PRO POS

PRO POS

Share

21/05/2026

PRO POS အားရွေးချယ်အသုံးပြုပေးသည့်အတွက် Royal Mart ကို အထူးကျေးဇူးပါ 🙏

📞09-778915075

22/03/2026

PRO POS အား အသုံးပြုပေးသည့်အတွက် NATIONAL Peanut Oil ကို ကျေးဇူးအထူးပါ ခင်ဗျာ 🙏

25/02/2026
27/08/2025

ဝယ်စျေးအပြောင်းအလဲရှိလျှင် Cost Methods အရ ကုန်ပစ္စည်း၏ ဝယ်စျေး နှင့် ရောင်းစျေးကို Auto Update လုပ်ပေးနိုင်သည့် Setting ကို ထပ်တိုးပေးခြင်း

ကုန်ပစ္စည်းများတွင် ဝယ်စျေးအပြောင်းအလဲကြောင့် မူလ Products ၏ ဝယ်စျေးကို ပြောင်းလဲရာတွင် အရင်အတိုင်းထားမလား (FIFO), ဝယ်စျေး အသစ်ကိုထားမလား (LIFO), အရင်စျေးနှင့်ယခုဝယ်စျေးကို ပျှမ်းမျှယူပြီးတော့ ထားမလား (AVG) စသည်ဖြင့် ပြောင်းလဲနိုင်အောင် ပြင်ဆင်ပေးထားခြင်းဖြစ်ပါသည်။

1. Update Product Cost with Purchase

ဒီမှာ ကြည့်လိုက်မယ်ဆိုရင် FIFO, LIFO, AVG ဆိုပြီးတော့ သုံးမျိုးတွေ့ရပါမည်။ တစ်ခုခြင်းဆီက ဘယ်လိုမျိုး အလုပ်လုပ်လဲ ဆိုတာလေးကို ရှင်းပြပေးသွားပါမည်။ ဒီအချက်လေးကို မရှင်းပြခင် ဒီ Setting ရဲ့ လုပ်ဆောင်ချက်က Purchase မှ ပစ္စည်းဝယ်သူ့အချိန်တွင် Products များ၏ ဝယ်စျေး ကို Auto Update လုပ်သည့် ပုံစံဖြစ်ပါသည်။

FIFO > Product Cost အား မထိပါ (အရင်ဝယ်စျေးအတိုင်းပဲ ရှိနေပါမည်)

LIFO > Product Cost အား ထိပါသည် (Purchase တွင် ပြောင်းလဲသွားသော စျေးနှုန်းအား Product Cost ကို Update ပြုလုပ်ပေးပါမည်)

AVG > Product Cost အား ထိပါသည် (Purchase တွင် ပြောင်းလဲသွားသော စျေးနှုန်း နှင့် မူလစျေးနှုန်း ကို ပျှမ်းမျှတွက်ပြီးတော့ Product Cost ကို Update လုပ်ပေးပါမည်)
AVG တွက်သည့် အချိန်တွင်လည်း မူလ ပစ္စည်းလက်ကျန် နှင့် ဝယ်စျေးကို ကြည့်ပြီး ၊ အသစ်ဝယ်သော ဝယ်စျေးနှင့် အရေအတွက်အရ Average တွက်ချက်ပေးသည့် ပုံစံဖြစ်ပါသည်။

2. Update Product Price with Purchase

ဒီ Setting ကတော့ Yes ဆိုရင် အလုပ်လုပ်မည် ဖြစ်ပြီး၊ No ဆိုလျှင် အလုပ်မလုပ်ပါ။ ဒီ Setting ၏ အလုပ်လုပ်ပုံကို ပြောပြပေးသွားပါမည်။

Yes ဖြစ်လျှင် No.1 Setting (FIFO, LIFO, AVG) အရ Product ၏ Price (ရောင်းစျေး) ကို အလိုအလျောက် Update လုပ်ပေးပါလိမ့်မည်။ ရောင်းစျေးကို ဘယ်လိုသတ်မှတ်ပေးမှာလဲဆိုရင်တော့ Product ၏ ဝယ်စျေးအရ ထို Prouct ၏ Margin ကို ကြည့်ပြီး ရောင်းစျေးကို အလိုအလျောက်ပြောင်းပေးသွားပါမည်။

ဥပမာ - Product A (Cost - 100, Margin - 50%, Price -150) [No.1 Setting က AVG ဆိုပါစို့]

ထိုအခြေအနေမှာ Purchase လုပ်သည့်အချိန်တွင် Cost - 200 ပြောင်းသွားလျှင် Product A က ဘယ်လိုဖြစ်သွားမှာလဲဆိုရင်

Product A
Cost > (100 + 200)/2 > 150
Price > 150 x 50% > 225

ဒီလိုမျိုး ဖြစ်သွားပါလိမ့်မည်။

စျေးအပြောင်းအလဲမှာ ခေါင်းစားစရာမလိုအောင် ထပ်တိုးပြင်ဆင်ပေးထားခြင်း ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက

📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon