Win Thu

Win Thu

Share

19/10/2024
03/06/2024

ဒီပုံလေးမြင်တော့ ပထမ ရယ်ချင်မိသား။
နောက်တော့-
"အနုပညာသမားတွေ"ရဲ့တတိယအရွယ် နေဝင်ချိန်ဟာ ခက်ခဲရင်နင့်ဖွယ်ကောင်းလှပါလားရယ်"-လို့
အတွေးရသွားမိပါတယ်ဗျာ။

"အသံမှာ စိန်အောင်မင်း ပြီးရင်အကောင်းဆုံး"လို့ သတ်မှတ်ခံခဲ့ရတဲ့"ပုလဲစိန်" ဟာ-
"ဘီအီးဒီ အောင်သိုက်၊လူငယ်ကြည်ခိုင်"တို့နဲ့ တွဲပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ ဖူးပါတယ်။

"ဖိုးချစ်"ကရာ ဇာတ်ရုံရဲ့ နဘေး ယာတောကတဲလေးမှာ
လူတစ်ယောက် သေအံ့မူးမူး ဖြစ်နေလို့-
ဇာတ်အဖွဲ့သား တစ်ယောက်သွားကြည့်ပြီး မေးစမ်း
ကြည့်တော့မှ "ပုလဲစိန်" တဲ့။

ပြုစု ကုသဖို့ ဝိုင်းကြိုးစားကြပေမယ့်
ဆုံးပါးသွားခဲ့ရပါတယ်။

တစ်ခေတ်မှာတစ်ယောက်လို့ ဆိုရမယ့်-"မြို့မငြိမ်း"ဟာ
ရောင်စုံ ဒုတ်ထိုးရုပ်လေးတွေရောင်းပြီး
ဝမ်းရေးအတွက် ဖြေရှင်းခဲ့ရ ဖူးသတဲ့။

ကားကို အရမ်းကြောက်တဲ့သူဟာ-
အုတ်သယ်ကားအောက်ကို ခေါင်းထိုးထည့် ပြီး-
မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ရှာပါတယ်။

"ပန်းရည်ဘဏ်တိုက်၊ ရွှေပုပ္ပါး၊ရုပ်သေးပွဲ"သီချင်းတွေ
ရေးခဲ့တဲ့ "ကံမြဲ ဦးအေးကျော်"ဟာ-
"နွားတင်းကုတ်"ထဲမှာ လူမသိဘဲ-
အသက်ဆုံးပါးခဲ့ရပါတယ်။

ရေဒီယိုခေတ် ကာလပေါ်သီချင်းတွေကစလို့
နာမည်ကြီး စတီဒီယို သီချင်းပေါင်းများစွာကို
ရေးစပ်ပေးခဲ့တဲ့ "ကိုလေးလွင်"ဟာ-မိုးသဲနေတဲ့အချိန်
တာမွေမီးသတ်ရှေ့က ပလက်ဖောင်းပေါ်မှာ
လဲနေခဲ့ပါတယ်။
လက်ထဲမှာ ခေါက်ဆွဲသုတ် ထုတ်ကလေး နဲ့တဲ့။
( နေမကောင်းတဲ့ကြားက သူ့သမီးစားချင်တယ်ဆိုလို့
သွားဝယ်ပေးရင်း အားပြတ်ပြီး လဲသွားခဲ့ရတာပါ)

ဘေးလူတွေက မေးစမ်းပြီး ဆေးရုံပို့ပေးကြပေမယ့်
အသက် မမှီတော့ပါဘူး။

နာမည်ကသာ "အနုပညာ သမား"။
ဒါပေမယ့်-
သူတို့ဘဝတွေဟာ ရှင်သန်ဖို့
ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်ဗျာ။

😞😞😞😞😞

05/05/2024

စာပေများ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon