APS Technology
08/02/2026
TikTok မှာ Engagement တွေ တိုးချင်နေပြီလား? 💗💬
အခုဆိုရင် Promote လုပ်တဲ့အခါ Video Views တစ်ခုတည်းတင် မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့ ပရိသတ်တွေဆီကနေ Likes နဲ့ Comments တွေ ပိုရလာအောင်ပါ ရွေးချယ်ပြီး Boost လုပ်လို့ ရနေပါပြီ။
ကိုယ့်ရဲ့ ဗီဒီယိုလေးတွေကို လူအများစိတ်ဝင်စားလာအောင် အခုပဲ ဒီ Feature အသစ်လေးကို အသုံးချကြည့်လိုက်ပါ။ 🚀
ကိုယ်တိုင်လုပ်ဖို့ အချိန်မရရင် စိတ်မပူပါနဲ့၊ အချိန်ကုန်သက်သာပြီး အထိရောက်ဆုံး ရလဒ်တွေကို ရယူဖို့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အခုပဲ အပ်နှံလိုက်ပါ။ အသေးစိတ်သိလိုပါက Messenger မှာ စုံစမ်းနိုင်ပါပြီ။ 📩
26/07/2025
𝗢𝗼𝗿𝗲𝗱𝗼𝗼 𝗦𝘂𝗽𝗲𝗿𝗻𝗲𝘁 𝗪𝗶𝗿𝗲𝗹𝗲𝘀𝘀 စက်များအား သက်တမ်းတိုးလိုပါက 𝐀𝐏𝐒 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 တွင် မူရင်းစျေးနှုန်းထက် သက်သာစွာဖြင့် သက်တမ်းတိုးနိုင်ပါပြီ..
Ooredoo Supernet Wireless သက်တမ်းတိုးရန်အတွက်_
✔️ Router ထဲရှိ ဆင်းကတ်၏ ဖုန်းနံပါတ်
ပေးရန် လိုအပ်ပါမည်။
𝟭𝟱𝟬 𝗚𝗕 ( 4̴0̴0̴0̴0̴ ̴K̴s̴ ) = 38,500 Kyats
ရက် (၃၀) အတွင်းအသုံးပြုနိုင်ပါသည်။
𝟯𝟬𝟬 𝗚𝗕 ( 7̴5̴0̴0̴0̴ ̴K̴s̴ ) = 72,000 Kyats
ရက် (၆၀) အတွင်း အသုံးပြုနိုင်ပါသည်။
𝟰𝟱𝟬 𝗚𝗕 ( 1̴0̴0̴0̴0̴0̴ ̴K̴s̴ ) = 96,000 Kyats
ရက် (၉၀) အတွင်း အသုံးပြုနိုင်ပါသည်။
သက်တမ်းတိုးလိုပါက KBZ , CB , AYA , MAB , YOMA, UAB Bank ( iBanking / Mobile Banking ) များနှင့် KBZ Pay, Wave Pay, AYA Pay, UAB Pay တို့ဖြင့် ငွေလွှဲ၍ သက်တမ်းတိုးနိုင်ပါတယ်..
APS Technology Page သည် 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐚𝐥𝐞𝐬 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ရထားပြီး ဖြစ်လို့ ယုံကြည်စိတ်ချစွာဖြင့် ငွေလွှဲနိုင်ပါသည်။
ဆက်သွယ်ရန်
APS Technology
Phone : 09 250080324
Viber : +959 2500 80324
02/03/2025
Skype သုံးစွဲသူများ Teams ကိုရွှေ.ပြောင်းရန်နှိုးဆော်
ယခုနှစ်မေလမှစ၍ မိုက်ခရိုဆော့ကုမ္ပဏီက Skype အပလီကေးရှင်းအားအနားပေးမည်ဖြစ်ပြီး၊ Skype သုံးစွဲသူများ မိုက်ခရိုဆော့ Teams ကိုပြောင်းလဲသုံးစွဲနိုင်ကြောင်းနှိုးဆော်ထားသည်။
ဥရောပကုမ္ပဏီတစ်ခုက တီထွင်ခဲ့သော Skype ကို အမေရိကန်ကုမ္ပဏီ မိုက်ခရိုဆော့က လွန်ခဲ့သည့် ၁၄ နှစ်ကျော်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သုံးစွဲသူအချင်းချင်း ရုပ်မြင်သံကြားအပြန်အလှန်စကားပြောခြင်း၊ အင်တာနက်တွင် အစည်းအဝေးများပြုလုပ်ခြင်းတို့ဖြင့် ဆက်သွယ်ရေးကဏ္ဍကို ပြောင်းလဲစေခဲ့သော Skype သည်နောင်ပေါ်လာမည့် Zoom၊ Google Hangout နှင့် မိုက်ခရိုဆော့၏ Teams ဆက်သွယ်ရေးအပလီကေးရှင်းများကို ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့သည်။
တီထွင်စမ်းသစ်မှုများ ယခုထက်အားကောင်းလာရန်နှင့် သတင်းအချက်အလက် အပြန်အလှန်ဖလှယ်သည့် ကိစ္စရပ်များ ချော့မွေလာစေရန် မိုက်ခရိုဆော့က Teams ကိုအပြည့်အဝအာရုံစိုက်လိုသဖြင့် ယခုကဲ့သို့ စကိုက်ကိုရပ်နားရခြင်းဖြစ်ကြောင်းလည်း မိုက်ခရိုဆော့ အပလီကေးရှင်းများကို အဓိကဦးစီးနေသူ ဂျက်ဖ်တက်ပါက ပြောဆိုသည်။
လက်ရှိ Skype အသုံးပြုသူများသည် ၎င်းတို့၏ Skype အကောင့်အချက်အလက်များဖြင့် Microsoft Teams ကိုပြောင်းရွှေ.နိုင်ကြောင်း၊ ယခင် Skype တွင်သုံးစွဲခဲ့သည့် အဆက်အသွယ်များ၊ ဖုံးနံပါတ်များနှင့် စကားပြောမှတ်တမ်းများလည်း Teams တွင်အလိုအလျောက်ပေါ်နေမည်ကို တွေ့ရမည်ဖြစ်ကြောင်း မိုက်ခရိုဆော့က သတင်းထုတ်ပြန်ထားသည်။
01/03/2025
မေလကစပြီး Skype ဝန်ဆောင်မှုစတင် ရပ်နားတော့မည်ဟု Microsoft ကြေညာ
လိုင်းဖုန်းလုပ်ငန်းကို အနှောင့်အယှက်ပေးခဲ့တဲ့ အင်တာနက်ခေါ်ဆိုမှု ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Skype ကို လာမယ့် မေလမှာ စတင်ပိတ်သိမ်းတော့မှာဖြစ်ကြောင်း Microsoft ကကြေညာချက်ထုတ်ပြန်လာပါတယ်။
Skype ပိုင်ရှင်ဖြစ်တဲ့ Microsoft ဟာ နှစ်ပေါင်း ၂၀ နီးပါးလောက် အသုံးပြုလာကြတဲ့ နိုင်ငံရပ်ခြားဖုန်းဆက်သွယ်မှုကို ပြောင်းလဲပေးခဲ့တဲ့ Skype အင်တာနက်ခေါ်ဆိုမှုဝန်ဆောင်မှုကို ရပ်နားတော့မှာဖြစ်ပါတယ်။
Skype ကို ပိတ်သိမ်းခြင်းက Microsoft အတွက် ကိုယ်ပိုင် Teams ဝန်ဆောင်မှုကို အာရုံစိုက်နိုင်စေပြီး ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ရိုးရှင်းအောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားထားပါတယ်။
၂၀၀၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Skype ဟာ ၂၀၀၀ ခုနှစ်အစောပိုင်းမှာ အသံနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ လိုင်းဖုန်းလုပ်ငန်းကို အလျင်အမြန်အနှောင့်အယှက်ပေးခဲ့ပြီး သုံးစွဲသူ သန်းရာနဲ့ချီရှိတဲ့ အသုံးပြုသူတွေနဲ့ ကုမ္ပဏီကို အထွတ်အထိပ်ရောက်စေခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးမီနှစ်တွေမှာ Skype ဟာအသုံးပြုရလွယ်ကူပြီး ပိုမိုယုံကြည်စိတ်ချရတဲ့ Zoom နဲ့ Salesforce ရဲ့ Slack လို ပြိုင်ဘက်တွေနဲ့ခက်ခဲစွာယှဥ်ပြိုင်ခဲ့ရပါတယ်။ တစ်စိတ်တစ်ပိုင်းအားဖြင့် Skype ရဲ့ အခြေခံနည်းပညာဟာ စမတ်ဖုန်းခေတ်အတွက် သင့်လျော်မှု လျော့နည်းလာတာကြောင့်ဖြစ်ပါတယ်။
အွန်လိုင်းဗီဒီယိုဆက်သွယ်မှုဆိုတာ FaceTime၊ Zoom နဲ့ Google Hangouts တို့က တစ်ချိန်က နေရာယူမလာခင် Skype ရဲ့ သီးသန့်နယ်ပယ်တစ်ခုနီးပါး ဖြစ်ခဲ့တာပါ။ Skype ဟာ နည်းပညာထုတ်ကုန်တစ်ခုရဲ့ အစောပိုင်းဥပမာတစ်ခုဖြစ်ပြီး ကြိယာအဖြစ် "Skype" လုပ်မယ်လို့ အသုံးပြုရတဲ့အထိ အလွန်လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။
Microsoft က ၂၀၁၁ ခုနှစ်မှာ Google နဲ့ Facebook ကို အနိုင်ယူပြီး Skype ကို ဒေါ်လာ ၈.၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ချိန်မှာ ဝန်ဆောင်မှုမှာ လစဉ် သုံးစွဲသူပေါင်း သန်း ၁၅၀ နီးပါးရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ကပ်ရောဂါကာလအတွင်း ခဏတာ ပြန်လည်ရှင်သန်လာသလိုရှိခဲ့ပေမဲ့ သုံးစွဲသူ ၂၃ သန်းခန့်အထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
Google အပါအဝင် နည်းပညာကြီးကုမ္ပဏီတွေအတွက်တောင်မှ အောင်မြင်တဲ့ ဆက်သွယ်ရေးကိရိယာတွေ ဖန်တီးဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အခုဆိုရင် Skype က Duo နဲ့ AOL Instant Messenger တို့လို အနားပေးခံရတဲ့ ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်လာတော့မှာပါ။
Ref: Sky News , CNBC News
01/09/2024
ဓာတ်အားခနှုန်းထားတွက်ချက်ရန် အောက်ပါ Link ထဲဝင်၍ အလွယ်တကူ တွက်ချက်နိုင်ပါသည်။
https://moep.gov.mm/mm/ignite/page/648
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yankin
Yangon
11081
Opening Hours
| Monday | 10:00 - 19:00 |
| Tuesday | 10:00 - 19:00 |
| Wednesday | 10:00 - 19:00 |
| Thursday | 10:00 - 19:00 |
| Friday | 10:00 - 19:00 |
| Saturday | 10:00 - 19:00 |
| Sunday | 10:00 - 19:00 |