SHWE MON

SHWE MON

Share

11/05/2026

မေးချင်တာ တခုရှိတယ် 👀
ချစ်သောတို့ကလေ…

A. Night owl 🌙
B. Early bird ☀️

Comment လုပ်ခဲ့ပေးပါအုန်း 👇

မင်မင်ကတော့ night owl လေးလေ😬

07/05/2026

ဆွဲထားလို့မရနိုင်တဲ့ ရေစက်ဆိုတာ"................................................
ရေစက်ကုန်သွားရင်
ဆွဲထားလို့လည်း မရနိုင်ဘူး
အရာရာဟာ ရေစက်ပါလာ သလောက်ပဲ။
ဆက်ဆံရေးတိုင်းက
သူ့သက်တမ်းနဲ့သူ ရှိပြီးသားပါ။
ရေစက်ကုန်ရင်တော့ သက်တမ်းလည်းကုန်တာပေါ့။
ဘယ်လောက်ပဲ
ပျော်ရွှင်စရာကောင်းတဲ့
ဆက်ဆံရေးဖြစ်နေပါစေ။
တကယ်တမ်း ရေစက်ကုန်သွားတဲ့အခါ
မလွဲမသွေ နှုတ်ဆက် ခွဲခွာရပါတယ်။
နှုတ်မဆက်ဘဲနဲ့လည်း ခွဲခွာရနိုင်ပါတယ်။
ဒါဟာ ပုံမှန်လည်ပတ်နေတဲ့ သဘာဝပဲဖြစ်တယ်။
တွေ့ဆုံမှုတိုင်းကို နောင်တ ဖြစ်စေမယ့်အရာမျိုး
မလုပ်မိပါစေနဲ့။
တွေ့ဆုံမှုတိုင်းက အဓိပ္ပာယ်ကိုယ်စီ ရှိကြပါတယ်။
ဘယ်သူတွေက ဘယ်ချိန်ထိ
ငါ့အနားမှာ ရှိနေပေးမလဲလို့ တွေးမနေပါနဲ့။
အတွေးလွန်ပြီးတော့လည်း စိတ်မပျော်ဘဲ မနေလိုက်ပါနဲ့။
အတွေးလွန်တာဟာ အချိန်ဖြုန်းခြင်းတစ်မျိုးပဲ။
သူတို့တွေဟာ သင့်ဘဝထဲ အချိန်တစ်ခုထိ
အဖော်ပြုပေးခဲ့တယ်ဆိုတာနဲ့တင်
သင်ဟာ ကံကောင်းနေပါပြီ။
ဘဝခရီးအဆုံးထိ အတူတူ မရှိနိုင်ကြပေမယ့်
( ရှိဖို့လည်း မလွယ်ပါဘူးလေ)
တချိန်တုန်းက အမှတ်တရကောင်းတွေကို
ပြန်တွေးကြည့်ပြီး ကျေနပ် နှစ်သိမ့်လိုက်ပါ။
ဘဝမှာ ချစ်သူဖြစ်ဖြစ် မုန်းသူပဲဖြစ်ဖြစ်
ရေစက်ပါသလောက်တော့
ဆုံတွေ့ခွင့် ရနေမှာပါ။
ရေစက်ကုန်သွားရင်တော့ သင် ဆွဲထားလို့လည်း
မရနိုင်တော့ပါဘူး။
ဒါကြောင့် ရေစက်မကုန်သေးချိန်မှာ
တန်ဖိုးထားသင့်တာကို တန်ဖိုးထားဖို့ မမေ့ပါနဲ့။

04/05/2026

ဒီနေ့ မမေ့မလျော့ သောက်လိုက်အုန်းနော်

29/04/2026

ကဆုန်လပြည့် (ဗုဒ္ဓနေ့) 🙏

ဖွား၊ ပွင့်၊ ဟော၊ စံ နှင့် ဗျာဒိတ်ခံတော်မူခဲ့သော
အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်—ကဆုန်လပြည့်နေ့ 💫

ဧပြီလ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်၊ ကြာသပတေးနေ့တွင် ကျရောက်လာသော ဤနေ့ထူးနေ့မြတ်လေးသည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသော အခါသမယတစ်ခုဖြစ်ပါသည်။

ဤလပြည့်နေ့မှအစပြု၍
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
သောကအပေါင်းမှ ကင်းငြိမ်းကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါသည်ရှင့် 🙏

#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #အမေများနေ့ #လပြည့်နေ့

28/04/2026

Plan 👉 Early sleep 😴

Reality 👉
scroll scroll scroll… 📱😂

3AM: “နောက်တစ်ခုလောက်ပဲကြည့်မယ်” 😅

ဒီလိုဖြစ်ဖူးလား? 👀

ဒါတွေက တကယ်တော့ မကောင်းပါဘူးနော်
စွန့်လွှတ်ပစ်ရမယ့် အကျင့်တခုပါ

27/04/2026

Self-care လုပ်မယ်ဆိုပြီး…

phone ကိုယူပြီး
scroll scroll scroll… 📱😅

ပြီးတော့ suddenly
“ငါဘာလုပ်နေပါလဲ?” ဆိုပြီး realize ဖြစ်တဲ့သူတွေ 🙋‍♀️😂

You too? 👀

Mon care

26/04/2026

Hello 👋
ပျက်ကွက်တာတွေများနေလို့
Shwe Mon page ကို ပြန် active ဖြစ်အောင်

လောလောဆယ်တော့ Lifestyle • Self-care • Fun content တွေတင်သွားမယ်နော် 💜

Stay with us 🤍

By the way…
ဒီ page မှာ ဘာတွေမြင်ချင်လဲ? 👀
အပန်းမကြီးရင် Comment လေးနဲ့ပြောခဲ့ပါနော် 👇
Photo credit

25/02/2026

သင်ယူရမယ်

17/02/2026

ပုဂံရဲ့နေ၀င်ချိန်ကိုကြည့်ရင်း လွမ်းသလိုလို ဘာလိုလို

Photo by akyi

11/02/2026

သူငယ်ချင်းတွေနဲ့ တွေ့ရင် အတိတ်က အကြောင်းတွေ ပြောပြီး ရယ်မောရတာလောက် စိတ်သက်သာရာရတာ မရှိပါဘူး။
အလုပ်တွေရှုပ်၊ တာဝန်တွေပိနေတဲ့ ကြားထဲကနေ သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်ဖို့ အချိန်လေး တစ်နာရီလောက် ဖဲ့ပေးလိုက်ပါ။
ငယ်ငယ်တုန်းက အကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ ရီစရာအလွဲလေးတွေ ပြောလိုက်ရရင် ဘဝရဲ့ အမောတွေ ပြေသွားတတ်တယ်။
တချို့ကိစ္စတွေက မိသားစုကို ပြောမရဘူး၊ ချစ်သူကို ပြောမရဘူး။
ငါ နင့် ကို နားလည်ပါတယ် ဆိုတဲ့ သူငယ်ချင်းတွေ ရှိနေတာက စိတ်ကျန်းမာရေးအတွက် အားဆေးပါပဲ။
အသက်ကြီးလာလေ သူငယ်ချင်းစစ်တွေက ရှားပါးလာလေပါပဲ။
ရှိနေတဲ့ သူငယ်ချင်းကောင်းတွေကို တန်ဖိုးထားပါ။
သူတို့ဟာ သင့်ဘဝရဲ့ သက်ရှိ ဒိုင်ယာရီလေးတွေ ဖြစ်နေလို့ပါပဲ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon