PESTEL Talk

PESTEL Talk

Share

Photos from The Community Leadership & Research Institute's post 13/05/2024
Photos from Institute for Strategy and Policy- Myanmar's post 11/07/2023

Mi 50 ciangbek ki sang ding ci ahih manin
alunglut khangno te kah huai mahmah hi.
______________-----_________---------______________

ISP-Myanmar’s Bridge Education Program
ဆဋ္ဌမပတ်သင်တန်းအတွက် လျှောက်ထားနိုင်ပါပြီ
__________________________
➤ သင်တန်းလျှောက်ထားရန်
[link] ​​https://www.ispmyanmar.com/burmese/bep/
ISP-Myanmar ၏ အစီအစဉ်တရပ်ဖြစ်သော Bridge Education Program (BEP) သည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေကြရသော မြန်မာလူငယ်များ၏ ပညာရေးအတွက် ကြားကာလ ပညာရေးဖြည့်ဆည်းပေးမှုအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လ၌ စတင်လုပ်ဆောင်ခဲ့ရာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
ယခုအခါ BEP အစီအစဉ်၏ ဆဋ္ဌမပတ်သင်တန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စတင်မည် ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် အထက်ဖော်ပြပါ Link ရှိ Google Form တွင် လိုအပ်သော အချက်အလက်များအား ဩဂုတ် ၁၁ ရက် (သောကြာနေ့) ညနေ ငါးနာရီထက် နောက်မကျစေဘဲ ဖြည့်စွက်၍ လျှောက်ထားရမည် ဖြစ်သည်။ ယခု သင်တန်းအပတ်စဉ်တွင်လည်း လူဦးရေ ၅၀ ဦးကိုသာ ရွေးချယ်သင်ကြားပေးပါမည်။
သင်တန်းကြေး တစုံတရာ ပေးရန်မလိုအပ်ဘဲ အခမဲ့သင်ကြားပေးနေသော BEP အစီအစဉ်သို့ (ပဉ္စမပတ် သင်တန်းအထိ) နိုင်ငံအနှံ့မှ လျှောက်ထားသူ ၁,၉၉၇ ဦး ရှိခဲ့သည့်အနက် ၂၃၁ ဦးကို ရွေးချယ် သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://www.ispmyanmar.com/burmese/bep/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ထပ်မံသိလိုသည်များ ရှိပါက [email protected] သို့ အီးမေလ်းပို့ မေးမြန်းနိုင်ပါသည်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


Yangon