Mandala Travel Service

Mandala Travel Service

Share

19/07/2020

#၁၉ဇူလှိုင်မမေ့နိုင်

16/04/2020
27/03/2020

တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေကြသော ကြည်း၊ရေ၊လေ တပ်မတော်သားများကို လေးစားစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်...

ပြည်သူများလည်း ဘေးကင်းကြပါစေ...

Photos from Mandala Travel Service's post 18/03/2020

“Corona virus အတွက် လိုက်နာပေးစေချင်တဲ့ အချက် ၇ ချက်”
မနေ့ညကပဲ Corona virus ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာအဖြစ် WHO က သတ်မှတ်လိုက်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ အတိုချုပ်လေး လိုရင်းတိုရှင်း ပြောပါမယ်။
မြန်မာနိုင်ငံမှာ ခုချိန်ထိ မတွေ့သေးပါ။ ဒါက အရင်အာဏာရှင်ခေတ်ကလို ဖုံးကွယ်ထားတာမျိုး မဟုတ်ပါဘူး။ တကယ်သာ ဖြစ်လာရင် အုတ်အော်သောင်းနင်းနဲ့ ဖြစ်နေမှာပါ။ ဒီတော့ ဖြစ်နိုင်တာ ၂ ခုက မတွေ့သေးတာရယ်၊ မကူးစက်သေးတာရယ်။ ဘယ်ဟာ ပိုဖြစ်နိုင်တယ် ဆိုတာတော့ သဘောပေါက်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း အချိန်မရွေး လူတွေအများကြီးမှာ တွေ့လာနိုင်တယ်လို့ ပြောနေတာပါ။
ဆိုလိုတာက အသင့်ပြင်ဆင်ထားသင့်ပါတယ်။ တိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံတွေတောင် အသည်းအသန် ဖြစ်နေတာ။ ကိုယ်တွေ နိုင်ငံလိုသာဆို မလွယ်ပါဘူး။
ဒီတော့ အတိုချုပ် ACCA-HSS လို့ မှတ်ထားပါ။
Be Aware - သတိရှိပါ။ တအားလည်း မကြောက်ပါနဲ့။ (အကြောက်လွန်ပြီး Mask တွေ မလိုအပ်ဘဲ တပ်၊ ပေါက်ကရသတင်းတွေ အဟုတ်ထင်ကုန်တာမျိုး ဖြစ်တတ်လို့ပါ) တစ်ဖက်ကလည်း မပေါ့ဆပါနဲ့။ သတိထားပါ။
Clean hands - လက်ကို ဆပ်ပြာနဲ့ရေနဲ့ သေချာစနစ်တကျ ဆေးကြောပါ။ ဆပ်ပြာနဲ့ မဆေးနိုင်တောင် အယ်ကိုဟော ပါတဲ့ လက်သန့်ဆေးရည်နဲ့ အမြဲဆေးပါ။
Cough etiquette - နှာချေ၊ ချောင်းဆိုးတဲ့အခါ သတိထားပေးပါ။ တစ်ရှူးသုံးပါ။ ပြီးရင် စနစ်တကျ စွန့်ပစ်ပြီး လက်ဆေးပါ။ တစ်ရှူးမရှိရင် လက်မောင်းကို ကွေးပြီး နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးအုပ်ပါ။ လက်နဲ့ အုပ်မိလိုက်တယ်ဆိုလည်း ပြီးသွားရင် လက်သေချာဆေးပါ။ လက်ကိုင်ပဝါနဲ့ အဝတ်စတွေကို မသုံးပါနဲ့။
Avoid - ရှောင်ပါ။ ဘာတွေ ရှောင်ရမလဲဆို ၅ ခု ရှောင်ပါ။
• မဆေးထားတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တာ ရှောင်ပါ။
• တုပ်ကွေးဖြစ်နေတယ်လို့ ယူဆရတဲ့သူနဲ့ အနီးကပ် ထိတွေ့တာကို ရှောင်ပါ။
• တိရစ္ဆာန်တွေနဲ့ အနီးကပ် ထိတွေ့တာကို ရှောင်ပါ။
• နေထိုင်မကောင်း ဖြစ်နေရင် အပြင်သွားတာ ရှောင်ပါ။
• နောက်ဆုံး ရှောင်ရမှာကတော့ လူစုလူဝေး ဖြစ်ပါတယ်။ တတ်နိုင်သမျှ ရှောင်ပါ။
Healthy lifestyle - ဒီရောဂါက အဓိကအားဖြင့် အသက်ကြီးသူတွေ၊ နဂိုရောဂါအခံ ရှိသူတွေမှာ အဖြစ်များပြီး ပြင်းထန်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေပါ။ အစားများများစား၊ ကောင်းကောင်းအိပ်၊ စိတ်ဖိစီးမှုလျှော့၊ အားကစားလုပ်ပါ။ ဒါတွေက ကိုယ်ခံအားကို တက်စေပါတယ်။
Seek health care - နေထိုင်မကောင်းဖြစ်ရင် အမြန်ဆုံး ဆေးကုသမှု ခံယူပါ။ သံသယဖြစ်စရာ ရှိရင်လည်း ကျန်းမာရေးဌာနကို ချက်ချင်း အကြောင်းကြားပါ။ ဒါက ကိုယ့်ကျန်းမာရေးအတွက်လည်း အရေးကြီးသလို တစ်ပါးသူကိုလည်း ဂရုစိုက်ပေးရာ ရောက်ပါတယ်။
Stay updated - ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ မသိတာမို့ အမြဲမပြတ် စောင့်ကြည့်နေပါ။ သတင်းတွေ နားထောင်ပါ။ စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကိုပဲ ယုံကြည်ပါ။ အစ်မ ဒေါက်တာ ခင်ခင်ကြီး၊ Ministry of Health and Sports, Myanmar (Blue mark)၊ WHO, Hello Sayarwon နဲ့ တခြားဆရာဝန်၊ ဆရာမတွေ ရေးသားတာကိုပဲ မျှဝေပါ။ စောင့်ဖတ်ပါ။
နောက်ဆုံးပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ မပေါ့ပါနဲ့။ အကြံပြုချက်တွေကို တတ်နိုင်သမျှ အတိအကျ လိုက်နာပါ။ အဲဒါက ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်မိသားစုတွေကို ဂရုစိုက်ရာလည်း ရောက်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၂.၃.၂၀၂၀


🌿MANDALA TRAVEL SERVICE🌿
************************************
🌿Office Address🌿
အမှတ် ၄၂၀ ၊ ၈လွှာ , ကုန်သည်လမ်းနှင့် ၄၅လမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
📱09-899881414 (Viber)
📱09-887258301 တို့ကိုဆက်သွယ်နိုင်ပါတယ်။
🌿ချစ်ခင်လေးစားရပါသော ခရီးသွား မိတ်‌ဟောင်းမိတ်သစ်များအားလုံးကျန်းမာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 420, 8th Floor, Corner Of Merchant Road & 45th Street, Ward 9, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:30 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30