Myanmar Event Services - MES

Myanmar Event Services - MES

Share

Photos from Myanmar Event Services - MES's post 13/03/2026

☪️ "Happy Ramadan Night Market" ရဲ့ ပထမနေ့ ပုံရိပ်လေးများ 😍 တစ်ခဲနက် လာရောက်အားပေးကြတဲ့ Customerများအားလုံးကို ဆိုင်ခန်းရှင်များကိုယ်စား ကျေးဇူးတင်ရှိလျှက်🥰

ပွဲရက်လေးက (13)ရက်နေ့ထိ (7)ရက်တိုင်တိုင်ကျင်းပမှာမို့ နောက်ရက်တွေမှာအတူစုံဖို့ ဖိတ်ခေါ်ပါတယ်နော်..

Night Market ထက်ပိုတဲ့ "Happy Ramadan" မှာ အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအပြင် လူမျိုးဘာသာစုံ မိတ်ဆွေများ လာရောက်လည်ပတ်မှာဖြစ်လို့ စည်ကားစုံလင်တဲ့ Night Market မှာ အတူတကွ လာရောက်တွေ့ဆုံ လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်...

☪️ အခြားပွဲတွေထက် တစ်မူထူးခြားတဲ့ အထူးလျော့ဈေး Promotionများနှင့်အတူ လူမျိုးဘာသာဝင်မရွေး သုံးဆောင်နိုင်တဲ့ အထူး menus များ ၊ အာဟာရမုန့် များ ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ Lady များအတွက် ရှားမှရှား ပါကစ္စတန် Madeစစ်စစ် အဝတ်ထည်များ၊ Sports Wears များ Cosmeticပစ္စည်းများစွာ နှင့် ရေမွှေးစ‌တဲ့ လူသုံးကုန်ပစ္စည်းများ ပါဝင်သွားမှာ ဖြစ်ပါတယ်...

ပွဲသို့လာရောက်လည်ပတ်ရင်း ဖေဖေ မေမေ တို့အနေနဲ့ သားသားမီးမီးတို့ရဲ့ ပညာရေးအတွက်လည်း အထူးကျောင်းလခဖြင့် အပ်နှံနိုင်မယ့် International School ပါ ပါဝင်သွားမှာဖြစ်လို့ လုံးဝလက်မလွှတ်ဘဲ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်နော်...

✨ ထူးခြားတဲ့အစီအစဉ်တွေနဲ့ BAZAAR YANGON HYPERMARKET မှာ (7)ရက်တိတိ စည်ကားစွာကျင်းပသွားမယ့် "Happy Ramadan Night Market" မှာ အတူတကွ ဆုံစည်းကြပါစို့ အမျိုးတွေရေ...

📅 ကျင်းပမည့်ရက်စွဲ: ၂၀၂၆ ခုနှစ်၊ မတ်လ (၁၃) ရက်မှ (၁၉) ရက်အထိ (၇)ရက်တိတိ

📍 ကျင်းပမည့်နေရာ: Bazaar Yangon Hyper Market (အရှေ့ Outdoor Promotion Area)
(အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်)

📞 Hotline: 09961172232, 09420730989

18/07/2020

🇲🇲 အာဇာနည်နေ့ သမိုင်း 🇲🇲
********************

လွန်ခဲ့တဲ့ (၇၃) နှစ်၊ တိတိကျကျပြောရရင် ၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်။ တိုင်းပြည်ကံကြမ္မာကို ပြောင်းလဲပစ်လိုက်တဲ့ အချိန်။ အဲဒီအချိန်မတိုင်မီ နံနက် (၁၀) နာရီ ဝန်းကျင်မှာ တာဝါလိမ်းလမ်း နေအိမ်ကနေ အတွင်း၀န်များရုံးမှာ ပြုလုပ်မယ့် ၀န်ကြီးများ အစည်းအဝေးကိုတက်ဖို့ ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ ကားနက်ကလေး RA/2874 ကိုစီးပြီး ထွက်လာ ခဲ့တယ်။
(၁၀) နာရီ (၁၀) မိနစ်လောက်မှာ အတွင်း၀န်များရုံးရဲ့ အလယ်ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မယ့် အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်း၀တ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။
အဲဒီမနက်ရဲ့ရန်ကုန်မြို့ရာသီဥတုဟာ“မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်း လျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ဝုိးဝုိးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ် လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။
နံနက် (၁၀) နာရီ (၁၅) မိနစ်ခန့်မှာတော့ ဝန်ကြီးများရုံးရဲ့ အစည်းအဝေးခန်းမမှာ ဝန်ကြီးတွေ အစည်းအဝေးပြုလုပ်နေကြတယ်။
အောင်ဆန်း-အက်တလီ စာချုပ်အရ ရှေ့လာမယ့် လအနည်းငယ်အတွင်းမှာ သေချာပေါက်ရတော့မယ့် လွတ်လပ်ရေးကို မျှော်မှန်းတွေးပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် တက်ကြွနေကြတဲ့ ဝန်ကြီးအသီး သီးဟာ မကြာမီ သူတို့အပေါ် ကြရောက်လာတော့မယ့် ကံကြမ္မာဆိုးကို လုံးဝ မသိရှာကြဘူး။
နံနက် (၁၀) နာရီ (၃၅) မိနစ် ခန့်မှာတော့ ကံကြမ္မာဆိုး (သို့မဟုတ်) လူသတ်သေနတ်သမားတွေကို တင်ဆောင်လာတဲ့ ကားနံပါတ် RC / 1814 ဂျစ်ကားဟာ ဝန်ကြီးများရုံးရှိရာကို ရောက်ရှိလာပါတယ်။ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်မှာတော့ သေနတ်သမားတွေဟာ ဝန်ကြီးတွေ အစည်းအဝေးလုပ်နေတဲ့ အခန်းဝကို ရောက်ရှိလာပြီး အသင့်သယ်ဆောင်လာတဲ့ စက်သေနတ်အသီးသီးနဲ့ အစည်းအဝေးခန်းမထဲမှာရှိနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းပြည်ခေါင်းဆောင်အသီးသီးကို စိတ်ရှိလက်ရှိ ပစ်ခတ်သတ်ဖြတ် လုပ်ကြံလိုက်ကြ ပါတော့ တယ်။ လူသတ်သမားတွေဟာေ ခါင်းဆောင်တွေနဲ့အတူ တိုင်းပြည်ကံကြမ္မာကိုပါ လုပ်ကြံလိုက်မိတယ်ဆိုတာ စိုးစဉ်းမျှ တွေးမိပုံတောင်မရတဲ့ပုံပါပဲ။ အဲဒီလုပ်ကြံမှုမှ ခေါင်းဆောင်ရှစ်ဦးနဲ့အတူ သေနတ်သံ တွေကြားလို့ ပြေးထွက်လာတဲ့ ဝန်ကြီးဦးရာဇတ်ရဲ့ အပါးတော်မြဲ ရဲဘော်ကိုထွေးလည်း ကျဆုံးအသက်ပေးခဲ့ရ ပါတယ်။ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ကိုးဦးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်း- ဘုရင်ခံကောင်စီဒု-ဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန
၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘ၀င်း-ကူးသန်းရောင်း၀ယ်ရေးနှင့် ထောက်ပံရေး ဌာန၊
၄။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊
၇။ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊
၈။ ဦးအုံးမောင် -ဒုတိယ အတွင်း၀န် လမ်းပန်းဆက်သွယ်ရေး ဌာန
၉။ ရဲဘော်-ကိုထွေး

အဲဒီနောက်မှာတော့ တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးလို ကြိတ်မနိုင်ခဲမရ ဝမ်းနည်းတသနဲ့ ငိုကြွေးခဲ့ကြရတာ ခုဆိုရင် (၇၃) နှစ် တိုင်ခဲ့ပါပြီ

MES မှ စာရေးသူအား ကျေးဇူးအထူးတင်ရှိပါသည် ။

19/06/2020

Happy Birthday♥️ 75 yrs

Daw Aung San Suu Kyi♥️

Happy Birthday,
May be healthy, happy & successful .

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon