Tr Htoo - Math Class
18/07/2026
Dear Parents and Guardians,
May I send you a Holiday Notice - Martyrs’ Day
Date: July 19th (Sunday)
All Mathematics Classes will be closed on this public day.
Classes will resume on Monday as usual.
Thank you.
Have a nice holiday.
Best,
Tr Htoo
သင်တန်းပိတ်ရက် အကြောင်းကြားခြင်း
လေးစားချစ်ခင်ရသော ဖေဖေ မေမေ တို့ရှင့်
19.7.2026 (တနင်္ဂနွေနေ့) သည် ၇၉ နှစ်မြောက် အာဇာနည်နေ့ ၊ အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့်
Tr Htoo သင်္ချာသင်တန်းများအား မနက်ဖြန် တစ်ရက်ပိတ်မည် ဖြစ်ပါသည်။
ပျော်ရွှင်ဖွယ် အားလပ်ရက်ဖြစ်ပါစေ။
မှ
Tr Htoo
16/07/2026
Year 4
▪️Addition and subtraction of whole numbers
▪️Cambridge curriculum က unit 3 ကို reference လုပ်ပြီး ထုတ်ထားတဲ့ practice paper လေး
Addition and subtraction ဆိုပေမယ့်
✖️Product လေးတစ်ပုဒ်ထည့်ထားတယ် idea and concept လေး သင်ချင်လို့။
Cambridge curriculum က တစ်ပုဒ်ကောင်းများတယ်
တစ်ပုဒ်ဆို ဆိုသလောက်စဉ်းစားရတယ်။
များများလေ့ကျင့်တွက်စရာ ပုံစံတူက မရှိဘူး ။
အဲ့ဒီတော့ ကလေးတွေက တစ်ပုဒ်ပြီးနောက်ပုံစံတူ ထုတ် မေးရင် သိပ်apply ပြန်မလုပ်နိုင်ဘူး။
ပုံစံတူတွေ ရသလောက် များများ ရှာပေး ရေးပေးလေ့ကျင့်ပေးရတယ်။
paper ရဲ့ page 1 လေး အမြည်း 💗
13/07/2026
PS မှာ maths ကို dual curriculum သင်နေရတဲ့ ကလေးလေး
SG maths လေးပိုနားလည်ချင်လို့ ရောက်လာတဲ့ ကလေး
စာတွေ ပိုနားလည်ဖို့ / ဖတ်နိုင်ဖို့ key words တွေ သင်ပေးဖြစ်တယ်
သင်ထားတာတွေ ပြန်မေးဖြစ်တယ်
သင်တဲ့အလျောက် apply လုပ်နိုင်ဖို့
သိရသလောက် မိဘကလည်း သင်တန်းကသင်လိုက်တာတွေကို တစ်ဖက်ကနေ သေချာပြန်လေ့ကျင့်ပေးတယ်။ 🙏
Tackling a dual math curriculum (including Singapore Math) at school!
Our mission? To make SG Maths fun and easy to understand.
Right now, we are focusing on decoding word problems through essential math keywords and doing regular reviews to ensure they can apply what they learn.
Massive thanks to the parents, too!
Their amazing support to practicing the lesson at home is making a huge difference.
Together, we’re building a strong foundation!
11/07/2026
Random test ဆိုတော့
ဖြေချင်ရာဖြေကြသူများပေါ့
Year 7 group
08/07/2026
Credit TuTutat
သင်္ချာဘယ်လဲဘာလဲ။
ပညာရေးအပြောင်းအလဲအကောင်းအဆိုးတွေအများကြီးထဲက အရေးအကြီးဆုံး နဲ့ သတိကြီးစွာထားရမှာက သင်္ချာပဲဖြစ်ပါတယ်။ သင်္ချာက ကျွန်မတို့နိုင်ငံရဲ့ ပိုပို အားနည်းလာတဲ့ ကလေးတွေရဲ့ပညာရေး ကိုမီးမောင်းထိုးပြနေတဲ့ အသိသာဆုံးဘာသာဖြစ်လာပါတယ်။
သင်ရတဲ့ဘာသာတွေထဲမှာဘာကိုအကြိုက်ဆုံးလဲ...... ဘယ်ဘာသာကိုအချစ်ဆုံးလဲ.... ဒီမေးခွန်းလေးကိုအမြဲမေးလေ့ရှိပါတယ်။ ဒီမေးခွန်းလေးရဲ့အဖြေကလေ ဟိုး အဝေးကြီး သူတို့လူကြီးဖြစ်လာတဲ့အထိကို အရေးကြီးပြီး အနှစ်သာရရှိလို့ပါ။ မိဘတွေက ကောင်းပေ့ ဆိုတဲ့ကျောင်းတွေ၊ ကျူရှင်တွေပို့လို့ရပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ကြီးတွေ ဖြစ်အောင်လုပ်စေလို့လည်းရတယ်။ ဒါပေမယ့် ဘာသာရပ်တခုကိုချစ်ဖို့နဲ့... အဲ့ဒီဘာသာကိုရူးရူးသွပ်သွပ်လေ့လာပြီး ထူးချွန်ဖို့ကတော့ မိဘတွေက အခွင့်အရေးပဲ ပေးလို့ရပါမယ်။ တွန်းအားပေးလို့မရနိုင်ပါ။ ဒါကြောင့် ကလေးတွေကိုစကားပြောတဲ့အခါ အမြဲ သူတို့လေ့လာရတာ သဘောကျတဲ့ဘာသာနဲ့ စိတ်သဘောထားအပြောင်းအလဲတွေကို အမြဲလေ့လာဖြစ်ပါတယ်။ သင်္ချာကို အကြိုက်ဆုံး ဆိုတဲ့ကလေးလေးတွေအများကြီးကိုလည်း သဘောကျပြီး အမြဲလေ့လာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သင်္ချာနဲ့ပတ်သက်ပြီး ယိုယွင်းအားနည်းမှုတွေကိုလည်း ပိုစိတ်မကောင်းဖြစ်ရပါတယ်။
မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာသည် သဘော သဘာဝ ကွာခြားပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ မှာ စာတတ်မြောက်ခြင်းဆိုတာက အရေးကြီးပါတယ်။ ရေကူးသလို.. စက်ဘီးစီးသလို စာတတ်သွားပြီဆိုရင်တော့ ဘယ်ရေထဲမဆို ကူးနိုင်တယ်..... ဘယ်စာအုပ်မဆိုတော့ဖတ်နိုင်တယ်။ သေချာနားလည်ဖို့အတွက်ကတော့ ဆက်လက်လေ့လာရတယ်။ ဘယ်တော့ စာတတ်လဲဆိုရင် အမျိုးသားသင်ရိုးစံနှုန်း အရ ဆိုရင် ဒုတိယတန်းအပြီး စာတတ်ပါတယ်။ English လည်းအဲ့လိုပါဘဲ။ Grade 2 အပြီး ကလေးတွေက သူတို့ phonics rules လေးတွေကို သေချာနားလည်ပြီး ဖတ်တတ်ဖို့ပြုစုပေးရပါတယ်။ ၂ တန်းအောင်ရင် စာတတ်ပြီရယ်လို့ ပြောလို့ရပါတယ်။ စာကောင်းစာမွန် အဖူးအညွန့်လေးတွေကို ကလေးတွေဆက်လက်လေ့လာ သင်ယူကြရပါတယ်။ သင်္ချာကတော့ မတူဘူး။ ဘယ်တော့ သင်္ချာတတ်သလဲ။
သင်္ချာသည် နှစ်စဥ် တရစ်ပြီးတရစ် တဆင့်ပြီးတဆင့်၊ တခုပေါ်တခု တည်ဆောက်တဲ့ဘာသာဖြစ်ပြီး အကြားအလပ်မရှိ သင်ကြားမှသာ ကျွမ်းကျင် နိုင်တဲ့ဘာသာဖြစ်ပါတယ်။ သင်္ချာက သိပ္ပံ ဘာသာရပ်တွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တာကိုး။ သင်္ချာ ညံ့ရင် STEM ဘာသာရပ်တွေမှာအင်မတန်ထူးချွန်ဖို့ခဲယဥ်းပါတယ်။ ဒီ STEMဘာသာရပ်တွေ ဆိုတာလည်း မြန်မာမိဘတွေ သားသမီးတွေကို ထူးချွန်စေချင်ကြတဲ့ ဆရာဝန်၊ engineer , IT အဲ့လို အရာမျိုးတွေပါ။ ဒီတော့ ကျွန်မတို့နိုင်ငံအတွက် Stem ဟာ အရေးကြီးသင့်တယ်။ သင်္ချာက အရေးကြီးသင့်တယ်။ သို့သော် ကျွန်မတို့ လက်ရှိ ထိတွေ့နေရတဲ့အခါ သင်္ချာစွမ်းရည်မှာ တော်တော်လေးယိုယွင်းလာကြတာကိုမြင်ကြရပါတယ်။ (ဒါက ကျွန်မတို့ အမြင်နဲ့ အတွေ့အကြုံဖြစ်ပါတယ်)
ကျောင်းပညာရေးနဲ့အဆက်ပြတ်ရင် ပြန်လိုက်ရတာအခက်ဆုံးက သင်္ချာဖြစ်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ အတန်းတွေခုန် ရတဲ့အနေအထားမှာလည်းခါးဆက်ပြတ်တာက သင်္ချာ ဖြစ်တတ်ပါတယ်။ နှစ်စဥ် concept အသစ်တွေ တိုးတိုးသင်ကြရတဲ့အတွက် သင်္ချာဟာ ကြာရှည်အားနည်းရင် ပြန်လိုက်ရခက်တတ်တဲ့ဘာသာဖြစ်ပါတယ်။ မြို့ပြက ကလေးတွေကလည်း ကျောင်းတစ်ခုနဲ့တစ်ခု သင်ရိုးမတူတာတွေ၊ standards မတူတာတွေကြားမှာ ကူးကြပြောင်းကြ နဲ့ concept gap တွေရှိကြပါတယ်။ နယ်က ကလေးတွေဆိုလည်း စာမသင်ရတဲ့နှစ်တွေ၊ သင်ကြားမှုမတူတဲ့ကလေးတွေ၊ အစရှိတဲ့ သင်ကြားမှု Gap တွေရှိကြပါတယ်။ ဆရာမလုံလောက်မှု၊ ဆရာ/မတွေ တတ်ကျွမ်းမှုစွမ်းရည် အစရှိတာတွေအပေါ်မူတည်ပြီးလည်း ကွာဟမှုတွေရှိတဲ့အထဲမှာ သင်္ချာဟာ အထိခိုက်ဆုံးထဲမှာပါပါတယ်။
နောက်သင်္ချာကို ဆိုးရွားစွာထိခိုက်တာကအင်္ဂလိပ်လိုလုံးစေ့ပတ်စေ့နားမလည်ခင် သင်္ချာကိုအင်္ဂလိပ်လိုသင်ကြရတာလည်းပါပါတယ်။ မိခင်ဘာသာစကား က အင်္ဂလိပ်စာမဟုတ်တဲ့အခါမှာ ကလေးတစ်ယောက်က KG, G1, G2 .. year 1 , year 2 အစရှိတဲ့ အတန်းတွေကို စတက်လာပြီဆိုရင် ကလေးရဲ့ ဘာသာစကားစွမ်းရည်အပေါ်မူတည်ပြီး ကလေးက သင်္ချာကို အင်္ဂလိပ်လိုသင်ဖို့အသင့်ဖြစ်လား မဖြစ်လားဆိုတာ တော်တော်လေးဆန်းစစ်သင့်ပါတယ်။ သင်္ချာဆိုတာ Foundation years မှာ အခြေခံကောင်းရမှ ဆက်လက်သင်ရတာ ပိုကောင်းမွန်ပြီး ထူးချွန်တဲ့ဘာသာဖြစ်ပါတယ်။ အင်္ဂလိပ်လို အဆင်သင့်မဖြစ်သေးတဲ့ကလေးကို သူနားမလည်တဲ့ဘာသာနဲ့ သင်္ချာသင်တဲ့အခါ ဒီ ဘာသာရပ် ကသူ့အတွက် နှမြောလို့ကောင်းလှပါတယ်။ လက်ရှိ စျေးကွက်မှာ အင်္ဂလိပ်စာဆရာ/မ များ အများဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်စာ တော်ပြီဆိုရင် အင်္ဂလိပ်စာဘာသာသင်ပြ အဖြစ် ရပ်တည်ကြပါတယ်။ ဘာသာရပ်ဘက်ကိုပြောင်းတာ ရှိပေမယ့်ရှားပါတယ်။ အင်္ဂလိပ်စာသင်လည်းပိုက်ဆံဝင်နေတာပဲလေနော်။ ဒီတော့ အင်္ဂလိပ်လို ကောင်းကောင်း သင်နိုင်တဲ့ သင်္ချာ ဆရာ/မ ဆိုတာ က တကယ့် Asset ဖြစ်ပါတယ်။ တခြား ဘာသာရပ်တွေလည်းအဲ့လိုပါပဲ။ ဆိုတော့ ဆရာ/မ တွေမှာ ကျောင်းက အင်္ဂလိပ်လိုသင်ခိုင်းတဲ့ pressure ရှိမယ်၊ ကလေးတွေကလည်း ESL learners တွေဖြစ်လို့ နားလည်မှုပိုင်း gap လေးတွေရှိမယ်၊ ဆရာ/မ မှာလည်း ရှင်းပြရတဲ့အခါ gap တွေရှိမယ်။ ဒီကြားထဲလည်း တခြားနေ့စဥ်လုပ်ရတဲ့ အတန်းထိန်းရတာဘာညာ ရှိတဲ့အခါ သင်္ချာ မှာ တော်တော်လေးကို အဟ တွေရှိလာပြီး တကယ်တတ်ဖို့ထက် သင်ရိုးကုန်ဖို့ အဓိက ဖြစ်လာကြပါတယ်။ အရင်က မြန်မာလိုသင်္ချာသင်တဲ့ စနစ်နဲ့ အင်္ဂလိပ်လိုသင်္ချာသင်စနစ် ၂ ခု ကိုပြောပြီး ဒီအားနည်းချက်ကို ပြောပြီးသားဖြစ်လို့ ဒီမှာထပ်မပြောလိုပါ။ အဲ့လိုအရာလေးတွေလည်း ပါပါတယ်။
နောက် သင်္ချာအားနည်းသွားတဲ့အကြောင်းရင်း ဖြစ်လောက်တာက အပိုဘာသာရပ်တွေအများကြီးဖြစ်သွားပြီး ကလေးတွေအနေနဲ့ သင်ကြားရတာတွေများတဲ့အခါ သင်္ချာလို ဦးနှောက်သုံးရတဲ့ဘာသာရပ်တွေက ပင်ပန်းစရာဖြစ်သွားတယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် ကလေးတွေငယ်စဥ်မှာ ၁၀ ဘာသာ ၊ ၁၁ ဘာသာ သင်ရတာမျိုး ၊ စာမေးပွဲတွေဖြေရတာမျိုးထက် ထက် ပင်မ ဘာသာတွေ သင်ယူမှုကို လန်းဆန်းတက်ကြွပြီး သင်ယူချင်စိတ်ရှိဖို့ကို အဓိက ထားသင့်တယ်လို့လည်း ထင်ပါတယ်။ဒီနေရာမှာ Cambridge, Pearson, Singapore Math၊ မြန်မာသင်ရိုး အဲ့လိုထည့်မပြောတော့ပါ။ ဘယ်သင်ရိုးကိုမဆို သင်တတ်ဖို့သာအရေးကြီးပါတယ်။ သင်တဲ့အခါလည်း သင်ရိုးထက်၊ သင်ရိုးပြီးဖို့ထက် ကလေးတတ်မြောက်ဖို့နဲ့ ဒီဘာသာရပ်ကိုမကြောက်ဘဲလက်ခံဖို့ သာ အဓိကဖြစ်သင့်ပါတယ်။ ဒီစာအုပ်ကုန်ဖို့ထက် သင်ရတာကို နှစ်သက်ပျော်မွေ့ဖို့သာအဓိက လို့ထင်ပါတယ်။ သို့သော်စာ တွေ လိုတာထက်များပြီး ကလေးကို သင်္ချာနဲ့ဝေးစေမယ့် သင်ရိုးမဖြစ်ဖို့ကတော့ အရေးကြီးလှပါတယ်။ စာတွေချည်းများနေတာ။ စာအုပ်တွေချည်းများ၊ သင်စရာတွေများပြီး တကယ်ထိထိရောက်ရောက် မဖြစ်တာ၊ ကလေး ချစ်ရမယ့်ဘာသာတစ်ခု ကို ချစ်ခွင့်မရလိုက်တာက ကလေးရဲ့ အနာဂတ်နဲ့ ဘဝလမ်းကြောင်းအတွက် အများကြီး ထိခိုက်နစ်နာပါတယ်။ တကယ့် နိုင်ငံအတွက် ရှာမှရှားတဲ့ STEM ပညာရှင်တွေ ဒီခေတ်မှာ ပိုလိုအပ်ပါတယ်။
နိုင်ငံခြားသားဆရာတွေထဲမှာလည်း တကယ်အရည်အချင်းရှိတဲ့ STEM ဆရာတွေရှာရတာ အခက်ဆုံးထင်ပါတယ်။ ဘာလို့လဲဆိုတော့ STEM ဘာသာရပ်သင်တွေက သူတို့ နိုင်ငံတွေမှာတောင် တကယ်အလုအယက် ရှာကြရတာပါ။ ဒီလိုဆရာတွေ ကျွန်မတို့လို နိုင်ငံကို လာဖို့ဆိုတာ တကယ့်ရှားပါး ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် NES (native english speaker) ခေါ်ရုံနဲ့ ဖြေရှင်းမရတဲ့ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုပြသနာလည်းဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံခြားသားဆရာတွေအနေနဲ့လည်း ကလေးတွေနားမလည်တဲ့အခါ intervention လုပ်ရတာ တကယ်ခက်တဲ့ဘာသာဖြစ်ပါတယ်။ ဒါ ကြောင့် တကယ် ဒီပြသနာ ကို ဖြေရှင်းဖို့ အင်္ဂလိပ်လို ကျွမ်းကျင်တဲ့ဘာသာရပ်သင် ဆရာ/မများ ပေါများတဲ့ အချိန်မှာမှ ရှင်းလင်းနိုင်ပါမယ်။ သို့မဟုတ် မြန်မာလို သင်တာကိုလက်ခံနိုင်တဲ့နားလည်တဲ့မိဘများရှိတဲ့ နေရာများကလည်း သင်္ချာအားနည်းခြင်းကို ကျော်လွှားနိုင်ပါမယ်။ ဒါကြောင့် ဒီသင်္ချာ ပြသနာက လက်ရှိ မိဘတွေသတိထားမိသည်ဖြစ်စေ မထားမိသည်ဖြစ်စေ ဆက်လက်ရှိနေမယ့် ပြသနာဖြစ်ပါတယ်။
လက်ရှိသင်္ချာသည် စျေးကွက်မှာ ကျူရှင်အယူကြဆုံးဘာသာလည်းဖြစ်ပါတယ်။ ကျူရှင်ယူတာများတဲ့ဘာသာတိုင်းမှာ သင်ကြားရေးနောက်ဆက်တွဲပြသနာများရှိပါတယ်။ သင်ကြားမှုမတူကြတဲ့ကလေးတွေ၊ မတူတဲ့ concept တွေနဲ့လာတဲ့ကလေးတွေ အတူစုတဲ့အခါ သင်ရတာ စိန်ခေါ်မှုအများဆုံးကလည်းသင်္ချာပါ။ ဒီတော့ ကျူရှင်သည်သင်္ချာပြသနာ၏ အဖြေမဟုတ်ပါ။ အားလုံးကိုခြုံပြောရရင် ပြသနာကိုပိုဆိုးစေတဲ့အရာသာဖြစ်ပါတယ်။ ကျူရှင်သည် မကောင်းဘူးဆိုတာထက် ကျူရှင်သည် ကလေးတိုင်းအတွက် မကောင်းဘူးလို့ဆိုလိုပါတယ်။ သင်တာများတိုင်းကောင်းတာထဲမှာ သင်္ချာလုံးဝမပါပါ။
သင်္ချာဘာလဲဘယ်လဲဆိုတာက အားလုံး စောင့်ကြည့်ရမယ့် အနေအထားသာဖြစ်ပါတယ်။ ဒီကြားထဲမိမိကလေးကို သင်္ချာနဲ့ပတ်သက်ပြီး ဘယ်အရာကိုမဆို မိဘများ က သတိကြီးကြီးနဲ့ လေ့လာဖို့အထူးအရေးကြီးပါတယ်။ သင်္ချာသည်စောင့်ကြည့်နေရင်း နဲ့နောက်ကျသွားတဲ့ဘာသာလည်းဖြစ်တာကြောင့် ကျောင်းနဲ့အမြဲဆွေးနွေးကာသွားရမယ့် ဘာသာဖြစ်ပြီး ကျူရှင်နဲ့အဖြေရှာမရတဲ့ဘာသာဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းအနေနဲ့ သင်္ချာဟာ အထူးအရေးပါလှပြီးတော့ သင်ကြားရေး ကိုအထူးဂရုစိုက်တဲ့ဘာသာဖြစ်ပါတယ်။ သင်္ချာ ကိုအကြိုက်ဆုံးလို့ပြောတဲ့ ကလေးအများကြီးကို မွေးထုတ်နိုင်ဖို့ မိဘတွေရဲ့နားလည်မှုနဲ့အတူ ရေရှည်ခရီးကြီးအဖြစ်ချီတက်လျှက်ရှိပါတယ်။ သင်္ချာသင်ချိန်တွေကစာအုပ်ကြီးပြီးဖို့၊ ဆရာမရေးထားတာကိုကူးဖို့ထက် တွေးဖို့,,,တွက်ဖို့...စဥ်းစားဖို့ အချိန်တွေပေါ့။ ပျော်ပျော်ကြီးတွက်.. ပျော်ပျော်ကြီးတွေးတဲ့ ကလေးတွေ ဖြစ်ပြီး အနာဂတ် မှာ STEM ပညာရှင်တွေအများကြီးဖြစ်လာဖို့ ခုအပျော်တွေက ပံ့ပိုးကူညီပေးနိုင်မှာဖြစ်လို့ပါ။ သူတို့ ပျော်မှ သူတို့ချစ်မှ သူတို့ပျော်ရွှင်ထူးချွန်စွာအသက်မွေးနိုင်ကြမှာဖြစ်လို့ပါပဲ။
Disclaimer: ဤယူဆချက်သည် ရေးသားသူ၏ထင်မြင်ယူဆချက်သာဖြစ်ပါသည်။
01/07/2026
She’s showing me off about her bag pin.
She said , she made it, on which as you can see
“I don’t like math ➕➖✖️➗I like sleeping 🛌 “
သင်္ချာဆရာမကို လာပြတာတဲ့😂
#09420061793
30/06/2026
အခြေခံပိုင်နိုင်နေတဲ့ ကလေးတွေ သင်ရတဲ့ အတန်းလေးဖြစ်လို့
June 1 လ အတွင်း ကလေးတွေဟာ Cambridge Math Year 7 learner’s book _ Unit 5 အထိ လိုက်လုပ်နိုင်ခဲ့တယ်။ (as I am not proud of teaching a lot in a short period of time. I am proud of how much attention I’ve received )
စာပြီးမြောက်မှုက expect ထားတာထပ် များနေတာကြောင့်
နောက်နှစ်တွေမှာလိုအပ်လာမယ့် Cross factorization and Sets အကြောင်း စသင်ပေးဖြစ်တယ်။
စာသေချာလိုက်နားထောင်/ တွက်ပေးလို့ ကလေးတွေကို ကျေးဇူးတင်ပါတယ်။
Though, I cannot guarantee to get full marks or A or A*. I can guarantee that all the concepts will be experienced or learned relevant to your academic level.
30/06/2026
Happy BELATED BIRTHDAY , dear Swan.🎉🥳🎁
Tr wishes all the best for you, growing up so good, be a good one in all aspects of life.🙏
Thank you for your love and treats, burger and fried chicken. We all enjoyed and it was so good! 🍔🍗
Happy BELATED BIRTHDAY , dear Swan.🎉🥳🎁
Tr wishes all the best for you, growing up so good, be a good one in all aspects of life.🙏
Thank you for your love and treats, burger and fried chicken. We all enjoyed and it was so good! 🍔🍗
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11421,11422
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |