Engineering Express

Engineering Express

Share

18/05/2026

ဒီနေ့ ရန်ကုန်ငလျင်သတင်းတွေကြားပြီး “အထပ်မြင့်တိုက်တွေက ပိုအန္တရာယ်ရှိလား?” ဆိုတဲ့ မေးခွန်းကို လူတော်တော်များများ စဉ်းစားနေကြတယ်။
တကယ်တော့ Engineering Perspective အရ — “အထပ်မြင့်” ဖြစ်တာက အန္တရာယ်မဟုတ်ဘဲ
“ဘယ်လို Design / Construction လုပ်ထားလဲ” ဆိုတာက ပိုအရေးကြီးပါတယ်။
Earthquake Engineering မှာ အဓိကစဉ်းစားတာတွေက —
1-Structural System
Shear Wall ပါလား
Moment Resisting Frame သုံးထားလား
Load Path continuous ဖြစ်လား
Seismic Design
ငလျင်အချိန် lateral force ကို building က ဘယ်လို dissipate လုပ်မလဲ ဆိုတာ design stage မှာတွက်ထားရပါတယ်။
2-Resonance & Sway
အထပ်မြင့်တိုက်တွေက ငလျင်အချိန် sway ဖြစ်နိုင်တယ်။
ဒါပေမယ့် controlled flexibility နဲ့ design လုပ်ထားတဲ့ building တွေက rigid building တွေထက်တောင် safer ဖြစ်နိုင်ပါတယ်။
3- Soft Story Risk
Ground floor parking area ကြီးပြီး column ပဲကျန်တဲ့ building တွေမှာ soft story failure risk မြင့်တတ်ပါတယ်။
4-Construction Quality
Design ကောင်းတာတစ်ခုတည်းမလုံလောက်ပါဘူး။
Rebar detailing, concrete quality, workmanship, supervision — အားလုံးက life safety ကို directly သက်ရောက်ပါတယ်။
အရေးကြီးဆုံးက — “Building တစ်လုံး safe ဖြစ်မဖြစ်” ဆိုတာ
အမြင့်နဲ့မဆုံးဖြတ်နိုင်ပါဘူး။
Code compliance
Engineering ethics
Quality control
Maintenance
ဒီ ၄ ခုက ပိုအရေးကြီးပါတယ်။
ငလျင်ဆိုတာ မတားနိုင်တဲ့ Natural Hazard ဖြစ်ပေမယ့် Engineering နဲ့တော့ Damage ကို လျှော့ချနိုင်ပါတယ်။
Civil/Structural Engineers တွေအတွက်လည်း
Public Awareness ပိုလုပ်ပေးဖို့ အချိန်ရောက်လာပြီထင်ပါတယ်။


Disclaimer:
This article is shared for educational purposes only. Its aim is to help readers better understand and systematically use pages. No harmful or misleading intent is intended. The goal is to promote knowledge and responsible usage.

07/05/2026

📣တိုက်ခန်းရောင်း/ဝယ်/ငှား Services
မင်မင်တို့ဆီမှာ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ပုဇွန်တောင်မြို့နယ်၊ဗိုလ်တထောင်မြို့နယ် စတဲ့ နေရာတွေအတွက် တိုက်ခန်း ရောင်း/ဝယ်/ငှား ဝန်ဆောင်မှုတွေ ရရှိနိုင်ပါပြီနော်။
📣တိုက်ခန်းတွေအတွက် Renovation Services
အခန်းပြင်၊အခန်းဖွဲ့၊အခန်းဖျက်၊ဆေးသုတ်၊ပါကေးခင်း၊Kitchen Counterစတဲ့လုပ်ငန်းလေးတွေအတွက် Service ရရှိနိုင်ပါပြီနော်။
📣ကာကာတို့အခု ဆောက်လုပ်နေဆဲ အိမ်အတွက်စီမံခန့်ခွဲမှုအပိုင်းအတွက် Consulting Service လည်းရယူနိုင်ပါပြီနော်။
☎️09957301976

07/05/2026

‼️‼️Fuse မထားဘဲ တိုက်ရိုက်မပြောပါနဲ့
လုံးချင်းအိမ် Project တစ်ခုကို Contractor နဲ့ စာချုပ်စာတမ်းမပြင်ဆင်ဘဲ နှုတ်နဲ့ပဲ အလုပ်လုပ်မယ်ဆိုရင် နောက်မှ ကြုံရနိုင်တဲ့ ပြဿနာတွေက အများကြီးပါ 👇
👉ကုန်ကျစရိတ်မတည်ငြိမ်မှု
အစပိုင်းမှာ ပြောထားတဲ့ စျေးနဲ့ အပြီးသတ်မှာ တက်သွားနိုင်ပါတယ်။ “ဒါမပါဘူး၊ အဲ့ဒါထပ်ထည့်ရမယ်” ဆိုပြီး ပိုက်ဆံတိုးတောင်းနိုင်ပါတယ်။
👉အလုပ်အရည်အသွေး မတိကျခြင်း
ဘယ်လို standard နဲ့လုပ်ရမယ်ဆိုတာ မရေးထားတော့ contractor ဘက်က ကိုယ့်စိတ်ကြိုက်လုပ်နိုင်ပါတယ်။ နောက်မှ မကျေနပ်လို့ ပြန်ပြင်ချင်ရင် အခက်အခဲဖြစ်တတ်ပါတယ်။
👉အချိန်မီမပြီးခြင်း
ပြီးစီးရမည့် deadline မသတ်မှတ်ထားလို့ အလုပ်ရှည်လျားသွားနိုင်ပါတယ်။ Contractor ဘက်က delay ဖြစ်တာကို တာဝန်ယူမယ့်အခြေအနေ မရှိနိုင်ပါဘူး။
👉အငြင်းပွားမှုများ ဖြစ်လာခြင်း
“ဒီလိုပြောထားတာ မဟုတ်ဘူး” ဆိုပြီး နှစ်ဖက်အမြင်မတူတာတွေ ဖြစ်လာနိုင်ပါတယ်။ စာရွက်စာတမ်းမရှိလို့ ဘယ်သူမှန် ဘယ်သူမှား သက်သေပြရခက်ပါတယ်။
👉ပစ္စည်းအရည်အသွေး လျော့နည်းနိုင်ခြင်း
အသုံးပြုမယ့် material အမျိုးအစား မသတ်မှတ်ထားရင် contractor က စျေးသက်သာတဲ့ပစ္စည်းတွေ အသုံးပြုနိုင်ပါတယ်။
👉ငွေပေးချေမှု ပြဿနာများ
ဘယ်အဆင့်မှာ ဘယ်လောက်ပေးမယ်ဆိုတာ မသတ်မှတ်ထားလို့ တစ်ဖက်တည်း အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။
👉Third Party Monitor မရှိခြင်းကြောင့် ထိန်းချုပ်မှုလျော့နည်းခြင်း။
Project ကို လက်တွေ့ကြီးကြပ်ပေးမယ့် Engineer/👉Consultant တစ်ယောက်မရှိရင်—
အလုပ်အဆင့်တိုင်းကို စစ်ဆေးမယ့်သူ မရှိတော့ပါဘူး။
Quality Control လျော့နည်းနိုင်ပါတယ်။
Contractor ဘက်က shortcut လုပ်တာတွေ မမြင်မိနိုင်ပါဘူး။
Owner ဘက်က technical မသိရင် ပိုပြီး ဆုံးရှုံးနိုင်ပါတယ်။
📌 လုံးချင်းအိမ် Project လုပ်မယ်ဆိုရင်—
✔️ Contract စာချုပ်တိတိကျကျ ရေးပါ
✔️ Drawing, BOQ, Timeline တွေ သတ်မှတ်ပါ
✔️ Payment Scheduleကိုရှင်းလင်းစွာသတ်မှတ်ပါ
✔️ Third Party (Engineer/Consultant) တစ်ယောက်နဲ့ Monitor လုပ်ပါ
💬 “အချက်အလက် စုံလင်တဲ့ စာချုပ်တစ်စောင်နဲ့ Professional Monitor တစ်ယောက်က Project ကို အောင်မြင်စေတဲ့ အရေးကြီးဆုံးကာကွယ်ရေးပါ”


Disclaimer:
This article is shared for educational purposes only. Its aim is to help readers better understand and systematically use pages. No harmful or misleading intent is intended. The goal is to promote knowledge and responsible usage.

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon