New Auto Workshop
14/07/2025
Mitsubishi 4p 10
05/11/2021
(Fuel trims)ဆီဖြတ်တောက်မှု့များသဘောတရားများနှင့် (ECU မှဆီအသုံးပြုမှု့များ)
Short term / Long term fuel trim
ယနေ့ခေါတ်မော်ဒန်ကားဓါတ်ဆီအင်ဂျင်များတွင် အသုံးပြုနေသော ဆီနှင့်လေအရောအနှော မျှခြေ (stoichiometric)ကို ECUမှဘယ်လိုထိန်းချုပ်နေသလဲကို ယေဘူယျအားဖြင့် ဖော်ပြသွားမှာဖြစ်ပါတယ်။ ဆီနှင့်လေအရောအနှော (air / fuel mixture) ပြတ်တောက်မှု့အစီအစဥ်များသည် အင်ဂျင်၏အမြင့်ဆုံးစွမ်းဆောင်မှု့နှင့် တပြိုင်တည်း ဆီစားသက်သာမှု့ ၊ မီးခိုးထုတ်လုပ်မှု့ အနည်းဆုံးဖြစ်မှု့ကို ရရှိရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ဟာ ယေဘူယျအားဖြင့်(ဆီနှင့်လေအရောအနှော) ဆီဖြတ်တောက်မှု့အကြောင်းကို ဘာကြောင့်သိဖို့လိုအပ်သလဲ၊ ပြစ်ချက်ရှာဖွေမှု့(diagnostic aids)များတွင် အထောက်အကူပြုမှု့ စသည်တို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။
ဓါတ်ဆီအင်ဂျင်တလုံးလည်ပတ်မှု့တွင် ဆီနှင့်လေအရောအနှောမျှခြေအနေနဲ့ ဆီ (1)အချိုး တွင် လေ (14.7)အချိုး ပါဝင်နေပါတယ်။ သို့သော်ငြားလည်း ၎င်းဓါတ်ဆီအင်ဂျင်များတွင် ဆီအနည်းအများလိုအပ်ချက်များသည် ဝန်အားအနည်းအများပေါ်မူတည်နေသောကြောင့် ဆီနှင့်လေအရောအနှောသည်လည်း ဆီလိုအပ်ချက်ပေါ်မူတည်၍ ပြောင်းလဲနေပါတယ်။ ထို့ကြောင့်အရိုးရှင်းဆုံးအနေဖြင့်ဖော်ပြရလျှင် ဆီဖြတ်တောက်မှု့(Fuel trims) များကို အဆက်မပြတ်ထိန်းညှိနေသော ECU သည် ဆီဖြန့်ဝေမှု့နည်းဗျူဟာများ ချမှတ်ပြီး အင်ဂျင်လည်ပတ်မှု့ဖြစ်စဥ်များတွင် ဆီနှင့်လေအရောအနှော ( air / fuel mixture)ကို မျှခြေ (stoichiometric)အနေအထား ဖြစ်အောင် အဖြစ်နိုင်ဆုံး လုပ်ဆောင်ပေးနေပါတယ်။
လက်တွေ့အားဖြင့် ECU မှ မတူညီတဲ့ ဆီဖြတ်တောက်မှု့နှစ်မျိုးကို ပြုလုပ်ပေးပါတယ်။ ၎င်းနှစ်မျိုးကတော့ Short Term Fuel Trim(STFT)ဆီအချိန်တိုဖြတ်တောက်မှု့နှင့် Long Term Fuel Trim(LTFT) ဆီအချိန်ကြာဖြတ်တောက်မှု့တို့ ဖြစ်ပါတယ်။
Short Term Fuel Trim(STFT)ဆီအချိန်တိုဖြတ်တောက်မှု့
ဆီအချိန်တိုဖြတ်တောက်မှု့သည် အိတ်ဇောထဲတွင် အောက်ဆီဂျင် O2 ပါဝင်မှု့ ပြောင်းလဲခြင်းနှင့်တိုက်ရိုက်ဆက်စပ်လျှက်ရှိပါတယ်။ Catalytic Converter (ကျောက်ဇကာ) အရှေ့ရှိ အောက်ဆီဂျင်ဆင်ဆာ O2 sensor က အိတ်ဇောစီးဆင်းမှု့တွင် အောက်ဆီဂျင် O2 ပါဝင်သောပမာဏအတိုင်း အချက်ပြဗို့အားကို တိုက်ရိုက်အချိုးကျစွာ ဖော်ပြပေးပါတယ်။ ပုံမှန်ကားမောင်းနေစဥ်အတွင်း အောက်ဆီဂျင်ဆင်ဆာ O2 sensor သည် ( Closed Loop Operation) ပတ်လမ်းပိတ်စနစ်ဖြင့်လုပ်ဆောင်နေပြီး တပြိုင်နက်တည်းမှာပင် ECU ကလည်း အိတ်ဇော်စီးဆင်းမှု့များတွင်ပါဝင် နေသော ဆီပြောင်းလဲမှု့များကို ပြုလုပ်ပေးပေလိမ့်မည်။ထိုဖြစ်စဥ်ကို ဆီပမာဏအချိန်တိုဖြတ်တောက်မှု့ (Short Term Fuel Trim)(STFT)ဟုသတ်မှတ်၍ ECUသည် တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးနေပါတယ်။
အများဆုံးအသုံးချမှု့အနေနဲ့ ECUက အိတ်ဇောစီးဆင်းမှု့ထဲတွင် အောက်ဆီဂျင် O2 ပါဝင်မှု့ ပမာဏကို အချက်ပြဗို့အား 0.2 ဗို့ မှ 0.9 ဗို့ အတိုင်းအတာဖြင့်ဖော်ပြပေးပါတယ်။ အချက်ပြဗို့အားပမာဏပေါ်မူတည်၍ ECUက အင်ဂျက်တာ Injectorsများဆီသို့ (PULSE WIDTH) လှိုင်းများပို့လွှတ်၍ (air / fuel mixture) ဆီလေအရောအနှောထဲသို့ ဆီထပ်ပေါင်းပေးရမလား သို့မဟုတ် လျော့ပေးရမလား ပြုလုပ်ပေးပါတယ်။ ထိုဖြစ်စဥ်ကို ဆီဖျက်တောက်မှု့များ (Fuel trims) ဟုခေါ်ပါတယ်။
လက်တွေ့သဘောအရ အချက်ပြဗို့ 0.45 ဗို့ဟာ ဆီလေအရောအနှောမျှခြေ (stoichiometric) တန်ဖိုးနှင့် အနီးစပ်ဆုံးတူညီပါသည်။ထို့ကြောင့် 0.45ဗို့ကို အကိုးအကား(Reference) ထား၍ 0.45 ၏အပေါ် သို့မဟုတ် အောက် တန်ဖိုးများကို ဆီများခြင်း(Rich Mixture) နှင့် လေများခြင်း(Lean Mixture) ဖော်ပြပါတယ်။ သတိချပ်ရန်မှာ O2 sensor သည် (air / fuel mixture) ဆီလေအရောအနှောတွင် ဆီများခြင်း(Rich Mixture) သို့မဟုတ် လေများခြင်း(Lean Mixture) ဖော်ပြနိုင်ပေမယ့် အိတ်ဇောစီးဆင်းမှု့ထဲတွင် အတိအကျပါဝင်ပေါင်းဆက်နေမှု့ကိုတော့ မဖော်ပြနိုင်ပေ။ထိုကဲ့သို့စွမ်းဆောင်မှု့များကို Air/Fuel Ratio Sensorများသာလျှင်လုပ်ဆောင်နိုင်သည်။ သတိချပ်ရန်နောက်တခုမှာ အချို့ GM ကားများတွင် အချက်ပြဗို့အားစနစ်နဲ့ ပြောင်းပြန် ဖော်ပြပါသည်။ဆိုလိုသည်မှာ အချက်ပြဗို့အားနည်းလျှင် ဆီများခြင်း(Rich Mixture) ဟုတ်မှန် များချိန်တွင် လေများခြင်း(Lean Mixture)ဟု သတ်မှတ်ပါတယ်။
*****Long Term Fuel Trim(LTFT) ဆီအချိန်ကြာဖြတ်တောက်မှု့ နှင့် ဆီလေအရောအနှောမျှခြေ (stoichiometric) အကြောင်းများအား နောက် postတွေမှာဖော်ပြပေးပါမည်။*****
(Fuel trims)ဆီဖြတ်တောက်မှု့များသဘောတရားများနှင့် (ECU မှဆီအသုံးပြုမှု့များ)
ယနေ့ခေါတ်မော်ဒန်ကားဓါတ်ဆီအင်ဂျင်များတွင် အသုံးပြုနေသော ဆီနှင့်လေအရောအနှော မျှခြေ (stoichiometric)ကို ECUမှဘယ်လိုထိန်းချုပ်နေသလဲကို ယေဘူယျအားဖြင့် ဖော်ပြသွားမှာဖြစ်ပါတယ်။ ဆီနှင့်လေအရောအနှော (air / fuel mixture) ပြတ်တောက်မှု့အစီအစဥ်များသည် အင်ဂျင်၏အမြင့်ဆုံးစွမ်းဆောင်မှု့နှင့် တပြိုင်တည်း ဆီစားသက်သာမှု့ ၊ မီးခိုးထုတ်လုပ်မှု့ အနည်းဆုံးဖြစ်မှု့ကို ရရှိရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ဟာ ယေဘူယျအားဖြင့်(ဆီနှင့်လေအရောအနှော) ဆီဖြတ်တောက်မှု့အကြောင်းကို ဘာကြောင့်သိဖို့လိုအပ်သလဲ၊ ပြစ်ချက်ရှာဖွေမှု့(diagnostic aids)များတွင် အထောက်အကူပြုမှု့ စသည်တို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။
ဓါတ်ဆီအင်ဂျင်တလုံးလည်ပတ်မှု့တွင် ဆီနှင့်လေအရောအနှောမျှခြေအနေနဲ့ ဆီ (1)အချိုး တွင် လေ (14.7)အချိုး ပါဝင်နေပါတယ်။ သို့သော်ငြားလည်း ၎င်းဓါတ်ဆီအင်ဂျင်များတွင် ဆီအနည်းအများလိုအပ်ချက်များသည် ဝန်အားအနည်းအများပေါ်မူတည်နေသောကြောင့် ဆီနှင့်လေအရောအနှောသည်လည်း ဆီလိုအပ်ချက်ပေါ်မူတည်၍ ပြောင်းလဲနေပါတယ်။ ထို့ကြောင့်အရိုးရှင်းဆုံးအနေဖြင့်ဖော်ပြရလျှင် ဆီဖြတ်တောက်မှု့(Fuel trims) များကို အဆက်မပြတ်ထိန်းညှိနေသော ECU သည် ဆီဖြန့်ဝေမှု့နည်းဗျူဟာများ ချမှတ်ပြီး အင်ဂျင်လည်ပတ်မှု့ဖြစ်စဥ်များတွင် ဆီနှင့်လေအရောအနှော ( air / fuel mixture)ကို မျှခြေ (stoichiometric)အနေအထား ဖြစ်အောင် အဖြစ်နိုင်ဆုံး လုပ်ဆောင်ပေးနေပါတယ်။
လက်တွေ့အားဖြင့် ECU မှ မတူညီတဲ့ ဆီဖြတ်တောက်မှု့နှစ်မျိုးကို ပြုလုပ်ပေးပါတယ်။ ၎င်းနှစ်မျိုးကတော့ Short Term Fuel Trim(STFT)ဆီအချိန်တိုဖြတ်တောက်မှု့နှင့် Long Term Fuel Trim(LTFT) ဆီအချိန်ကြာဖြတ်တောက်မှု့တို့ ဖြစ်ပါတယ်။
Short Term Fuel Trim(STFT)ဆီအချိန်တိုဖြတ်တောက်မှု့
ဆီအချိန်တိုဖြတ်တောက်မှု့သည် အိတ်ဇောထဲတွင် အောက်ဆီဂျင် O2 ပါဝင်မှု့ ပြောင်းလဲခြင်းနှင့်တိုက်ရိုက်ဆက်စပ်လျှက်ရှိပါတယ်။ Catalytic Converter (ကျောက်ဇကာ) အရှေ့ရှိ အောက်ဆီဂျင်ဆင်ဆာ O2 sensor က အိတ်ဇောစီးဆင်းမှု့တွင် အောက်ဆီဂျင် O2 ပါဝင်သောပမာဏအတိုင်း အချက်ပြဗို့အားကို တိုက်ရိုက်အချိုးကျစွာ ဖော်ပြပေးပါတယ်။ ပုံမှန်ကားမောင်းနေစဥ်အတွင်း အောက်ဆီဂျင်ဆင်ဆာ O2 sensor သည် ( Closed Loop Operation) ပတ်လမ်းပိတ်စနစ်ဖြင့်လုပ်ဆောင်နေပြီး တပြိုင်နက်တည်းမှာပင် ECU ကလည်း အိတ်ဇောစီးဆင်းမှု့များတွင်ပါဝင် နေသော ဆီပြောင်းလဲမှု့များကို ပြုလုပ်ပေးပေလိမ့်မည်။ထိုဖြစ်စဥ်ကို ဆီပမာဏအချိန်တိုဖြတ်တောက်မှု့ (Short Term Fuel Trim)(STFT)ဟုသတ်မှတ်၍ ECUသည် တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးနေပါတယ်။
အများဆုံးအသုံးချမှု့အနေနဲ့ ECUက အိတ်ဇောစီးဆင်းမှု့ထဲတွင် အောက်ဆီဂျင် O2 ပါဝင်မှု့ ပမာဏကို အချက်ပြဗို့အား 0.2 ဗို့ မှ 0.9 ဗို့ အတိုင်းအတာဖြင့်ဖော်ပြပေးပါတယ်။ အချက်ပြဗို့အားပမာဏပေါ်မူတည်၍ ECUက အင်ဂျက်တာ Injectorsများဆီသို့ (PULSE WIDTH) လှိုင်းများပို့လွှတ်၍ (air / fuel mixture) ဆီလေအရောအနှောထဲသို့ ဆီထပ်ပေါင်းပေးရမလား သို့မဟုတ် လျှော့ပေးရမလား ပြုလုပ်ပေးပါတယ်။ ထိုဖြစ်စဥ်ကို ဆီဖျက်တောက်မှု့များ (Fuel trims) ဟုခေါ်ပါတယ်။
လက်တွေ့သဘောအရ အချက်ပြဗို့ 0.45 ဗို့ဟာ ဆီလေအရောအနှောမျှခြေ (stoichiometric) တန်ဖိုးနှင့် အနီးစပ်ဆုံးတူညီပါသည်။ထို့ကြောင့် 0.45ဗို့ကို အကိုးအကား(Reference) ထား၍ 0.45 ၏အပေါ် သို့မဟုတ် အောက် တန်ဖိုးများကို ဆီများခြင်း(Rich Mixture) နှင့် လေများခြင်း(Lean Mixture) ဖော်ပြပါတယ်။ သတိချပ်ရန်မှာ O2 sensor သည် (air / fuel mixture) ဆီလေအရောအနှောတွင် ဆီများခြင်း(Rich Mixture) သို့မဟုတ် လေများခြင်း(Lean Mixture) ဖော်ပြနိုင်ပေမယ့် အိတ်ဇောစီးဆင်းမှု့ထဲတွင် အတိအကျပါဝင်ပေါင်းဆက်နေမှု့ကိုတော့ မဖော်ပြနိုင်ပေ။ထိုကဲ့သို့စွမ်းဆောင်မှု့များကို Air/Fuel Ratio Sensorများသာလျှင်လုပ်ဆောင်နိုင်သည်။ သတိချပ်ရန်နောက်တခုမှာ အချို့ GM ကားများတွင် အချက်ပြဗို့အားစနစ်နဲ့ ပြောင်းပြန် ဖော်ပြပါသည်။ဆိုလိုသည်မှာ အချက်ပြဗို့အားနည်းလျှင် ဆီများခြင်း(Rich Mixture) သို့မဟုတ် အချက်ပြဗို့အားများချိန်တွင် လေများခြင်း(Lean Mixture)ဟု သတ်မှတ်ပါတယ်။
*****Long Term Fuel Trim(LTFT) ဆီအချိန်ကြာဖြတ်တောက်မှု့ နှင့် ဆီလေအရောအနှောမျှခြေ (stoichiometric) အကြောင်းများအား နောက် postတွေမှာဖော်ပြပေးပါမည်။*****
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
East Dagon Township
Yangon