G3 Group Limited
မိုးတွင်းမှာ အိမ်ဆောက်ရင် အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေတယ်ဆို ဒီအချက်လေးတွေ ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
တကယ်တော့ မိုးရာသီမှာလည်း စနစ်တကျနဲ့ နည်းစနစ်မှန်မှန် တည်ဆောက်မယ်ဆိုရင် စိတ်ပူစရာ လုံးဝမရှိပါဘူး။ ဒါပေမယ့် ရေရှည်မှာ စိတ်အေးရဖို့အတွက် အခု (၅) ချက်ကိုတော့ အဓိက ဦးစားပေးရပါမယ်💚
🔹Soil Testing & Drainage
မြေအောက်ရေမျက်နှာပြင် မြင့်တက်လာတတ်တဲ့ မိုးရာသီမှာ အုတ်မြစ်ခိုင်ခံ့ဖို့ဆိုတာ Soil Testing ကနေ စတင်ရပါမယ်။ မြေကျင်းတူးထားတဲ့ လုပ်ငန်းခွင်အတွင်း ရေဝပ်ပြီး မြေသားပွလာတတ်တာကြောင့် Foundation ရိယာအတွင်း မိုးရေနဲ့ မြေအောက်ရေတွေ အိုင်မနေစေဖို့ ရေမော်တာကြီးများဖြင့် စနစ်တကျ စုပ်ထုတ်ခြင်း၊ ရေလွှဲရေစီးကြောင်းကြိုတင်ဖော်ဆောင်ခြင်းတို့ကို အထူးဦးစားပေး ဆောင်ရွက်ပါတယ်။
🔹Waterproofing
"အပြင်က မိုးရွာရင် အထဲက လိုက်ယိုတာ" ဒါမှမဟုတ် ရေရှည်မှာ နံရံတွေ ရေစိမ့်ပြီး မှိုတက်၊ ဆေးကွာတာမျိုးတွေဖြစ်တာက ဆောက်လုပ်ဆဲကာလမှာ Waterproofing စနစ် အားနည်းခဲ့လို့ပါပဲ။ ဒါကြောင့် အဆောက်အအုံ ရေရှည်တည်တံ့ဖို့အတွက် Foundation၊ ဝရန်တာနဲ့ အိမ်အပြင်ဘက် နံရံတွေမှာ အရည်အသွေးမြင့် ရေစိုခံဓာတုဆေးဝါးများကို အဆင့်ဆင့် စနစ်တကျ ထည့်သွင်းအသုံးပြုပေးတာကြောင့် အစိုဓာတ်အန္တရာယ်ကို ရာနှုန်းပြည့် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
🔹Proper Curing
မိုးရွာနေတုန်း ကွန်ကရစ်လောင်းရင် ဘိလပ်မြေနဲ့ ရေအချိုးအစား ပျက်သွားနိုင်သလို၊ လောင်းပြီးကာစမှာ မိုးမိရင်လည်း ဘိလပ်မြေအနှစ်တွေ မျောပါသွားတတ်ပါတယ်။ ဒါကြောင့် G3 ရဲ့ အင်ဂျင်နီယာတွေက ကွန်ကရစ်လောင်းပြီးတာနဲ့ ချက်ချင်း ပလတ်စတစ်စ/မိုးကာများဖြင့် အနီးကပ် ဖုံးအုပ်ကာကွယ်ပါတယ်။ တစ်ဖက်ကလည်း ကွန်ကရစ်သား ခိုင်မာဖို့အတွက် "Curing" ပြုလုပ်ရမယ့် အချိန်ကိုက်စီမံမှုမှာ မိုးရေရဲ့ သဘာဝစိုထိုင်းဆကို စနစ်တကျ ပြန်လည်အသုံးချပြီး ကွန်ကရစ်သားကို ပိုမိုကျစ်လျစ်ခိုင်မာလာအောင် လုပ်ဆောင်ပါတယ်။
🔹Stock Management
ဆောက်လုပ်ရေး ကုန်ကြမ်းတွေဖြစ်တဲ့ ဘိလပ်မြေတွေက စိုထိုင်းဆများရင် ခဲသွားတတ်ပြီး သံချောင်းတွေကလည်း မိုးရေစိုရင် သံချေးတက်လွယ်ပါတယ်။ သံချေးတက်နေတဲ့ သံချောင်းကို သုံးရင် ကွန်ကရစ်နဲ့ ကောင်းကောင်းမကပ်တော့ဘဲ အဆောက်အအုံ သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်း Stock မပျက်စီးစေဖို့ သံချောင်းများကို မြေကြီးနဲ့မထိအောင် စင်တင်ထားခြင်း၊ ဘိလပ်မြေများကို လေလုံမိုးလုံ ဂိုဒေါင်များတွင် စနစ်တကျ ထားရှိခြင်းနှင့် မိုးကာများဖြင့် အထပ်ထပ် အုပ်ထားခြင်းတို့ကို တိကျစွာ လုပ်ဆောင်ရပါတယ်။
🔹Electrical Safety
မိုးရာသီမှာ ဝါယာရှော့ဖြစ်တာ၊ စက်ကိရိယာတွေ ရေဝင်တာမျိုးဟာ လုပ်ငန်းခွင်ကို ရပ်တန့်သွားစေနိုင်တဲ့အပြင် ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရပါတာကြောင့် Safety စံနှုန်းအတိုင်း လျှပ်စစ်မော်တာများ၊ ကေဘယ်ကြိုးများနှင့် စက်ကိရိယာ အားလုံးကို မိုးလုံလေလုံနေရာမှာသာ တပ်ဆင်အသုံးပြုပါတယ်။ ဒါ့အပြင် ရွှံ့ဗွက်တွေကြောင့် ဝန်ထမ်းများ ချော်လဲမှုမရှိစေဖို့ လုပ်ငန်းခွင် သွားလာရေးလမ်းကြောင်းတွေကို ကျောက်ခဲခင်းခြင်း၊ ပျဉ်ပြားခင်းခြင်းတို့ဖြင့် ကြိုတင်စီမံပေးထားရပါတယ်။
ကျွန်တော်တို့ 𝐆3 𝐆𝐫𝐨𝐮𝐩 မှာဆိုရင်တော့ ဒီလိုမျိုး အရည်အသွေးကို အလျှော့မပေးဘဲ စံချိန်စံညွှန်းမီ တည်ဆောက်ရေး နည်းစနစ်တွေကိုသာ အသုံးပြုတာမို့ လူကြီးမင်းတို့ရဲ့ အဆောက်အဦအတွက် ရာနှုန်းပြည့် အာမခံချက် ပေးနိုင်ပါတယ်ခင်ဗျာ🤝👷♂️
ဒါကြောင့် မိုးရာသီအတွင်း ဆောက်လုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက -
📞Phone: 09 777 155 999, 09 886 44 55 77
📍 Office: အမှတ် (၂၅၃)၊ သံသုမာလမ်း၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် သို့ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
ThanThuMar Road
Yangon
11072
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |