Shichida Myanmar

Shichida Myanmar

Share

02/02/2026

“ ကျေးဇူးတင်တတ်တဲ့စိတ်လေးနဲ့ ပျော်ရွှင်သန်မာတဲ့လူသားလေး “

🧡 ကလေးတွေကို Gratitude ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်လေးပျိုးထောင်ပေးခြင်းဟာ သူတို့ဘ၀ထဲမှာ ရရှိနေတဲ့ ကောင်းမွန်တဲ့အရာတွေ၊ လူတွေ၊ အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေအပေါ် ပိုပြီးအာရုံစိတ်မိစေပြီး တန်ဖိုးထားတတ်တဲ့စိတ်လေးတွေ ဖြစ်ပေါ်စေပါတယ်။

🧡 Gratitude ဆိုတာဟာ "Thank you" လို့အပေါ်ယံစကားလေးအတွက်တင်မဟုတ်ပဲ တန်ဖိုးထားခြင်း၊ ကြင်နာခြင်း၊ နွေးထွေးခြင်း၊ အကောင်းမြင်ခြင်း၊ ပျော်ရွှင်ခြင်းတွေကိုသယ်ဆောင်လာတဲ့အင်အားတစ်ခုပါပဲ။

🧡 ကျေးဇူးတင်တတ်တဲ့စိတ်လေးက ကလေးတွေရဲ့
ဖွံ့ဖြိုးမှုတွေကို ဘယ်လိုအထောက်အကူဖြစ်စေလဲ ?

✅ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ အကောင်းမြင်တတ်မှုတို့ကို အထောက်အကူဖြစ်စေပါတယ်။ Gratitude အလေ့အကျင့်ရှိတဲ့ကလေးဟာ ပိုပြီးစိတ်ရှည်တယ်၊ ကြင်နာတတ်တယ်၊ နွေးထွေးတယ်၊ စာနာတတ်တယ်။

✅စိတ်အလိုမကျမှုတွေကို ပိုပြီးကိုင်တွယ်တတ်လာပြီး ပတ်၀န်းကျင်၊ သူငယ်ချင်းတွေကြားထဲမှာ ပိုကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်လာနိုင်သူလေးတွေ ဖြစ်လာပါတယ်။

🧡 နေ့စဥ်ဘ၀မှာ ဘယ်လိုသင်ကြားပေးမလဲ ?
ကျေးဇူးတင်တတ်တဲ့စိတ်ကို နေ့စဥ်ရိုးရှင်းတဲ့အလုပ်တွေကနေတဆင့် ပျိုးထောင်ပေးလို့ရပါတယ်။

✅ လိုချင်တာတစ်ခုခုရပြီးတိုင်းမှာ "Thank You/ ကျေးဇူးတင်ပါတယ်"​ ဆိုတဲ့စကားလေးပြန်ပြောတတ်အောင်လေ့ကျင့်ပေးမယ်။

✅ အုပ်ထိန်းသူတွေကိုယ်တိုင်ကလည်း ကလေးရဲ့ အားထုတ်မှု၊ ကူညီမှုလေးတွေတိုင်းအတွက် "ကျေးဇူးတင်ကြောင်း" အပြုအမူပြသ၊ နှုတ်ကနေပြောဆိုပေးမယ်။

✅ အိပ်ယာမ၀င်ခင်မှာ ဒီနေ့အတွက် ကျေးဇူးတင်စရာဘာရှိမလဲ? အနည်းဆုံး အချက် ၃ ချက်လောက်ကို စဥ်းစားပြီးပြောခိုင်းမယ်။
ဒီလိုအားဖြင့် တစ်နေ့တာကို တန်ဖိုးထားအမှတ်ရစေပြီး အကောင်းမြင်ပျော်ရွှင်တတ်တဲ့လူသားလေးတွေ ဖြစ်လာမှာပါ။

🧡 ကိုယ့်ကလေးလေးကို စိတ်ပိုင်းဆိုင်ရာ သန်မာ၊​ ပျော်ရွှင် တဲ့ လူသားလေးတစ်ဦးအဖြစ်ကြီးပြင်းစေချင်တယ်ဆိုရင် ကျေးဇူးတင်တတ်တဲ့စိတ်လေးကို ပျိုးထောင်ပေးခြင်းက အဓိက အခြေခံအုတ်မြစ်တွေထဲက တစ်ခုပါ။

ပျော်ရွှင်မှု၊ လေးစားမှု၊ ရရှိထားတဲ့အခြေအနေတွေအပေါ် တန်ဖိုးထား တတ်မှုတွေဟာ သူတို့ဘ၀တလျောက်လုံး အခက်အခဲတွေကို ဖြတ်ကျော်ရာမှာ တကယ်ကို အသုံး၀င်စေမှာပါ။

🧡 ကဲ .. ဒါဆို Shi Shi တို့ မိသားစုတွေအတွင်းမှာလည်း "ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်လေး" ကို အလွယ်တကူပျိုးထောင်နိုင်ပါတယ်နော် ..
Shi Shi ကတော့ ဒီနေ့ ဘေဘီလေးတို့ကို အကြံဥာဏ်ကောင်းလေးတွေ မျှဝေပေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
ဘေဘီလေးတွေနဲ့ မေမေ၊ ဖေဖေ တို့ရော "ဒီနေ့ကျေးဇူးတင်စရာ အကြောင်းလေး" တွေစဥ်းစားပြီး ပြောပြကြပါအုံး ..🤗🤗

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Corner Of Dhammazedi Road & Link Road, Time Link Condo, Bahan Township
Yangon
11041

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00