Japan Innovation Academy Yangon

Japan Innovation Academy Yangon

Share

Photos from Japan Innovation Academy Yangon's post 04/06/2020

“ ⛈️ ဂျပန်နိူင်ငံ၏ မိုးရာသီ 🌧️ ”

ဂျပန်နိူင်ငံ မှာ မြန်မာနိူင်ငံ ကဲ့သို့သော မိုးရာသီ မျိုးရှိပါတယ်...

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ မိုးရာသီကတော့ ဇွန် လ မှ စတင်ပြီး အချိန်ကာလအားဖြင့် ၁ လခွဲ ပဲရှိကာ အနည်းငယ် တိုတောင်းပါတယ် နော်...

မိုးရွာသည့် နှုန်းများမှာလည်း မြန်မာနိုင်ငံ ၏ မိုးရွာနှုန်းများ နှင့် နှိုင်းယှဉ်လျှင်တော့ နည်းပါးတဲ့ အတွက် ဂျပန် နိူင်ငံမှာရေကြီးခြင်း၊ ရေလျှံခြင်းမျိုး မရှိပါဘူး 🌊

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းမျိုး မရှိပဲ တနေကုန် မိုးနှင်းဖွဲ များ သာသာလောက်သာ တောက်လျောက်ရွာနေသည့် ရက်များက ပိုများပါတယ် 🌨️

အဲ့လို မိုးတွင်းအချိန်မှာ 紫陽花(あじさい) အဂျိစအိ လို့ခေါ်တဲ့ ခရမ်းရောင်၊ အပြာရောင် စသည့် ‌အရောင်လေး တွေ နဲ့ အရမ်းလှတဲ့ပန်းလေးတွေ ပွင့်‌လေ့ရှိပြီး၊ မိုးရွာပြီးတဲ့ အခါမှာလည်း စိုစိုစွတ်စွတ် နဲ့ တောက်ပစွာ လှပနေတတ်ပါတယ် 🌸

အဲဒီ ပန်းပွင့်လေးတွေ ပွင့်ဖို့ကိုလည်း ဂျပန်လူမျိုးတွေ က ပျော်ရွှင်စွာနဲ့မျှော်လင့်နေ တတ်ကြပါတယ် ☺️

မိုးရာသီ ကုန်သွားပြီဆိုလျှင်တော့ ဇူလိုင် လပိုင်း အလယ် လောက်ရောက်သွားပြီဖြစ်ပြီး နွေရာသီ ရဲ့ အစလည်းဖြစ်ပါတယ် ☀️

လူကြီးမင်းတို့ အား လေးစားစွာဖြင့် ဂျပန် နိူင်ငံ၏ မိုးရာသီ အကြောင်းကို ဗဟုသုတ ရရှိစေရန် မျှဝေ‌ပေးခြင်း ဖြစ်ပါတယ်နော် 🙇🏻‍♀️🙇‍♂️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 149, 11st Floor, AMBO Tower, Bo Aung Kyaw Road, Kyauktada Township
Yangon