Digiboxes Ltd.
21/04/2026
🥳 Happy Birthday to our Managing Director Ko Zin..
🌟 Wishing you a year filled with remarkable achievements and happiness.
06/04/2026
Brand တစ်ခုရဲ့ Identity ကို တည်ဆောက်တဲ့နေရာမှာ အစကနဦးက အရေးကြီးသလို ရေရှည်ခိုင်မြဲဖို့ကလည်း အဓိကကျပါတယ်။
Digiboxes အနေနဲ့ Grand Royal Black ရဲ့ TikTok ခရီးစဉ်ကို စတင်အကောင်အထည်ဖော်ကတည်းက လက်တွဲလုပ်ကိုင်ခွင့်ရခဲ့တာ အခုဆိုရင် (၁) နှစ်ကျော်သက်တမ်းရောက်ရှိလာပါပြီ။ ကျွန်တော်တို့အတွက်တော့ ဒါဟာ ပရောဂျက်တစ်ခုထက်ပိုတဲ့၊ အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံတဲ့ ခိုင်မာတဲ့လက်တွဲမှုပါပဲ။
TikTok ပေါ်မှာ Brand ရဲ့ Image ကိုပေါ်လွင်စေပြီးပရိသတ်နဲ့ထိတွေ့မှုရစေမယ့် Content Pillars တွေကို စနစ်တကျတည်ဆောက်ခဲ့ပါတယ်။ တစ်နှစ်ကျော်အတွင်းမှာ Series အလိုက် ဖန်တီးခဲ့တဲ့ Video Content တိုင်းဟာ Strategy နဲ့အညီဖြစ်ပြီး အခုအခါမှာ Total Views 3 Million+ ဆိုတဲ့ မှတ်တိုင်ကို ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။
ဒီလိုမျိုး ဂုဏ်သိက္ခာရှိတဲ့ Grand Royal Black Brand နဲ့ စတင်ကတည်းက အတူတူ လက်တွဲလုပ်ကိုင်ခွင့်ရတာကို Digiboxes အနေနဲ့ အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။
Building a brand identity is a marathon, not a sprint.
At Digiboxes, we’ve had the privilege of walking alongside Grand Royal Black since the very first day of their TikTok journey. More than a year later, what started as a project has evolved into a partnership rooted in genuine mutual trust.
Our approach was simple but disciplined. We developed content pillars that honor the brand’s identity while driving real audience engagement. By staying the course, we’ve officially surpassed 3 million total views.
It’s been an incredible journey growing with such a prestigious brand from the ground up. Here’s to the next million.
အသေးစိတ်စုံစမ်းလိုပါက …
☎️ Phone - 09 963820004, 09775097767, 09420021369, 09 261078328
📧 Email - [email protected]
🏬 Address - အမှတ် (၁)၊ မိုးကောင်းလမ်း၊ (၁၄)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
08/03/2026
နူးညံ့တဲ့နှလုံးသားများကို ပိုင်ဆိုင်ထားကြပေမယ့် အခက်အခဲတွေ ကြုံတွေ့လာရတဲ့အခါ သံမဏိနှလုံးသားများအဖြစ် ပြောင်းလဲသွားပြီး လောကဓံအခက်အခဲတိုင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်ကာ နယ်ပယ်တိုင်းမှာ ထူးချွန်ထက်မြက်ပြီး ဦးဆောင်နေကြတဲ့ အမျိုးသမီးတွေ၊ မိသားစုအတွက် မားမားမတ်မတ် ရပ်တည်နေတဲ့ အမျိုးသမီးတွေ ပြီးတော့ အမျိုးသမီးနဲ့ဘဝကို ချစ်ခင်မြတ်နိုးသူ LGBTQ+ ခေါင်းစဉ်အောက်မှာ ရှိနေကြတဲ့ အမျိုးသမီးတွေများစွာ အနားမှာရှိနေပါတယ်။
"The woman is at the heart of the home."ဆိုတဲ့ Mother Teresa ရဲ့စကားအတိုင်း Digiboxes မှာ အမျိုးသမီးဝန်ထမ်း ၅၅% က လုပ်ငန်းတစ်ခုလုံးရဲ့ နှလုံးသားနေရာကနေ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် Digiboxes မှ အမျိုးသမီး ဝန်ထမ်းများအားလုံးကို အစဉ် တန်ဖိုးထား၊ ဂုဏ်ယူနေပြီး အမျိုးသမီးများဘက်မှ အမြဲ ရပ်တည်လျက်ရှိပါတယ်။
Digiboxes အနေနဲ့လည်း အမျိုးသား၊ အမျိုးသမီး ၊ LGBTQ+ ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးညီမျှမှုကို အမြဲအလေးထားပြီး မြှင့်တင်ပေးရုံမျှမက စုံလင်ကွဲပြားပြီး အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်အောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ရင်း…
ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Address : No. 1, Ground Level, Moe Kaung Road, 14 Ward, Yankin Township
Yangon
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |