဒါဘာလို့လည်းဆိုရင် အောက်ခြေ cantilever moment ကြောင့် တိုင်မှာ tension နဲ့ compression လာဖြစ်တာ။ ဒါကိုမခံနိုင်ရင်လည်း တိုင်က ကျိုးမှာဘဲ။
အပေါ်ကမေးခွန်းကို ပြန်ဖြေရရင် ဆိုင်းဘုတ်တွေ လေတိုက်တဲ့အခါမှာ မလဲကျတာက Load path ကြောင့်ပါ။ လေက ဘေးကိုတွန်းတဲ့အားကို တိုင်ကယူမယ်။ ပြီးတာနဲ့ မြေကြီးက cantilever moment action နဲ့ ပြန်ထိမ်းမယ်။ သူက ဒီတိုင်းတော့မနေဘူး။ tension နဲ့ compression ကို တိုင်ကို ပြန်ပေးအုံးမှာဘဲ။ ဒါကို တိုင်ကလည်း ခံနိုင်တယ်ဆိုရင်တော့ အဲ့ဆိုင်းပုဒ်ဟာ လေတိုက်တဲ့အချိန်မှာ ဘာမှမဖြစ်ဘူး။ မဟုတ်ရင် လေတိုက်တာကြောင့် ၂ မျိုးဖြစ်နိုင်တယ်။ မြေကြီးတွေ ဖွာထွက်ပြီး လဲကျသွားတာရယ်၊ တိုင်ကျိုးသွားတာရယ်ပေါ့။
*******
ကျတော့် Structure စာအုပ်အသစ်က အခန်း ၁၂ ခန်းပါပါတယ်။ သင်္ချာတွေ တွက်တာ ချက်တာတွေ တလုံးမှမပါဘူး။ ကိန်းဂဏန်းတွေလည်းမပါဘူး။ အခုအပေါ်မှာ ရေးထားသလို philosophy တွေကြီးပါပဲ။ အဲ့ထဲကစာပါ။
စာအုပ်နမ်မည်က
Building structures for Architect and Engineer
ဒီစာအုပ်ကို အကုန်ဖတ်ပြီးသွားတဲ့အချိန်မှာ ခင်ဗျားတို့ရဲ့ အတွေးခေါ်တွေဟာ ဆန်းသစ်လာမယ်။ လောကကြီးကို အမြင်တမျိုးနဲ့ ရှုမြင်တတ်လာမယ်။ အင်ဂျင်နီယာတယောက်အနေနဲ့ဖြစ်ဖြစ် အာခီတက် တယောက်အနေနဲ့ဖြစ်ဖြစ် အဆောက်အဦးတခုအပေါ်မှာ ရှုမြင်တဲ့ပုံစံဟာ စနစ်ကျလာမှာတော့ အမှန်ပါ။
တကယ်တော့ သင်္ချာတွေရှောင်ပြီး structure စာအုပ်ရေးဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။ ဒါလုပ်ချင်ရင် ဒါလုပ်ပါဆိုတဲ့ အတွေးမျိုး ကျတော် ဘ်ာတော့မှမပေးပါဘူး။ ဒါကြောင့်လည်း အပြင်မှာစာမသင်တာပါ။ Design Example တွေထက် ခင်ဗျားတို့ရဲ့ structural thinking concept ကို အဆင့်မြင့်ပေးစေချင်လို့။
Areindamar Engineering Development မှ
ကူးယူဖော်ပြပါသည်။
18/02/2022
Steel structureရဲ့ သဘောတရားတချို့
တပ်ဆင်နည်းသေးစိပ်ကို လဲ videoဖြင့်ကြည့်ရှူနိုင်ပါသည်
https://youtu.be/7u84pO5-bto
စက်မူလက်မူပညာကိုလဲ၀ါသနာလဲပါ ပညာသင်လဲ ဖြစ် ဖန်တီးရတာ လဲကြိုက်တယ်ဆိုရင်video လေးတွေကြည့်ပီးပြုလုပ်နိုင်ဖို့
လက်တွေ့ပြုလုပ်သုံးပြုချင်သူတွေအတွက် video နှင့်တကွ သဘောပေါက်လွယ် အောင် ကြိုးစားပီးတင်ဆက်ပေးနေတဲ့ admin ရဲ့
Youtube channel လေးကို👇👇👇
https://youtube.com/channel/UCuhuMd6HaHeL0CVHx8kdIpA
subscribe လုပ် ပီးအားပေးနိုင်ပါသည်
မိတ်ဆွေရဲ့ subscribe တသ်ခုက နောက်ထပ်ပိုစ်တွေတင်ဖို့တွက်အားဖြစ်စေမှာပါ
စိတ်ကူးကြံဉာဏ်သစ်တွေနဲ့ လုပ်ငန်းတွင်စေဖို့
ဗဟုသုတတွေအမြဲတင်ပေးနေတဲ့ groupလေးကိုjoinထားဖို့ ဖိတ်ခေါ်ပါရစေ👇
https://www.facebook.com/groups/3718898681453883/?ref=share👈
Click here to claim your Sponsored Listing.
Website
Address
Yangon