BDA - Business Development Academy
19/03/2019
လုပ်ငန်းစီမံချက် ရေးဆွဲခြင်း - အပိုင်း ( ၃ )
လုပ်ငန်းစီမံချက်ကနေ ဘာတွေအကျိုးရှိလာမှာလဲ ?
လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲဖို့အတွက် ငွေကုန်ကြေးကျရှိနိုင်သလို အချိန်အတိုင်းအတာတစ်ခုလည်းပေးရပါတယ်။ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြစ်စေပြီး ဘာအကျိုးရလဒ်မှ မရရှိမှာ စိုးရိမ်ကြတဲ့အတွက် အမှန်တကယ်လိုအပ်နေတဲ့ လုပ်ငန်းစီမံချက်ကို ရေးဆွဲဖို့ပျက်ကွက်သွားတတ်ပါတယ်။
မည်သို့ပင်ဖြစ်စေ လုပ်ငန်းစီမံချက်တစ်ခုကို ရည်မှန်းချက်ပန်းတိုင်များသို့ သွားရောက်ရာတွင် လမ်းပြမြေပုံ(Road Map) တစ်ခုအဖြစ်အသုံးပြုနိုင်သည့်အပြင် ဖော်ပြပါ အကျိုးကျေးဇူးများလဲ ရရှိနိုင်ပါတယ်..
- လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ တွေ့ကြုံနိုင်သည့်အခက်အခဲများကို ကြိုတင်မြင်တွေ့ထားသည့်အတွက် ငွေကြေးဆုံးရှုံးမှုများကို ရှောင်ရှားနိုင်ပါလိမ့်မည်။
- လုပ်ငန်းထူထောင်သူ၏ ယုံကြည်မှုစိတ်ဓါတ်ကို ပိုမိုမြင့်မားခိုင်မာစေနိုင်ပါသည်။ လုပ်ငန်းထူထောင်သူ၏ လုပ်ငန်းအကြံအစည်များမှာ ဈေးကွက်အခွင့်အလမ်းကောင်းများရှိနေလျှင် ငွေကြေးအရင်းအနှီးမပြည့်စုံပါကလည်း လုပ်ငန်းရှင်သန်တိုးတက်အောင် ထူထောင်နိုင်စွမ်းရှိစေပါလိမ့်မည်။
- လုပ်ငန်းစီမံချက်ရေးဆွဲထားခြင်းဖြင့် ငွေကြေးအရင်းအနှီးမည်မျှလိုအပ်သည်၊ မည်သည့်အတွက် လိုအပ်မည်၊ မည်သည့်အချိန်မှာ လိုအပ်သည်၊ မည်မျှကြာကြာ လိုအပ်နေလိမ့်မည် စသည်တို့ကို သေချာစွာသိရှိနိုင်ပါလိမ့်မည်။
- လုပ်ငန်းစီမံချက်ရေးဆွဲထားခြင်းကြောင့် သင့်လုပ်ငန်းတွေကလဲ သင်မရှိဘဲ အချိန်အတိုင်းအတာတစ်ခုအထိ လည်ပါတ်နေနိုင်ပါလိမ့်မည်။
- လုပ်ငန်းစီမံချက်ရေးဆွဲထားခြင်းဖြင့် သင့်လုပ်ငန်း၏ ကောင်းကျိုးဆိုးကျိုးများကို ကြိုတင်ခန့်မှန်းထားနိုင်ပြီး ဆိုးကျိုးများကို ကြိုတင်ကာကွယ်ထားနိုင်ပြီး ကောင်းကျိုးများအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်များရေးဆွဲပြီး အချိန်တိုအတွင်း ရရှိအောင်စွမ်းဆောင်နိုင်ပါလိမ့်မည်။
လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်ဖို့အတွက်လည်း လုပ်ငန်းစီမံချက်တစ်ခုက သင့်အတွက်မဖြစ်မနေလိုအပ်နေပါလိမ့်မယ်။
Kyaw Min Htwe( Business Coach )
12/03/2019
လုပ်ငန်းစီမံချက် ရေးဆွဲခြင်း - အပိုင်း ( ၁ )
ဘာကြောင့် လုပ်ငန်းစီမံချက် ရေးဆွဲဖို့လိုအပ်တာလဲ ?
လုပ်ငန်းအသစ်တစ်ခုကို ရှင်သန်အောင်၊ တိုးတက်အောင်ထူထောင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းထူထောင်သူတော်တော်များများက သူတို့မှာ စိတ်ကူးစိတ်သန်းကောင်းတွေ၊ အကြံဥာဏ်ကောင်းတွေ၊ ကြိုးစားလုပ်ကိုင်လိုစိတ်တွေ၊ ပြင်းပြတဲ့ အောင်မြင်လိုစိတ်တွေ၊ လုပ်ငန်းကျွမ်းကျင်မှု နှင့် အသိပညာတွေရှိနေရင် သေချာပေါက်လုပ်ငန်းအောင်မြင်မယ်လို့ ယုံကြည်ထားကြပါတယ်။
ဒါတွေက လုပ်ငန်းအောင်မြင်တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာကတော့ အသေအချာပါပဲ။ ဒါပေမဲ့ လုပ်ငန်းရှင်သန်တိုးတက်ဖို့အတွက်တော့ ပြည့်စုံလုံလောက်တယ်လို့တော့ မဆိုနိုင်ပါဘူး။
လုပ်ငန်းထူထောင်သူမှာ ဖော်ပြပါ အရည်အချင်းတွေပြည့်စုံနေပါလျှက် လုပ်ငန်းရှင်သန်တိုးတက်ခြင်းမရှိဘဲ ဘာကြောင့် မအောင်မြင်ကြတာလဲ။ တချို့သောလုပ်ငန်းရှင်များသည် လုပ်ငန်းဝင်ငွေနှင့် အမြတ်ကို ခွဲခွဲခြာခြား မသိဘဲ လုပ်ငန်းဝင်ငွေကို အမြတ်ထင်ပြီး ကိုယ်ရေးကိုယ်တာအတွက် ထုတ်ယူသုံးစွဲလိုက်တဲ့အတွက် အချိန်မတန်ဘဲ ဆုံးရှုံးသွားသော လုပ်ငန်းများစွာလဲ ရှိပါတယ်။
ဈေးကွက်အရွယ်အစားနှင့် အပြောင်းအလဲတွေကို လက်တွေ့ကျကျ၊ မှန်မှန်ကန်ကန် မဆန်းစစ်နိုင်ခဲ့လို့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့သွားကြတဲ့ လုပ်ငန်းတွေလဲ အများအပြားရှိကြတယ်။
လုပ်ငန်းထူထောင်သူမှာ စိတ်ကူးစိတ်သန်းကောင်းတွေ၊ အကြံဥာဏ်ကောင်းတွေ၊ ကြိုးစားလုပ်ကိုင်လိုစိတ်တွေ၊ ပြင်းပြတဲ့ အောင်မြင်လိုစိတ်တွေ၊ လုပ်ငန်းကျွမ်းကျင်မှုတွေ၊ အသိပညာတွေ နှင့် လုပ်ငန်းကို အားကြိုးမာန်တက်လုပ်ဆောင်ပါလျှက် ဘာကြောင့်မအောင်မြင်ကြတာလဲ။
အများအားဖြင့်တော့ ကြိုတင်ပြင်ဆင်မှုအားနည်းလို့ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုအဖြစ် လုပ်ငန်းစီမံချက် ( Business Plan ) ကိုမဖြစ်မနေ ရေးဆွဲထားဖို့လိုအပ်ပါတယ်။ လုပ်ငန်းစီမံချက်တစ်ခုရှိထားမှသာ လုပ်ငန်းရှင်သန်ဖို့ နှင့် အောင်မြင်တိုးတက်ဖို့ အတွက်ဆောင်ရွက်နိုင်ပါလိမ့်မယ်။
လုပ်ငန်းစီမံချက်(Business Plan) ဆိုတာက လုပ်ငန်း၏ ရည်ရွယ်ချက် နှင့် ရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိရန်အတွက် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းများ နှင့် ကျခံသုံးစွဲရမည့် ကုန်ကျစရိတ်များအတွက် ငွေကြေးလုံလောက်မှုတို့အတွက် ကြိုတင်ခန့်မှန်းနိုင်ရန်ဖြစ်ပါသည်။
- ဘာလုပ်ငန်းကိုလုပ်မှာလဲ။
- ကိုယ့်ရဲ့ဖောက်သည်တွေက ဘယ်သူတွေလဲ။
- ဈေးကွက်အခြေအနေကရော ဘယ်လိုဖြစ်နေလဲ။
- ဈေးကွက်ကို ထိုးဖောက်မည့် နည်းလမ်းတွေက ဘာတွေဖြစ်မလဲ။
- အရောင်းဗျူဟာတွေကို ဘယ်လိုသတ်မှတ်ထားမလဲ။
- ဖောက်သည်တွေက ဘယ်လောက်အထိ ၀ယ်ယူနိုင်မလဲ။
- လုပ်ငန်းအတွက် ကုန်ကြမ်းပေးသွင်းသူတွေက ဘယ်သူတွေလဲ။
- စီမံခန့်ခွဲမှုအတွက် ဘာတွေလုပ်ဆောင်ထားမှာလဲ။
- လုပ်ငန်းထူထောင်/ ထပ်မံတိုးချဲ့ ဖို့အတွက် ငွေကြေးအရင်းအနှီးက ဘယ်လောက်လိုအပ်မလဲ။
လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲထားမယ်ဆိုရင်တော့ သင်ဒါတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ပါလိမ့်မယ်။
အခုဆိုရင်သင့်ရဲ့လုပ်ငန်းအတွက် လုပ်ငန်းစီမံချက်တစ်ခု မဖြစ်မနေရေးဆွဲထားဖို့ လိုအပ်တယ်ဆိုတာ သတိထားမိလာပါလိမ့်မယ်။
လုပ်ငန်းစီမံချက်တစ်ခုကို ရေးဆွဲလိုတယ်ဆိုရင်တော့ လုပ်ငန်းစီမံချက် ရေးဆွဲခြင်း အစီအစဉ်ရဲ့ နောက်ဆက်တွဲအပိုင်းတွေကို ဆက်လက်လေ့လာကြည့်ပါလို့ အကြံပြုရင်း...
Kyaw Min Htwe ( Business Coach )
BDA - Business Development Academy
Click here to claim your Sponsored Listing.
Category
Website
Address
No/29, Kyunn Taw Street, San Chaung Township
Yangon
11111