Venus Lab

Venus Lab

Share

25/08/2022

AutoComplete Search ဒါမှမဟုတ် Predictive Search Feature ဟာ Website ထဲက Search box မှာ စာရိုက်ထည့်ရင် keyword နဲ့ ပတ်သတ်တဲ့အရာများကို ခန့်မှန်းပေးတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။

Google Search Box မှာ တစ်ခုခု ရှာဖို့ စာရိုက်ထည့်ရင် ထပ်ရိုက်ရမယ့် စကားလုံးကို ခန့်မှန်းပြီး auto ဖြည့်ပေးတဲ့အပြင် Keyword တွေ မှားနေရင်လည်း Correct လုပ်ပေးတဲ့ features ကိုပြောတာပါ။

ဒီ Features အလုပ်လုပ်တဲ့ ပုံစံက ရိုးရှင်းပါတယ်။ သင် Search Box မှာ Keyword တွေ ရိုက်ထည့်တဲ့အခါ search engine algorithm က data နဲ့ ကိုက်ညီတဲ့ keyword နဲ့ Contents တွေကို generate လုပ်ပေးပြီး သင် ရှာနေတဲ့အရာကို Complete ဖြစ်သွားအောင် ကူညီပေးပါတယ်။

ဒီ Features ကို Google က 2004 မှာ စတင် မိတ်ဆက်ခဲ့ပြီး ဒီ feature ရဲ့ သက်တမ်းဟာ အခုဆို 15 နှစ်ကျော်နေပါပြီ။
Google ဟာ လူသုံးအများဆုံး Search Engine ဖြစ်တာနဲ့အညီ Autocorrect, Autocomplete, “did you mean” ပုံစံအကုန်လုံး သုံးပါတယ်။ ဒီ suggestions တွေကို google က သင့် search history နဲ့ algorithm က Ranking လုပ်ပေးတဲ့ URL တွေကို base လုပ်ပြီး ပြပေးတာပါ။

Amazon ကတော့ Google နဲ့ မတူတဲ့ A9 လို့ခေါ်တဲ့ Search Algorithm ကို အသုံးပြုပါတယ်။ ဒီ Algorithm ဟာ Sale Conversions တွေကို အဓိကထားပြီး Keyword တွေကို Suggest လုပ်ပေးတဲ့အတွက် E-Commerce Website တွေအတွက် ထိရောက်ပါတယ်။

Pinterest Website ဟာလည်း user ရဲ့ previous search history ကို base ထားပြီး ပို relevance ဖြစ်တဲ့ keyword တွေ ပြပေးနိုင်တဲ့ ကိုယ်ပိုင် algorithm တစ်ခုကို အသုံးပြုပါတယ်။

Auto Correct Search Feature ဟာ Website တွေမှာ မလိုအပ်ဘူးလို့ ထင်ရပေမဲ့ User ကို Content တွေနဲ့ Products တွေ အကြောင်းကို ကောင်းကောင်းသိအောင် လုပ်ပေးနိုင်တဲ့အပြင် အကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်။

1. Offer Successful Queries
Autocomplete Search Features ဟာ User တွေရှာနေတဲ့အရာအတွက် relevant ဖြစ်တဲ့ information တွေ ပေးနိုင်တဲ့အတွက် လိုအပ်တာကို အမြန်ဆုံးရှာတွေ့အောင် ကူညီပေးပြီး User တွေကိုလည်း သူတို့ရှာနေတဲ့ keyword အတွက် ယုံကြည်မှု ပိုရှိစေပါတယ်။

2. Decreases Search and Typing Time
Autocomplete Search Feature ဟာ လျင်မြန်စွာ ပြသပေးတဲ့အတွက် User အနေနဲ့ query ကိုအပြည့်အစုံ ရိုက်ထည့်စရာ အမြဲတမ်း မလိုအပ်ပါဘူး။ ဒါက စာရိုက်ရတဲ့ အချိန်နဲ့ overall search ပြုလုပ်ရတဲ့ အချိန်ကို လျော့ချပေးပြီး User Experience ကိုလည်း တိုးတက်စေပါတယ်။

3. Improve Sale
Research အချက်အလက်တွေအရ ဒီ features အသုံးပြုတဲ့ E-Commerce Website တွေဟာ မသုံးတဲ့ Site တွေထက် ရောင်းအား 11 % ပိုကောင်းပြီး coversion rate နဲ့ customer engagement လည်း 20 % တိုးခဲ့ပါတယ်။

Auto Search Features ကို E-Commerce Market မှာ 80 % လောက်အသုံးပြုကြပေမဲ့ ထိရောက်အောင် အသုံးပြုတဲ့ Site တွေဟာ နည်းပါသေးတယ်။ ဒီ feature ကို သင့် Website မှာ ထိရောက်အောင် အသုံးပြုချင်ရင်တော့ Venus Lab ကို ဆက်သွယ်လိုက်ပါ။

📞09962092215
💻www.venuslab.co

09/07/2022

We are currently seeking a business development manager to lead the business development team. The business development team is responsible for setting goals and developing plans for business and revenue growth. Researching, planning, and implementing new target market initiatives. Researching prospective accounts in target markets.

Responsibilities:
- Searching for potential new clients to offer the software development services

- Establishing and maintaining good client relationships with responsible accounts.

- Contributing strongly to the sales target to achieve the company's KPI

- Overseeing and participating in each business process, including serving as a member of the pitch team, delivering strong analytics, and completing other duties as necessary.

- Business development planning, proposal development, and provision of professional account service.

- Other business development-related duties as assigned by superior

Requirements:
- Bachelor's Degree in Business or IT or related disciplines. (If you have proven records but don't have a degree, you can apply)

- Over 5 years of experience relevant in software sales, b2b marketing, digital marketing, etc.

- Passionate, result-oriented, and positive.

- Able to lead the team, set the goals, track and measure

- Presentable, strong in communication and negotiation skills.

- Good command of both spoken and written English.

Company Overview
Venus VenusLab is a group of well-experienced and highly-trained professionals with extensive experience in the software development industry. We develop customized software solutions, websites, mobile apps, and games.

We create a human-centered design approach for building apps, websites, and games. We brainstorm, design, and code to build impactful digital products. We don’t just build what the clients ask for, we recommend and implement the solutions to achieve their objectives based on industry best practices and standards. We make sure to deliver products & services with the best qualities on time and on budget.

How to apply?
You can send your CV to [email protected]

27/04/2022

Customer Acquisition Cost (CAC)
CAC ဆိုတာ သတ်မှတ်အချိန်တစ်ခု အတွင်းမှာ သင့်လုပ်ငန်းအတွက် Customer အသစ်တစ်ယောက် ရရှိဖို့ အသုံးပြုရတဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်။

Customer Retention Cost (CRC)
Customer retention cost ကတော့ သင့်ဆီက ဝယ်ယူပြီးသား Customer တစ်ယောက်ဟာ နောက်ထပ် Repeated purchases တွေလုပ်ဖို့ သင့်အနေနဲ့ အသုံးပြုရမယ့် ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။

Customer Retention က သင့်လုပ်ငန်းအတွက် ဘာကြောင့်အရေးကြီးတာလဲ?

Customer Retention ဟာ သင့်လုပ်ငန်းရဲ့ ROI(Return of Investment) ကို သိသိသာသာ ပိုများစေပါတယ်။ ရှိပြီးသား Customer တွေကို ရောင်းရနိုင်ခြေဟာ 60-70% အထိရှိပြီး Customer အသစ်တွေကို ရောင်းရနိုင်ခြေဟာ 5 – 20 % ပဲရှိပါတယ်။ Customer retention က လုပ်ငန်းရောင်းအား ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။

Customer အသစ်တစ်ယောက်ရှာရတာဟာ ရှိပြီးသား Customer တွေကို ထိန်းသိမ်းရတာထက် Cost ပိုကုန်ပါတယ်။ ဒါပေမဲ့ New Customer တွေ မရှိရင် existing customer ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် Customer အသစ်ရှာတာနဲ့ Customer retention လုပ်တာဟာ balance ဖြစ်နေဖို့ လိုအပ်ပါတယ်။ သင့်ဆီက တစ်ကြိမ် ဝယ်ယူပြီးသား Customer တစ်ယောက်ဟာ နောက်တစ်ကြိမ် ထပ်ဝယ်ယူနိုင်ခြေ 25 % လောက်ရှိပြီး နှစ်ကြိမ်လောက်ဝယ်ပြီးရင်တော့ ထက်ဝယ်နိုင်ခြေ 45 % လောက်အထိ ရှိပါတယ်။ ဝယ်ယူမှုအကြိမ်တိုင်းမှာ သင်ဟာ ကောင်းမွန်တဲ့ service နဲ့ experience တွေပေးနိုင်တယ်ဆိုရင်တော့ Customer တွေဟာ သင် Brand ကို အသုံးပြုရတာ ပိုကြိုက်လာမှာသေချာပါတယ်။
ဒါကြောင့် Customer Retention အတွက် အသုံးပြုနိုင်မယ့် အကောင်းဆုံး Strategy 5 ခု ဖော်ပြပေးလိုက်ပါတယ်။

1. Know How They Feel.
Customer တွေ သင့် Product ကို အသုံးပြုချိန်မှာ ဘယ်လိုခံစားရလဲဆိုတာ သင် သိသင့်ပါတယ်။ အဓိကအချက်အနေနဲ့ သူတို့ဘယ်လို အခက်ခဲတွေ ရင်ဆိုင်နေရလဲ ဆိုတာ သိအောင်လုပ်ပါ။ ဒါတွေက သင့်ကို ပိုကောင်းပြီး Customer တွေ တကယ်လိုအပ်တဲ့ service တွေပေးနိုင်အောင် ကူညီပေးပါတယ်။ ဝယ်ယူနေချိန်အတွင်းမှာ Customer ရရှိတဲ့ Service နဲ့ experience က သူတို့ရဲ့ Buying decision ကို အများကြီး သက်ရောက်မှုရှိပါတယ်။

2. Stay in Touch.
Customer တွေနဲ့ အမြဲတမ်း communication ရရှိအောင် တနည်းနည်းနဲ့ ဆောင်ရွက်ထားသင့်ပါတယ်။ Customer တွေက သင့်ဆီက ဝယ်ယူတိုင်း သင့် Brand ကိုယုံကြည်တယ်လို့ ပြောလို့မရပါဘူး။ သူတို့မှာ တခြားရွေးချယ်စရာမရှိလို့ ဝယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Customer တွေဘက်က interact မလုပ်လဲ သင့်အနေနဲ့ မကြာခဏ Follow up လုပ်ပေးသင့်ပါတယ်။

3. Educate Your Customer.
Customer တွေ သင့် Products ဒါမှမဟုတ် Service အကြောင်းကို ပိုသိအောင် သင့်အနေနဲ့ knowledge community တွေ၊ forum တွေ ပြုလုပ်ထားသင့်ပါတယ်။ သင့် Business နဲ့ Product အပေါ်မူတည်ပြီး Customer တွေ သိထားသင့်တဲ့ အချက်တွေကို Activity တစ်ခုအနေနဲ့ sharing လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာက သင့် Brand ကို ယုံကြည်မှုပိုရှိစေပြီး Customer Lifetime Value ပိုများလာအောင် ကူညီပေးပါတယ်။

4. Start Retention Program
Gifts နဲ့ discounts တွေဟာ ဝယ်ပြီးသား Customer တွေ ပြန်လာနိုင်ဖို့အကောင်းဆုံး program တွေထဲမှာပါဝင်ပါတယ်။ ဉပမာအနေနဲ့ Customer ဝယ်ယူတာများတဲ့ Product တွေကို discount ပေးတာမျိုး ဒါမှမဟုတ် ဝယ်ယူနေကျ Customer တွေကို VIP အနေနဲ့ gift တွေနဲ့ services ပေးတာမျိုးတွေ အများကြီး ရှိတဲ့အတွက် သင်လုပ်ငန်းနဲ့ကိုက်ညီတာကို အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် Gamification ကို အသုံးပြုပြီး loyal customer တွေကို rewards ပေးတဲ့ strategy တွေကိုလည်း အောင်မြင်တဲ့ လုပ်ငန်းတွေမှာ အများကြီး အသုံးပြုနေကြပါတယ်။

5. Customer Surveys
Customer တွေကို Survey လုပ်တာက သင့်လုပ်ငန်းမှာ ဘာတွေ ပိုတိုးတက်အောင်လုပ်ရမလဲ၊ ဘာတွေပြောင်းလဲသင့်လဲ၊ Customer တွေကော ကြိုက်ရဲ့လား ဆိုတဲ့ information တွေအများကြီး ရပါတယ်။ ဒါအချက်တွေက သင့် Customer တွေရဲ့ buying journey နဲ့ after sales အခြေအနေတွေမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်နိုင်အောင် ကူညီပေးပါတယ်။

www.venuslab.co

23/03/2022

AI (Artificial Intelligence) နဲ့ ML(Machine Learning) technology တွေဟာ Customer တွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေ အများကြီးကို ဖြည့်ပေးနိုင်ပြီး ပိုကောင်းတဲ့ experience တွေရရှိအောင် ကူညီပေးပါတယ်။ ဒါကြောင့်လည်း AI နဲ့ ML technology တွေကို healthcare၊ retail၊ ecommerce နဲ့ transportation အပါအဝင် industries အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ Solution တစ်ခုအဖြစ် အသုံးပြုနေကြပြီး planning process တွေ၊ decision making process တွေကို လွယ်ကူမြန်ဆန်အောင် လုပ်ပေးပါတယ်။ AI နဲ့ ML technology တွေကို Business တွေမှာ Solution တစ်ခုအဖြစ် ဘယ်လိုပုံစံနဲ့ အသုံးချနေကြလဲဆိုတာ အခုပဲ ဖတ်ကြည့်လိုက်ပါ။

1. Recommendation Engine
AI နဲ့ ML နည်းပညာတွေ အသုံးပြုပြီး User တွေကို သူတို့ကြိုက်တဲ့ Products တွေ၊ services တွေ၊ Recommendation ပြုလုပ်ပေးနိုင်တဲ့ engine တွေ တည်ဆောက်နိုင်ပါတယ်။ ဒီလို AI engine များဟာ recommendation တွေကို User တွေရဲ့ behavior ပေါ်မူတည်ပြီး ပြုလုပ်ပေးနိုင်တဲ့အတွက် media၊ entertainment နဲ့ shopping industries များမှာပါ တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

2. Ranking Post on Social Media
Social Media Company တွေဟာ AI နဲ့ ML technology တွေကို အသုံးပြုပြီး User နဲ့ ကိုက်ညီမယ့် Post တွေကို ပြပေးနိုင်တဲ့ algorithm တွေကို အသုံးပြုကြပါတယ်။ သင့် new feed မှာ ဘယ် post ပြီးရင် ဘယ် post တတ်မလဲဆိုတာကို ဒီ algorithm ကဆုံးဖြတ်ပေးပြီး App အသုံးပြုချိန် ကြာအောင် သင်ကြည့်ချင်တဲ့ Post တွေကိုသာ ဦးစားပေး ပြတာမျိုးတွေကို လေ့လာနိုင်ပါတယ်။

3. Customer Lifetime Value Metrics
Retailers အများစုဟာ Machine learning အကူညီနဲ့ Customer lifetime value သိနိုင်ဖို့ လုပ်ဆောင်နေကြပါပြီ။ CLV ဟာ Customer တစ်ဦးဆီမှ သင့် Profit ဘယ်လောက် ရရှိနိုင်မလဲဆိုတာ ခန့်မှန်းပေးနိုင်တဲ့အပြင် သင့်ကို မလိုအပ်တဲ့ ကြော်ငြာစားရိတ်တွေ လျော့ချနိုင်အောင် ကူညီပေးပါတယ်။ CLV metric Result တွေက ပိုကောင်းတဲ့ Marketing Plan တွေ ပြုလုပ်နိုင်အောင်နဲ့ Customer တွေကို ပိုကောင်းတဲ့ offer တွေပေးနိုင်အောင် ကူညီပေးပါတယ်။

4. Self-Driving Cars(autonomous car)
လူမပါဘဲ မောင်းနိုင်တဲ့ ကား system တွေကို Machine learning technology များအသုံးပြုပြီး ထုတ်လုပ်နိုင်ပါတယ်။ Al နဲ့ ML tech တွေကို Sensor များ၊ Cameras နဲ့ radar များပါဝင်တဲ့ System တစ်ခုအဖြစ် ကားနဲ့ပေါင်းစပ်ပြီး လူကိုယ်တိုင် operate လုပ်စရာမလိုဘဲ တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်တဲ့ ကားတွေကို google အပါအဝင် Company အတော်များများဟာ စမ်းသပ်နေကြပြီး မကြာခင် စျေးကွက်ထဲ ရောက်ရှိလာနိုင်ပါတယ်။

5. Categorized Information
AI technology ဟာ data တွေအများကြီးထဲမှ တူညီတဲ့ information တွေ၊ Image တွေကို ရွှေးထုတ်ပြီး User တွေ ရှာရတာလွယ်ကူအောင်နဲ့ အချိန်ကုန် သက်သာအောင် စုပေးနိုင်ပါတယ်။ အရမ်းများတဲ့ Data တွေကို Machine Learning algorithm တွေနဲ့ Auto classification များပြုလုပ်နိုင်ပြီး data types နဲ့ location တွေကိုလည်း အလွယ်တကူ ရှာလို့ရအောင် ပြုလုပ်နိုင်ပါတယ်။

Artificial Intelligence ဟာ Cost effective ဖြစ်ပြီး business တွေအတွက် အကျိုးအများကြီးရှိတဲ့ technology တစ်ခုပဲဖြစ်ပါတယ်။ သင့် Business ကို AI နဲ့ ML technology အသုံးပြုပြီး ဘာတွေ ပိုကောင်းလုပ်နိုင်မလဲဆိုတာ သိချင်ရင် Venus Lab မှာ အခမဲ့ ဆွေးနွေး တိုင်ပင်လို့ ရပါတယ်။

09971689452
www.venuslab.co

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No 204. 8 Floor, Tower A The Leaf Residence, Dhamma Thukha Street Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00