TGIF Yangon
02/05/2022
It’s always happy hour somewhere 😉
Get your own rattan set at https://www.facebook.com/282289932137495/posts/1554874551545687/
15/02/2022
Elegant and inviting, this table set is well-equipped for Sunday morning brunches with friends or family dinners. Its rattan material gives it a breezy appeal. A captivating addition to your patio set, it also works well as a cozy place to relax in the sunroom.
🇲🇲 Free delivery within Yangon @ 39,000 Ks
03/02/2022
ဂျုံရိုးအခင်းလေးတွေက ခင်းထိုင်ရင်လဲလှ စားပွဲပေါ်အလှတင်ချင်လဲအရမ်းလှတာ 😍
သပ်သပ်တော့ခွဲမရောင်းသေးဘူးဆိုပေမယ့် စားပွဲနဲ့အခင်းငါးချပ်ဆက်လိုက်ကို 39,000 ဆိုတာတန်လွန်းလို့ ဟုတ်ရဲ့လားလို့တောင် လာမေးကြတယ် ဒါလေးဆို Pinterest ပုံမဟုတ်ဘူး အပြင်ပုံနော် ရှုခင်းနဲ့လိုက်ဖက်နေမှုကို တဖြုတ်ဖြုတ်ကြွေ 💜
24/01/2022
From cozy living room spaces to outdoor picnics, our ready-to-go eco city living set is going to take you places!
ကိုယ့်အိပ်ခန်းလေးကိုစိတ်ကြိုက်အလှဆင်ဖို့ပဲဖြစ်ဖြစ် တိုက်ခန်းကျဥ်းလို့နေရာယူမယ့် ပစ္စည်းတွေမထားချင်လို့ပဲဖြစ်ဖြစ် outdoor photoshoot တွေ roadtrips တွေ သွားဖို့ပဲဖြစ်ဖြစ် TGIF Lifestyle series ထဲက ready-to-go eco city living set လေးရပါပြီ သုံးချင်တဲ့အခါ စားပွဲနဲ့ထိုင်စရာအခင်းအဖြစ်အသုံးပြုပြီး မသုံးတဲ့အခါ အကုန်ထပ်ပြီးအခန်းထောင့်မှာထားလို့ရပြီး နေရာမယူပဲအမြင်ဆန်းနေတဲ့ statement piece အနေနဲ့ထားလို့ရပါသေးတယ် TGIF Yangon ထုံးစံအတိုင်း limited edition ကိုယ်ပိုင် design လေး ထုတ်ထားပါတယ် ထုတ်ပိုးမှူမှာလဲ outdoor တွေသယ်သွားရင်အဆင်ပြေသလို သပ်သပ်လဲ စျေးဝယ်စရာ market tote အဖြစ်နဲ့သုံးလို့ရတဲ့ 100% local cotton tote လေးနဲ့ထုပ်ပိုးပေးမှာပါ
Eco city living set တခုမှာ စားပွဲလိုကော ခြင်းလိုကောအသုံးပြုလို့ရမယ့် ကြိမ်နဲ့ပြုလုပ်ထားတဲ့ table/ basket ရယ် ဂျုံးရိုးနဲ့ပြုလုပ်ထားတဲ့ ထိုင်စရာအခင်း ၅ခုရယ် ပါဝင်ပြီး set တခုလုံးစာ 39,000 ကျပ် ကျသင့်မှာဖြစ်ပါတယ်
ဒီ product လေးမှာထူးခြားတာကတော့ နှစ်သက်ရာ mobile banking နဲ့ပေးချေလို့ရပြီး % အပိုကောက်ခံခြင်းများလုံးဝမရှိပါတဲ့အပြင် ရန်ကုန်မြို့ဆိုရင် အိမ်အရောက် free delivery ပါဝင်ပြီးဖြစ်လို့ ဘာဆိုဘာမှအပိုပေးရန်မလိုခြင်းပါရှင် နယ်မှမှာယူချင်သူများကိုလဲ Ninja Van delivery ကတဆင့်ပို့ပေးမယ်နော်
TGIF Yangon မှာ ဝယ်နေကျသူတွေကတော့ သိပြီးဖြစ်ပေမယ့် TGIF Yangon က local craft store မို့ အများကြီးမထုတ်ပါဘူးနော် ထုတ်သမျှ product အကုန်လုံးက limited edition ပါ ကုန်သွားရင် အသစ်ထပ်မရတာမို့ လုံးဝ ကိုယ်အပါအဝင် လူနည်းစုမှာသာရှိမယ့် exclusive ဖြစ်အောင်သုံးရမယ့် product တွေပဲဖြစ်ပါတယ်
Ready-to-go eco living set at 39,000 Ks with free delivery within Yangon. Mobile banking accepted from Yoma, Wave, AYA, KBZ and KBZ Pay at no extra charge!
10/01/2022
TGIF Yangon က ကိုယ်ပိုင်ထုတ်တဲ့ products တွေပဲရောင်းချပေးနေတာသိကြမှာပါ။ ခုနောက်ဆုံးထုတ်တဲ့ မကြာခင်တွေ့ရမယ့် product ဆို 100% local production မို့ စိတ််ချလက်ချ local business အနေနဲ့အားပေးနိုင်ပါတယ်။
အခု ကိုယ်ပိုင်ထုတ်တာမဟုတ်တဲ့ နိုင်ငံတကာက products တွေကို သက်သက်သာသာနဲ့ instock only ပဲရောင်းချပေးနေတဲ့ TGIF Yangon ရဲ့ sister brand The Broke Millennial ကို like & follow လုပ်ပေးကြပါဦးနော်။ ♥️
The Broke Millennial အကြောင်းနည်းနည်းလေး ပြောပြချင်လို့ပါ။ The Broke Millennial က online shop ဆိုတာထက် curated products တွေကို ဦးစားပေးရောင်းချသွားမှာပါ။ ကျွန်မတို့ ၃၀မရောက်တရောက် ၃၀နားဝန်းကျင် millennials တွေက ခုလိုအချိန်မှာ ပညာရေးနဲ့အလုပ်အကိုင်မှာ အခြေကျခါစဖြစ်သလို မိသားစုအတွက်လဲ စစဉ်းစားရပြီဖြစ်လို့ cost conscious ဖြစ်ကြရတာများပါတယ်။ ဒီကြားထဲမကောင်းတဲ့ခေတ်မှာ မွေးလာရပြီး ငယ်စဉ်ကပျော်စရာရှားပါးခဲ့တာမို့ ကလေးစိတ်ကလဲ အရှင်းမပျောက်ပါဘူး 🥲 The Broke Millennial က ကိုယ်လိုလူမျိုးတွေအတွက် စဉ်းစားပြီးမှ ဖွင့်ထားတဲ့ niche store ဆိုလဲမမှားပါဘူး။ The Broke Millennial မှာ အဓိက ဦးစားပေးအချက်၂ချက်ရှိပါတယ်။
☝️In stoke item တွေပဲ ရောင်းချသွားမှာပါ။ TBM က ရောင်းသမျှက limited quantity နဲ့ in stock တွေပဲဖြစ်ပါမယ်။ ကိုယ်နေတဲ့နေရာပေါ်မူတည်ပြီးတော့ ဝယ်ယူတဲ့ရက်ကနေ ၃ရက်ကတပတ်အတွင်း အိမ်အရောက်ရရှိမှာပါ။
✌️cost effective ဖြစ်တဲ့ ပစ္စည်းဖြစ်စေရပါမယ်။ စျေးအရမ်းသက်သာပြီးအသုံးမခံမှာမျိုးထက် စျေးအသင့်အတင့်နဲ့ ဝယ်ပြီးအများကြီးအသုံးဝင်တယ် ပေးရတာနဲ့တန်တယ်ဆိုတာမျိုးဖြစ်မယ့် product တွေ ကိုရှာဖွေပြီး ရောင်းချသွားမှာပါ။
ရောင်းသမျှကို 100% mobile banking နဲ့ ပေးချေနိုင်ပြီးတော့ အပိုပေးစရာလုံးဝမလိုပါရှင်။
21/10/2021
Very limited stock left now
Cash envelope ကို ပြောင်ထုတ်မပေးဘူးလားမေးနေကြသူတွေ လက်ဆောင်ထည့်ပေးချင်သူတွေအတွက် တံဆိပ်မရိုက်ထားတဲ့ ပြောင်လေးတွေ limited quantity ရပါမယ်နော် အတွင်းအိတ်လေးတွေက ပြောင်၅လုံးစီပါပါမယ် စျေးနှုန်းက 12,000 Ks ပါပဲ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tha Khin San Shwe Street
Yangon
11451