Talent Nest
01/03/2021
" အောင်မြင်သူတွေက ပိုကောင်းတဲ့ မေးခွန်းမျိုးတွေ မေးတတ်ကြတယ်။ရလဒ်အဖြစ် ပိုကောင်းတဲ့အဖြေတွေ သူတို့ရကြတယ်။ "
- Tonny Robbins
11/02/2021
စာလေ့လာနေစဉ် အာရုံစိုက်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက် ၄ ချက်
ကျောင်းသားတွေအနေနဲ့ရော လုပ်ငန်းခွင် ဝင်နေတဲ့သူတွေပါ ပညာရပ်တွေကို လေ့လာရတဲ့ အခါ မဖြစ်မနေ စာလုပ်ဖို့ အတွက်တော့ အချိန်တွေ ပေးရမှာပါ။ဒီလို စာတွေလေ့လာနေတဲ့အချိန်မှာ အာရုံမပြန့်လွင့်ပဲ စာထဲကိုပဲ အာရုံစိုက်နိုင်စေမယ့် အချက်လေးတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်ပါတယ်။
1. လေ့လာဖို့အတွက် အစီအစဉ်ကြိုချထားပါ။
သင့်အတွက် နေ့စဉ်၊အပတ်စဉ် သို့ လစဉ် စာလေ့လာဖို့ အတွက် အစီအစဉ်တွေ ကြိုတင်ချရေးထားပါ။တစ်နေ့တာ စာမလေ့လာခင်တိုင်း သင့်အတွက် ဦးစားပေးလေ့လာရမယ့် အရာတွေကို ကြိုတင် ပြင်ဆင်ထားပြီး သင်ခန်းစာ တစ်ခု သို့ သင် သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ ထိ လေ့လာပြီးသွားတိုင်း ခဏတာ အနားယူပြီးမှ ပြန်လေ့လာဖို့ မမေ့ပါနဲ့။
2. နေရာကောင်းတစ်ခု ကြိုတင်ဖန်တီးထားပါ။
နေရာကောင်းတစ်ခုကို ရွေးချယ်ပါ။ အာရုံစိုက်နိုင်ဖို့အတွက် သင့်ကို အာရုံပြန့်လွင့်စေမယ့် အရာတွေနဲ့ ဝေးကွားနေစေဖို့ လိုပါတယ်။ဖုန်းတွေကို ဖယ်ထားပါ။TV ကို ပိတ်ထားပါ။သင်ရဲ့ Laptop က Web browser တွေကိုလည်း ပိတ်ထားပါ။လူတွေရဲ့ ဆူညံသံတွေ သိပ်မကြားနိုင်မယ့် နေရာမျိုးကို ရွေးချယ်ပါ။စာကြည့်စားပွဲ သို့ ထိုင်ခုံမှာ မတ်မတ်ထိုင်ပါ။အိပ်ရာထဲမှာ လျဲလျောင်းပြီး စာကြည့်တာမျိုး သို့ အိပ်ပျော်စေနိုင်မယ့် ပုံစံမျိုးနဲ့ စာမကြည့်ပါနဲ့။အလင်းရောင်ကောင်းကောင်းရနိုင်မယ့် နေရာမျိုးကိုရွေးချယ်ပါ။
3. သီချင်းစာသားမပါတဲ့ ဂီတ သံလေးတွေ ဖွင့်ထားပါ။
တစ်ချို့လူတွေက တိတ်ဆိတ်မှုကို မကြိုက်ကြပါဘူး။စာကို တက်တက်ကြွကြွနဲ့ အာရုံစိုက်နိုင်ဖို့ အတွက် နောက်ခံ ဂီတသံလေးတွေ လိုအပ်တတ်ပါတယ်။classic ဆန်တဲ့ ဂီတသံမျိုးကတော့ စာလေ့လာနေတဲ့ အချိန်မှာ ဖွင့်ထားဖို့ အကောင်းဆုံးပါပဲ။တစ်ချို့တွေက တော့ အသံကြောင့် အနှောင့် အယှက်ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။အကယ်၍ သင်က ဂီတသံတွေနဲ့ စာလေ့လာဖို့ စမ်းမကြည့်ရသေးရင် စမ်းသပ်ကြည့်ပြီး သင့်ရဲ့ ရလာဒ် ဘယ်လို ဖြစ်နိုင်မလဲဆိုတာ လေ့လာကြည့်နိုင်ပါတယ်။
4. ကြိုတင်ပြင်ဆင်ထားပါ။
သင် လေ့လာဖို့ အတွက် လိုအပ်မယ့် ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားဖို့ မမေ့ပါနဲ့။ဘောပင်တွေ၊စာရွက်တွေ၊စာအုပ်တွေ၊ calculator တွေ၊highlighters တွေ အပြင် သင့် အတွက် လိုအပ်မယ့် အရာတွေကို တစ်စုတစ်စည်းထဲ သင် လေ့လာမယ့် နေရာမှာ ကြိုတင် နေရာချထားပါ။ သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျတဲ့ အပြင်အဆင်ကလည်း သင့် ကို အာရုံစိုက်နိုင်ဖို့ အထောက်အကူပြုစေနိုင်ပါတယ်။
* Talent Nest Page ကို Like & Follow လုပ်ပြီး အပတ်စဉ် တင်ဆင်ပေးနေတဲ့ သိမှတ်စရာတွေ အကြောင်း ကို ဖတ်ရှု့နိုင်ပါတယ် *
Ref: https://www.wikihow.com/Focus-on-Studying
28/01/2021
Coding Challenge တွေ ပြုလုပ်နိုင်မယ့် Websites 4 ခု
သင်က ပြိုင်ဆိုင်မှုတွေကို စိတ်အားထက်သန်တဲ့ Programming ကို လေ့လာနေတဲ့ သူလား?ဒါဆိုရင် တော့ သင့်ရဲ့ coding skills တွေကို Challenge ပြုလုပ်ပြီး ပိုမို တိုးတက်အောင် လေ့လာနိုင်မယ့် Websites 4 ခု အကြောင်းကို ဒီတစ်ပတ်အတွက် တင်ဆက်ပေးချင်ပါတယ်။
1. CodeChef
https://www.codechef.com/
CodeChef ကတော့ အိန္ဒိယ နိုင်ငံ အခြေပြု beginners, intermediate နဲ့ advanced coders တွေအတွက် challenge ပြုလုပ်နိုင်မယ့် website တစ်ခုဖြစ်ပြီး challenge တွေ က 100 နီးပါး ရှိပါတယ်။ သင်ကျွမ်းကျင်တဲ့ level အလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကွဲပြားခြားနားတဲ့ categories တွေကိုလည်း သီးခြားစီ စုစည်းပေးထားပါတယ်။ ဒါ့အပြင် coders တွေ programmers တွေအတွက် community တစ်ခုအနေနဲ့ ပြုလုပ်ထားပြီး ပါဝင်တဲ့သူတွေက tutorial ရေးသားခြင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်းတွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ပေးနေတာ လည်း ဖြစ်ပါတယ်။
2. Codewars
https://www.codewars.com/
Codewars မှာတော့ beginners နဲ့ intermediate coders တွေအတွက် coding challenges တွေကို များပြားလှစွာ စုစည်းပေးထားတာဖြစ်ပါတယ်။ သူတို့ရဲ့ challenges ပေါင်းများစွာကို တိုက်ရိုက်ဖြေရှင်းပြီး ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် challenges တိုင်းအတွက် ပါဝင်သူတွေရဲ့ ဖြေရှင်းပုံဖြေရှင်းနည်းတွေ နဲ့ ဆွေးနွေးချက်တွေကိုပါ သင့်အနေနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Challenges တွေက နေ point တွေ စုနိုင်၊ rank တွေ တက်နိုင်မှာ ဖြစ်ပြီး နောက်ထပ် advanced challenges တွေပါ ယှဉ်ပြိုင်နိုင်မယ့် ပုံစံမျိုး ပြင်ဆင်ပေးထားတဲ့ website တစ်ခုဖြစ်ပါတယ်။
3. Coderbyte
https://coderbyte.com/
Coderbyte မှာတော့ beginners နဲ့ intermediate coders တွေအတွက် challenges ပေါင်း 300 အထက် ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် web development, algorithms နှင့် data data structures တွေ အတွက် သင်တန်းတွေအပြင် boot camps တွေပါ ရှိနေပါသေးတယ်။ ထိပ်တန်း နည်းပညာ ကုမ္ပဏီ တွေရဲ့ coding interview တွေနဲ့ ပတ်သတ်တဲ့ content တွေကိုပါ ထပ်ဆောင်း လေ့လာနိုင်မှာ ဖြစ်လို့ coding skills တွေ တိုးတက်ဖို့အတွက် အသုံးပြုသင့်တဲ့ Websites ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။
4. LeetCode
https://leetcode.com/
LeetCode ကတော့ intermediate နဲ့ advanced coders တွေ ပါဝင် challenges ပြုလုပ်နိုင်မယ့် website တစ်ခုဖြစ်ပါတယ်။Challenges တွေကို အောင်နိုင်တဲ့ ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ ငွေသားဆုတွေနဲ့ gift cards တွေပါ ဆုတွေ အဖြစ်ရနိုင်မှာ ဖြစ်ပါတယ်။ဒီ website မှာတော့ algorithms, system design, shell, database, functional programming အပြင် အခြား အမျိုးမျိုးသော challenges မျိုးစုံ ရှိနေတာလည်း ဖြစ်ပါတယ်။
*** Talent Nest Page ကို Like & Follow လုပ်ပြီး အပတ်စဉ် တင်ဆက်ပေးနေတဲ့ သိမှတ်စရာတွေ အကြောင်း ဖတ်ရှု့နိုင်ပါတယ် ***
Reference: www.freecodecamp.org, www.webcreate.me, Google
Written by: Daniel Borowski, Andy Mathews
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
No. (71), Room B, 4th Floor, Upper Pazundaung Road, Mingalar Taung Nyunt, Township
Yangon