Brillenium Academia
03/03/2022
IGလေ့လာရာမှာ အသုံးပြုသင့်တဲ့ အချက် (၅) ချက်
🎓 အခြေခံအချက်တွေကို ပိုင်နိုင်ပါစေ
ပိုရှုပ်ထွေးတဲ့အချက်တွေ၊ သီအိုရီတွေကို မသင်ယူမီမှာ အခြေခံအချက်တွေကို အရင်ဆုံးစွဲမြဲနေအောင် မှတ်သားထားသင့်ပါတယ်။ ဒါမှသာ ရှေ့ကို ဆက်သင်ယူတဲ့အခါမှာ အခြေခိုင်မှာပဲ ဖြစ်ပါတယ်။ ဥပမာ…Geometryကိုလေ့လာတဲ့အခါ အခြေခံ မှန်ကန်ချက်တွေ၊ သီအိုရီတွေကို သိပြီးထားမှသာ ပိုပြီး အားစိုက်ရတဲ့ အကြောင်းအရာတွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
🎓🎓 အလွတ်ကျက်မှတ်တာကို လျှော့ပါ
IGကိုလေ့လာရာမှာ အလွတ်ကျက်မှတ်တာထက် သဘောတရားတွေကို နားလည်အောင် ကြိုးစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘောတရားနားလည်ပြီး တစ်ဆင့်ချင်းစီ ဖြေသွားတတ်မယ်ဆိုရင် အမှတ်ပေးစည်းမျဥ်းနဲ့ကိုက်မှာ ဖြစ်ပါတယ်။ အလွတ်ကျက်မှတ်ခြင်းက အမှတ်ပိုရမှာ မဟုတ်သလို ဖြေတဲ့နေရာမှာ အထောက်အကူပြုမှာလဲ မဟုတ်ပါဘူး။ ဒီတော့ အလွတ်ကျက်မှတ်တာကို လျှော့ချပြီး သဘောတရားပိုင်းကို ပိုင်နိုင်အောင် လုပ်ထားသင့်ပါတယ်။
🎓🎓🎓 အာရုံစူးစိုက်မှု မပျက်ပါစေနဲ့
သိပ်ကို ရိုးရှင်းတဲ့ သဘာဝတရားပါပဲ။ အာရုံများများစိုက်လေ၊ မှတ်ဉာဏ်ထဲမှာ များများကပ်ကျန်လေပါပဲ။ ဒါကြောင့် စာကြည့်ချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အချိန်မှန်လေ့လာသင့်ပါတယ်။ ဒီလိုလေ့လာမှသာ စာကျက်တဲ့ အလေ့အထအားသန်လာပြီး စာကိုမကြောက်တော့မှာပဲ ဖြစ်ပါတယ်။
🎓🎓🎓🎓 စာကို အချိန်ဇယားနဲ့
အလှည့်အပြောင်းလုပ်ပြီး ကျက်ပါ
တစ်ဘာသာတည်းကို မဲနေတာမျိုး မဖြစ်သင့်ပါဘူး။ တစ်ဘာသာတည်းကို လုပ်နေတာထက်စာရင် တစ်ဘာသာနဲ့ တစ်ဘာသာ အကူးအပြောင်းလုပ်ပြီး လေ့ကျင့်သင့်ပါတယ်။ သင်္ချာတွက်လို့ ပျင်းလာရင် အင်္ဂလိပ်စာကို လှည့်ပြောင်းလုပ်တာမျိုး၊ အင်္ဂလိပ်စာကို လေ့လာပြီး Chemistryပြောင်းလုပ်တာမျိုး အချိန်ဇယားလေးလုပ်ပြီး သေချာလေ့လာသင့်ပါတယ်။
🎓🎓🎓🎓🎓 ပန်းတိုင်ငယ်လေးတွေ တည်ဆောက်ပါ
ပန်းတိုင်ငယ်လေးတွေ ထားရပါမယ်။ ဘာလို့ဆိုတော့ ပန်းတိုင်ကြီးတွေဖြစ်တဲ့ စာအုပ်တစ်အုပ်လုံးနဲ့ စာမေးပွဲတစ်ခုလုံးကို ချဥ်းကပ်တာထက် ပန်းတိုင်ငယ်လေးတွေဖြစ်တဲ့ အခန်းလိုက် Chapterလိုက် ရအောင်လုပ်မယ်ဆိုတဲ့ Goal(ပန်းတိုင်ငယ်)တွေထားပြီး တစ်ဆင့်ချင်းစီထားပြီး တစ်ခန်းချင်းစီ အကောင်းဆုံး ကြိုးစားထားသင့်ပါတယ်။ ဒီလိုပန်းတိုင်ငယ်လေးတွေကို တစ်ဆင့်ချင်းကျော်လွှားနိုင်မှသာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ စာမေးပွဲရလဒ်ကို အကောင်းဆုံးဖော်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေပြေနဲ့ IGကို အကောင်းဆုံးချဥ်းကပ်နိုင်ကြပါစေ…
26/02/2022
Why Brillenium?
Brilleniumကိုမှ ဘာကြောင့် ရွေးချယ်သင့်သလဲ
IGCSEသင်ပေးတဲ့ သင်တန်းတွေကတော့
အများကြီးမှ အများကြီးပါပဲ…
ဒီလိုတွေထဲကမှ
Brilleniumကို ရွေးသင့်တဲ့ အကြောင်းအရင်းတွေက…
🎓Brilleniumမှာ သင်ကြားပေးတဲ့ ဆရာ/ ဆရာမတွေက သင်ကြားရေးနယ်ပယ်မှာ ဆယ်စုနှစ်အထက် အတွေ့အကြုံရှိကြတဲ့သူတွေ ဖြစ်တာကြောင့် ကျောင်းသားထုအတွက် အထူးသင့်တော်တဲ့ စုဖွဲ့မှုတစ်ခုအဖြစ် ရှိနေပါတယ်။
🎓Brillenium Academiaကလဲ Edexcel Approved Centreတစ်ခုဖြစ်တာကြောင့် ကျောင်းသားတွေရဲ့ ယုံကြည်မှုကို ကောင်းကောင်းကြီး ရရှိထားတဲ့ သင်တန်းကျောင်းတစ်ခုအဖြစ် ရှိနေပါတယ်။
🎓ခေတ်မီသင်ကြားရေးနည်းပညာကိုသုံးပြီး အသင့်တော်ဆုံး toolတွေဖြစ်တဲ့ ZOOM, Google Meet Platformတွေ သုံးပြီး စနစ်တကျ အတန်းချိန်မှန် သင်ပေးနိုင်တာကြောင့် ကျောင်းသားအနေနဲ့ အိမ်ကနေ တထိုင်တည်း မိမိသင်လိုတဲ့ ဘာသာရပ်တွေကို စိတ်အေးချမ်းသာစွာ သင်ယူနိုင်ပါတယ်။
🎓နိုင်ငံခြားကျောင်း ရွေးချယ်မှု၊ ဘာသာရပ်ရွေးချယ်မှုတွေအတွက်လဲ Centreနဲ့ သေသေချာချာ တိုင်ပင်နိုင်တာကြောင့် မိမိသွားရမယ့် ပညာရေးလမ်းကြောင်းမှာ ပိုပြီး ခိုင်မာပီပြင်လာနိုင်ပါတယ်။
ဒါကတော့ Brillenium Academiaရဲ့ အားသာချက်တွေပါ...
ဒီလိုအားသာချက်တွေကို လက်တွေ့စမ်းသပ်ကြည့်နိုင်ဖို့ Brilleniumနဲ့ ဆက်သွယ် မေးမြန်းကြည့်ဖို့ပဲ လိုပါတယ်။
ကျောင်းရဲ့ Hotline-09788166747ကိုဆက်သွယ်နိုင်သလို…
Messengerကနေ မေးမြန်းမှုတွေအတွက်လဲ
အမြဲ တံခါးဖွင့်ထားပါတယ်နော်…
15/02/2022
Unicode
-----------------
Brilleniumက ဖွင့်လှစ်တော့မယ့် IGCSE Classes
ဒီလိုကာလကြီးမှာ Continuous Learningကို အဆက်မပြတ်ချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် Brilleniumကနေ IGCSE Classများ ဖွင့်လှစ်ပေးပါတော့မယ်။
✔️Edexcel Approved Centreတစ်ခုဖြစ်တဲ့ Brilleniumကနေ ဖွင့်လှစ်မှာဆိုတော့ ကျောင်းသားတွေအတွက် စိတ်အေးလက်အေး သင်ကြားနိုင်မှာအသေအချာပါပဲ💯
သင်တန်းအကြောင်း အားလုံးသိချင်နေကြတဲ့ မေးခွန်းလေးတွေအတွက် ရှင်းလင်းသွားအောင် ပြောပြပေးထားပါတယ်။
(၁) သင်တန်းစမယ့် Dateက...🗓️
March 14, 2022(Monday)မှာ သင်တန်းစပါမယ်။
(၂) သင်တန်းကာလက ဘယ်လောက်ကြာမှာလဲ...🕛
သင်တန်းကာလ (၁၄)လ ကြာမြင့်ပါမယ်။ IG Textတစ်ခုလုံး+ exam preparationပါ သင်ပေးမှာဆိုတော့ အချိန် သေချာယူထားပါတယ်။
(၃) ဒီသင်တန်းက ဘယ်အချိန်ဖြေမယ့် IGCSE examအတွက် ရည်ရွယ်လဲ...
2023 May/ June Examအတွက် သင်ကြား လေ့ကျင့်ပေးဖို့ ရည်ရွယ်ပါတယ်။
(၄) ဒီသင်တန်းမှာ ဘယ်သူတွေ တက်သင့်လဲ...
International Schoolက Secondaryအဆင့် ကျောင်းသားတွေ၊ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေ၊ နိုင်ငံခြားကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေ တက်သင့်ပါတယ်။
(၅) ဘယ်သူတွေသင်ပေးမှာလဲ...
သက်ဆိုင်ရာ ဘာသာရပ်တွေမှာ သင်ကြားမှု အတွေ့အကြုံကြွယ်ဝပြီး အတန်းကို သေချာထိန်းကျောင်း လေ့ကျင့်ပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေက စနစ်တကျ သင်ကြားပေးသွားမှာပါ။
(၆) ဘယ်Classတွေကို joinလို့ရလဲ...
မြန်မာကျောင်းသားအများစု ရွေးချယ်ကြတဲ့ ဘာသာရပ်တွေဖြစ်တဲ့...
English As A Second Language
Mathematics
Chemistry
Physics
Business Studies
Information & Communication Technology
ဘာသာရပ်တွေကို သင်ပေးသွားမှာပါ။
(၇) အတန်းလာတက်ရမှာလား၊ Online Classလား...
လောလောဆယ် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ Online Learningကသာ အကောင်းဆုံးဆိုတဲ့ အဖြေထွက်လာပါတယ်။ ဒါကြောင့် Online Communication Platformတွေဖြစ်တဲ့ Zoom, Google Meet, Skype, Messengerတို့ကနေ အချိန်မှန် အတန်းမှန်သင်ကြားပေးမှာဖြစ်လို့ အိမ်ကနေ သက်တောင့်သက်သာ joinနိုင်ပါတယ်။
(၈) သင်ရိုးအကုန် ပြီးပြတ်အောင် သင်ပေးမှာလား...
သင်ရိုးပြတ်ရုံတင်မက မေးခွန်းဟောင်းနဲ့ exam preparationအတွက်ပါ အချိန်ယူထားတာဖြစ်လို့ class durationက (၁၄)လ ကြာမြင့်တာပဲ ဖြစ်ပါတယ်။
(၉) သင်တန်းအပ်ဖို့နဲ့ အခြားအသေးစိတ်အချက်အလက်တွေအတွက် ဘယ်လိုဆက်သွယ်ရမလဲ...
Brillenium Academia Learning Centreရဲ့ Page Messengerကနေ ဆက်သွယ်မေးမြန်းလို့ရပါတယ်။ ဖုန်းနဲ့ မေးမြန်းချင်ရင်တော့ 09788166747ကို ဆက်သွယ်လို့ရပါတယ်။
✔️သင့်ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် Brilleniumနဲ့ ချိတ်ဆက်ပါ✔️
Zawgyi
--------------------

Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
NO. 18(B), MINGALAR TAUNGNYUNT QUARTER, MINGALAR TAUNGNYUNT TOWNSHIP, YANGON REGION
Yangon
11221
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |