ASAP Architectural Model Accessories

ASAP Architectural Model Accessories

Share

16/01/2026
Photos from ASAP Architectural Model Accessories's post 16/01/2026

Paper Theater လေးတွေ Asap မှာ Pre-order မှာယူလို့ရနေပါပြီ။ 20000ကျပ်မှ စပြီး size အရွယ်အစားအလိုက် စျေးအစားစားရှိပါတယ်။ Japan Authentic မို့ တော်တော်လေးလဲ သေသေသပ်သပ်ရှိပြီး Quality လဲ စိတ်ချရပါတယ်။

Waiting time- 2-3weeks

25/10/2023

ASAP admin တွေရဲ့ ဆိုင်လေးပါ ။ အရင်လို အားပေးကြပါဦး ဘော်ဒါတို့ 👌

3D modeling နဲ့ Rendering အတွက်ဆို ဘယ်လို PC တွေကို ရွေးရမလဲ

ဒီ post လေးကတော့ Architecture ပိုင်းကိုအဓိကထားပြီးသုံးချင်သူတွေအတွက် PC နဲ့ Laptop တွေကို ဘယ်လိုအချက်တွေကိုကြည့်ပြီး ရွေးချယ်သင့်လဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Bit-Byte PC Store ရဲ့ Admin တွေကိုယ်တိုင်ကိုက Architecture student တွေဖြစ်တဲ့အလျောက် ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေ အများကြီးရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ခုနှစ်နှစ် ရှစ်နှစ်လောက်ကအထိ 3D Modeling အတွက်ဆိုရင် Desktop PC ဆင်တာကပဲ ဦးစားပေးရွေးချယ်စရာ ဖြစ်ခဲ့တယ်ပေါ့။

ဒါပေမယ့် အခုနောက်ပိုင်းမှာဆိုရင်တော့ Laptop တွေကလဲ Work Station တစ်ခုလောက်နီးနီး စွမ်းဆောင်ရည်တွေ ကောင်းမွန်လာနေကြပါပြီ။ ‌Consumers တွေအတွက် ရွေးချယ်စရာတွေ များပြားလာနေပါပြီ။

Architecture Rendering နဲ့ 3D modeling အတွက် Processors မှာဆိုရင် Cores/Threads တွေကအဓိကစကားပြောတဲ့အရာတွေပါ။ Cores/Threads များရင်ဘာတွေ ကောင်းလာမလဲဆိုတော့ Cores များလာရင် တစ်ပြိုင်တည်း အလုပ်များများ လုပ်နိုင်စေပြီးတော့ Threads များလာခြင်းအားဖြင့် မြန်နှုန်းတိုးလာမှာပဲဖြစ်ပါတယ်။ ပုံမှန်တွေ့နေကြ CPU Core တစ်ခုမှာ Virtual Core(Thread) 2ခု ပါဝင်တတ်ပြီး CPU Core များလေ Threads များလေဖြစ်လို့ Core များတဲ့ CPU တွေက multitasking တွေကို ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ

အရှင်းဆုံးဥပမာဆို Core တစ်ခုမှာ Thread 2ခုပါလို့ core တစ်ခုက အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်သလိုပေါ့ (အတိအကျတော့ဆိုလို့မရပါ)

Rendering အတွက်ဆိုရင်တော့ GPU ကလဲ လုံးဝကိုအရေးကြီးတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုဖြစ်လာတာက CPU နဲ့ GPU ဘယ်ဟာကပိုအရေးကြီးလဲဆိုတာပါပဲ။ အဲ့ဒီအတွက် အဖြေဆိုရင်တော့ နှစ်ခုလုံးက ထပ်တူထပ်မျှ အရေးကြီးတယ်ဆိုတာပါပဲ။ CPU တွေက Multiple Tasks တွေကိုကောင်းကောင်းကိုင်တွယ်နိုင်ပြီးတော့ GPU တွေကတော့တိကျတဲ့ Specific tasksတွေကို လျင်လျင်မြန်မြန် လုပ်ပေးနိုင်ပါတယ်။ အဲ့ဒီတော့ Architecture အတွက်ဆိုရင် နှစ်ခုလုံးကထပ်တူအရေးကြီးပါတယ်။ ဥပမာပေးရမယ်ဆိုရင် Lumion 11 အတွက် CPU minimum requirements အတွက် AMD Ryzen 5 1600X နဲ့ Intel Core i7-4790S ရှိပြီးတော့ GPU အတွက်ဆိုရင်တော့ Nvidia GeForce GTX 1060 နဲ့ AMD Radeon RX 580 လောက်ကိုအနည်းဆုံးအသုံးပြုရမှာဖြစ်ပါတယ်။ Ram ဆိုရင်လဲ အနည်းဆုံး 16 GB လောက်ထိရှိသင့်ပါတယ်။

Rendering နဲ့ 3D Modelling software တွေက Power Consumption များတဲ့ software တွေဖြစ်တဲ့အလျောက် Power Supply တွေကိုလဲ ကောင်းကောင်းသုံးထားသင့်ပါတယ်။ ဒါတွေကသင့်ရဲ့ Daily Usage မှာ Performance ကိုတော့ မြှင့်တင်ပေးမှာမဟုတ်ပေမယ့် တန်ဖိုးကြီးပေးထားရတဲ့ PC အစိတ်အပိုင်းတွေကို ထိခိုက်မှုနည်းစေမှာဖြစ်ပါတယ်။

Branded PC Casing ကောင်းကောင်းတစ်ခုသုံးခြင်းဖြင့် Aesthetic ရှိစေရုံမကပဲ Airflow အပိုင်းကိုပါ သာလွန်စေမှာပါ။ ဒီအချက်တွေကိုထည့်သွင်းစဉ်းစားထားမှာသာ ကိုယ်သုံးထားတဲ့တန်ဖိုးမြင့် PC ရဲ့ workflow ကိုအပြည့်အဝစိတ်တိုင်းကျသုံးနိုင်မှာဖြစ်ပါတယ်။

Desktop PC တွေအကြောင်းပြောပြီးတဲ့အခါတော့ Laptop တွေအကြောင်းကိုဆက်သွားကြည့်ကြပါမယ်။

ဘယ်လို Laptop မျိုးကိုရွေးမလဲ ?

Laptop မှာလဲ Specifications တွေကအပေါ်ကအချက်တွေအတိုင်းပါပဲ။ အဲ့ဒီတော့ Gaming Laptop တွေကတော့အရွေးချယ်သင့်ဆုံးထဲမှာပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ Gaming Laptop တွေမှာပါဝင်တဲ့ GPU တွေ ဖွဲ့စည်းမှုပုံစံတွေက Power Intensive ဖြစ်တဲ့ Rendering software တွေကို Performance ကောင်းကောင်းနဲ့ အသုံးပြုလို့ရစေမှာပါ။ ဒါပေမယ့် Gaming Laptop တွေကလေးတယ်၊ မကိုင်ချင်ဘူးဆိုတဲ့သူတွေ အတွက်ကတော့ professional ဆန်တဲ့ mac series တွေ, Microsoft Surface Laptopတွေ, Dell ရဲ့ XPS series နဲ့ Asus Proart Studiobook တွေထဲမှာလဲ ‌‌ရွေးချယ်စရာတွေရှိနေပါတယ်။

မိမိကြိုက် နှစ်သက်ရာ Pc build တွေကို Customized ဆင်ချင်တာဖြစ်ဖြစ် Upgrade ပြုလုပ်လိုတဲ့ Parts တွေရှိခဲ့ရင်ဖြစ်ဖြစ် Laptop တွေကို Official Warranty အတိုင်းမှာယူချင်တာဖြစ်ဖြစ် Customer တွေစိတ်ကြိုက်အကြံပေးမှာဖြစ်လို့ Page Messenger မှာလာရောက်ဆွေးနွေးလို့ရပါတယ်ခင်ဗျာ။

📱09 757 987 357

🏠တိုက် F , အခန်း ၁၀၁, ပါရမီကွန်ဒို, ၁၆ ရပ်ကွက်, လှိုင်မြို့နယ်, ရန်ကုန်

09/06/2019

ယခု လာမည့် WYTU Architecture
3rd year
4th year
5th year
project များplot ချိန်ရန်အတွက် photoshop format file များဖြစ်ပါသည်။
လိုအပ်သလို ယူသုံးနိုင်ပါသည်။

3rd year
https://drive.google.com/file/d/1mnOU1aY-ydKP91s2SGs3bDSwvtdNeff7/view?usp=drivesdk

4th year
https://drive.google.com/file/d/1-F0dBGny9Nl8WpOKrQu1JXnAbV7PfkBN/view?usp=drivesdk

5th year
https://drive.google.com/file/d/10jS8TcTRMY3wH163WjaLmeawbkSblVuW/view?usp=drivesdk

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 43 , SinYayTwin 2nd Street , Kamayut Township
Yangon
11041