Royal Techies

Royal Techies

Share

18/11/2025

😄

Microsoft မှ KMS38 Activator ကို ပိတ်ဆို့လိုက်ခြင်းကြောင့် Pirated Windows များ၏ Activation ပျက်သွားနိုင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

လူသိများတဲ့ Open-Source Tool ဖြစ်တဲ့ KMS38 Activator ဟာ Massgrave လို့ခေါ်တဲ့ အဖွဲ့တစ်ခုက ဖန်တီးခဲ့တာ ဖြစ်ပြီး MAS ဆိုတာ Microsoft Activation Scripts ကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒီ Tool ဟာ Windows နဲ့ Office ကို ပိုက်ဆံမပေးရဘဲ အသက်သွင်းဖို့အတွက် အလွယ်ကူဆုံးနဲ့ အလုံခြုံဆုံး နည်းလမ်းတွေထဲက တစ်ခုအဖြစ် လူသိများခဲ့ပြီး တရားဝင်လိုင်စင်ရထားတဲ့ ကွန်ပျူတာတွေလိုပဲ Official Update အားလုံးကို Install လုပ်နိုင်စေခဲ့ပါတယ်။

November 2025 Patch Tuesday update အပြီးမှာတော့ ဒီ Tool နဲ့ Activate လုပ်ထားတဲ့ PC တွေဟာ Activation ပျက်သွားပြီး Microsoft ဒါမှမဟုတ် တရားဝင်ရောင်းချသူတွေဆီကနေ လိုင်စင်ဝယ်ယူဖို့ တိုက်တွန်းတဲ့ စာသားတွေ ပေါ်လာနေပါတယ်။ တရားဝင် Windows 11 လိုင်စင်တွေကို အွန်လိုင်းမှာ ၁၀ ဒေါ်လာ လောက်နဲ့ ရှာဖွေနိုင်ပြီး Office 2021 Pro ကတော့ ၃၉ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

KMS38 ဟာ ဆော့ဖ်ဝဲလ်ဖိုရမ်တွေ၊ ခိုးကူးဝက်ဘ်ဆိုဒ်တွေနဲ့ GitHub တွေမှာ နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့ပြီး၊ နည်းပညာကျွမ်းကျင်သူတွေရော၊ အသစ်ဝင်လာသူတွေပါ အများအပြား အသုံးပြုခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီ Download File ကို Microsoft ပိုင်ဆိုင်တဲ့ Platforms တွေဖြစ်တဲ့ Azure DevOps နဲ့ GitHub တို့မှာတောင် တင်ထားခဲ့တာပါ။ Massgrave ရဲ့ Developers တွေက သူတို့ရဲ့ကိုယ်ပိုင် Git Repository နဲ့ Website တွေကိုပါ ထိန်းသိမ်းထားပြီး အဆင့်ဆင့် Activation လမ်းညွှန်တွေကို ပေးထားခဲ့တာပါ။

KMS38 ကို ပိတ်လိုက်တာက Malware တွေကနေ သုံးစွဲသူတွေကို ကာကွယ်ပေးတဲ့ ခြေလှမ်းဖြစ်တယ်လို့ တချို့က ထောက်ပြကြပေမဲ့ တချို့ကတော့ KMS38 ဟာ လူတိုင်း စစ်ဆေးနိုင်တဲ့ Open-Source Tool ဖြစ်တာကြောင့် Malware အတွက် စိုးရိမ်စရာမရှိဘူးလို့ ပြန်လည်ချေပကြပါတယ်။ ZDNet အပါအဝင် နာမည်ကြီး နည်းပညာသတင်းမီဒီယာများစွာကလည်း ဒီ Activation Method ကို စမ်းသပ်ခဲ့ပြီး ကြော်ငြာထားတဲ့အတိုင်း အလုပ်လုပ်ကြောင်း အစီရင်ခံခဲ့ပါတယ်။

Massgrave ရဲ့ နောက်ဆုံး Changelog မှာ Microsoft ရဲ့ ပိတ်ဆို့မှုကြောင့် KMS Activation Option ကို Tool ထဲကနေ ဖယ်ရှားလိုက်ပြီလို့ မှတ်ချက်ပြုထားပါတယ်။ Developers တွေကတော့ အခုအခါမှာ အခြားနည်းလမ်းတွေဖြစ်တဲ့ HWID (Hardware ID) ဒါမှမဟုတ် TSforge Activation Method တွေကို ပြောင်းလဲသုံးစွဲဖို့ တိုက်တွန်းထားပြီး နောင်မှာ ဒီပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး တရားမဝင် Activation နည်းလမ်းတွေကို နှိမ်နင်းလာတာဟာ Microsoft Account မပါဘဲ Windows 11 ကို Install လုပ်တဲ့ နည်းလမ်းအားလုံးကို ပိတ်ဆို့ပြီး လအနည်းငယ်အကြာမှာ ဖြစ်လာတာပါ။ ဒီ update ကြောင့် Local Account သုံးပြီး Windows 11 ကို Offline မှာ Install လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

Windows နဲ့ Office ခိုးကူးမှုဟာ Microsoft အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေခဲ့ပေမဲ့ သမိုင်းကြောင်းအရတော့ ကုမ္ပဏီဟာ ဒီကိစ္စကို အတော်လေး တင်းတင်းကျပ်ကျပ် မဟုတ်ဘဲ လျှော့ပေါ့ ကိုင်တွယ်ခဲ့ဖူးပါတယ်။ Bill Gates ကိုယ်တိုင်တောင် ခိုးကူးမှုက Windows ကို လူသုံးများလာအောင် အထောက်အကူပြုပြီး လူသုံးအများဆုံး Desktop Operating System အဖြစ် တည်မြဲစေခဲ့တယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။ ဒါပေမဲ့ Microsoft ရဲ့ လတ်တလော လုပ်ဆောင်မှုတွေကတော့ သူတို့ရဲ့ ခိုးကူးမှုအပေါ် လျှော့ပေါ့တဲ့ သဘောထားကနေ နောက်ဆုံးတော့ တင်းကျပ်တဲ့ သဘောထားဘက်ကို ပြောင်းလဲလာပြီဆိုတာကို ပြသနေပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: TechSpot





Website
https://www.enthuetech.com/2025/11/microsoft-has-closed-pirated-windows-copy-activation.html

Join our Telegram channel now!
https://t.me/EnThueTech

PowerCert Animated Videos 21/07/2025

If ur interested, u might get at least one knowledge.
Subscribe Now This Channel!!!

PowerCert Animated Videos Learn Visually. A channel of animated information technology videos such as networking, computers, routers, switches, servers, comptia courses, etc. Thank you for stopping by. All videos are copyrighted. Re-uploading these videos to youtube or any other platform is strictly prohibited.

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00