Resmed Myanmar
17/04/2026
မြန်မာ့နှစ်ဦးမှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
24/02/2026
Sleep Apnea
(သို့မဟုတ်)
အိပ်နေစဥ် အသက်ရှုရပ်ခြင်း
လူအတော်များများ အိပ်ပျော်စဥ် ဟောက်တတ်ကြပါသည်။ ဟောက်တတ်သူ အတော်များများသည်လည်း အိပ်နေစဥ် အသက်ရှုရပ်တတ်ပါသည်။ 🛌
အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်းကို (Sleep Apnea) ဟုခေါ်ပါသည်။ ဟောက်သံကြောင့် ပါတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်စေရုံသာမက Sleep Apnoea ရှိသူများတွင် ခန္ဓါကိုယ်မှ လိုအပ်သည် အောက်ဆီဂျင်ဓါတ် လိုသလောက် မရရှိ၍ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများနှင့် ပူးတွဲဖြစ်ပေါ်လာတတ်ပါသည်။ 💥
၁) နေ့ခင်းတွင် အိပ်ငိုက်နေခြင်း၊
၂) သွေးတိုးခြင်း၊
၃) နှလုံးရောဂါဖြစ်ခြင်း၊
၄) လေဖြတ်ခြင်း၊
၅) မှတ်ဥာဏ် ချို့ယွင်းလာခြင်း၊
၆) စိတ်ဓါတ်ကျခြင်း၊
၇) သွေးချို၊ ဆီးချိုရောဂါ၊
၈) ည နှစ်ချိုက်စွာ အိပ်၍မရခြင်း၊
၉) လိင်စွမ်းဆောင်မှု ကျဆင်းခြင်း၊
၁၀) စောလျှင်စွာ သေဆုံးခြင်း။
👉 Sleep Apnea သည် -
🔘 အမျိုးသားများ
🔘 အဝလွန်သူများ
🔘 မေးရိုးတိုသူများ
🔘 အာသီးကြီးသူများ
🔘 မျိုရိုးရှိသူများတွင် ပိုဖြစ်တတ်ပါသည်။
နေ့ဖက်တွင် ငိုက်မြည်းခြင်းကြောင့် ယာဥ်တိုက်မှုများ ဖြစ်ပေါ်နိုင်သလို၊ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများ၏ဒဏ်ကိုလည်း ခံစားရပြီး သက်တန်း တိုပါလိမ့်မည်။ ထိုကြောင့် သင်အိပ်နေစဥ် ဟောက်တတ်ပါက OSA ရှိ/မရှိကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး စမ်းသပ်စစ်ဆေးမှုပြုလုပ်နိုင်ပါသည်။ 👨⚕️
အကယ်၍ OSA ရှိပြီး ကုသမှုခံယူဖို့လိုအပ်ပါက -
၁) ကိုယ်အလေးချိန်လျော့ချခြင်း
၂) အခြားရောဂါများပါ စစ်ဆေးကုသခြင်း
၃) နှာခေါင်း၊ လည်ချောင်း၊ မေးရိုး ခွဲစိတ်ကုသခြင်း
၄) CPAP စသည့် ကိရိယာများဖြင့်ကုခြင်း
- စသည်ဖြင့် ကုသနိုင်ပါသည်။ ✔
CPAP လေတွန်းစက် အသုံးပြုခြင်းမှာ OSA ၏ အဓိက ကုထုံးတခု ဖြစ်ပါသည်။ CPAP စက်ဖြင့် လေကို အဆုတ်ထဲသို့ လိုအပ်သလို တွန်းပို့ပေးခြင်းအားဖြင့် ခန္ဓါကိုယ်အတွက် အောက်ဆီဂျင်ကို ရရှိစေပြီး အထက်ဖော်ပြပါ Sleep Apnoea ၏ နောက်ဆက်တွဲ လက္ခဏာများကိုလည်း လျော့ကျစေနိုင်ပါသည်။ နှစ်ချိုက်စွာ အိပ်ပျော်စေပြီး၊ နိုးထချိန်တွင်လည်း အိပ်ရေးဝ၍ လန်းဆန်းနေစေပါသည်။ အသက်ရှည် ကျန်းမာစေပါသည်။ 🏃♂️
ResMed သည် ကမ္ဘာပေါ်တွင် CPAP စက်များကို စတင် တီထွင်ထုတ်လုပ်ခဲ့သော ဦးဆောင် ကုမ္မဏီကြီးဖြစ်ပါသည်။ အရည်အသွေး အဆင့်အတန်းမြင့် နောက်ဆုံးပေါ် ResMed CPAP စက်များ ယခုအခါ မြန်မာပြည်တွင် ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 👈
21/02/2026
ကျန်းမာရေးအတွက် အခြေခံ ✔
----------------------------------------
အသက်ရှည် ကျန်းမာရေးအတွက် အဓိက (၃)ချက် အရေးကြီးပါသည်။💢
၁) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။🏃
၂) ကျန်းမာရေးနှင့်အညီ အာဟာရ ပြည့်ဝမျှတအောင်စားပါ။🍽
၃) အိပ်ရေးဝပါစေ။ 🛌
ဤနေရာတွင် အိပ်စက်ခြင်းနှင့်ပတ်သက်၍ အနည်းငယ် တင်ပြလိုပါသည်။ လူအချို့(အထူးသဖြင့် ဟောက်သောသူများ၊ အဝလွန်သူများ)တွင် အိပ်ပျော်စဥ် အသက်ရှုရပ်ခြင်း Sleep Apnea ရှိနေတတ်သည်။☝
ထိုသူများတွင် အိပ်ချိန် ပုံမှန်ရှိသော်လည်း အိပ်ပျော်စဥ် မကြာခဏ အသက်ရှုရပ်တတ်ခြင်းကြောင့် ဦးနှောက်မှ လိုအပ်သည့် အောက်ဆီဂျင် အပြည့်အဝ မရရှိနိုင်ပဲ နောက်တနေ့အိပ်ရေးမဝခြင်းမျိုး ဖြစ်တတ်ပြီး နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်လာနိုင်သည်။ 👈
ထိုကြောင့် အိပ်ပျော်စဥ်အသက်ရှုရပ်သူများ ဆရာဝန်နှင့် စစ်ဆေးကုသရန် လိုအပ်ပါသည်။ 🩺
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Zizawa Co. , Ltd. No 218, Bogyoke Aung San Road
Yangon