NewLook NewLife
01/04/2025
https://www.facebook.com/share/p/15quEhcdPH/?mibextid=wwXIfr
“ထပ်တူဝမ်းနည်းကြေကွဲခြင်း”
မတ်လ (၂၈) ရက်နေ့တွင် ပြင်းထန်စွာလှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံအနှံ့အပြားရှိ မိဘပြည်သူများနဲ့ထပ်တူ 𝐑𝐨𝐲𝐚𝐥 𝐒𝐡𝐰𝐞 𝐁𝐚𝐡𝐨 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မိသားစုမှ ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ခံစားနေရတဲ့ မိဘ၊ ညီအစ်ကို၊ မောင်နှများကို 𝐑𝐨𝐲𝐚𝐥 𝐒𝐡𝐰𝐞 𝐁𝐚𝐡𝐨 မိသားစုနှင့်အတူ Patient များမှလည်း တတ်စွမ်းသမျှဝိုင်းဝန်းကူညီလှူဒါန်းလျက်ရှိပါတယ်။
မြန်မာပြည်သူပြည်သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းလုံခြုံကြပြီး အမြန်ဆုံးအေးချမ်းကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 🙏
#ငလျင်
25/07/2024
ဆက်သွယ်ရန်- ဖုန်း ၀၉ ၅၀၄၉၁၃၅
NewLook NewLife ဖောင်ဒေးရှင်းမှာ "မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ် များ အတွက်
အသက် အပိုင်းအခြားအလိုက် ကုသမှုခံယူနိုင်တာတွေကို" အသေးစိတ် ရှင်းပြပါမယ်။
ဘယ်အသက်အရွယ်မှာ ဘယ်လိုကုသမှုတွေ ခံယူသင့်တယ်ဆိုတာအတွက်တော့ ယနေ့တိုင် အငြင်းပွားနေဆဲဖြစ်ပြီး တိကျတဲ့ အဖြေတော့ မရှိသေးပါဘူး။
အမေရိကန်နိုင်ငံ ဆိုင်ရာ နှုတ်ခမ်းကွဲ အာခေါင်ကွဲ အစည်းအရုံးရဲ့ အဆိုအရတော့ အသက် ၆လမှ ၁၂လမှာ နှုတ်ခမ်းခွဲစိတ်ပြုပြင်နိုင်ပြီး အသက် ၁၈လမှာ အာခေါင်ကွဲတာကို ခွဲစိတ်ကုသရင် အကောင်းဆုံးလို့ ဆိုပါတယ်။
အားလုံးကို ခြုံငုံပြီး အသုံးများတဲ့ အသက် အပိုင်းအခြားလေးကိုပဲ အများသိအောင် မျှဝေမယ်နော်။
(၁)နှုတ်ခမ်းကွဲ ကလေးငယ်အတွက်
(နံပါတ် "၁၀"စည်းမျဉ်းလို့ အလွယ်မှတ်နိုင်ပါတယ်)
ကလေးအသက် - ၁၀ ပတ် (အနည်းဆုံး ၃ လနှင့် ထက် ရရှိရပါမယ်)
ကလေး ကိုယ်အလေးချိန် - ၁၀ ပေါင်
ကလေး၏ သွေးတွင်း ဟေမိုဂလိုဘင် ပမာဏ - ၁၀ ဂရမ်
ကလေး၏ သွေးဖြူဥ ပမာဏ - ၁၀ , ၀၀၀ ထက် မများရ
(၂)အာခေါင်ကွဲ ကလေးငယ်တို့အတွက်
ကလေး အသက် - ၉လ မှ ၁၂လ ( ပုံမှန် ကလေးငယ်)
- ၁၂လ မှ ၁၈လ (ဖွံ့ ဖြိုးမှု နောက်ကျသော ကလေးငယ်များ၊ အခြား ကျန်းမာရေး
ပြဿနာရှိသော ကလေးငယ်များ)
ကလေးငယ်တွေဟာ အသက် ၁၈လမှာ ဝူးဝူးဝါးဝါး စကားစပြောတဲ့ အရွယ် ဖြစ်တာနဲ့ အညီ အာခေါင် ခွဲစိတ်ကုသခြင်းကို ကလေးအသက် ၂ နှစ်မကျော်ခင်မှာ ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ကလေးငယ်ဟာ စကားသံ ပိုမို ပီသစွာ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်ရှင်။
(၃)အသံ စစ်ဆေးခြင်းနှင့် လိုအပ်ပါက ပြန်လည်ခွဲ စိတ်ကုသခြင်း (VPI Manangement)
လည်ချောင်းနှင့်အာခေါင် ဆက်စပ်ကြွက်သားများ အဆင်ပြေစွာ ထိစပ်နေမှုသည် စကားသံ ပီသမှုတွက် များစွာ အရေးကြီးလှပါတယ်။
ကလေးအသက် ၅နှစ် မှစ၍ အသံစစ်ဆေးခြင်းစတင်ပြုလုပ်နိုင်ပြီး လိုအပ်ပါက ထပ်မံ ခွဲစိတ်ကုသမှု ခံယူနိုင်ပါတယ်ရှင်။ ကလေးစကားပြောစွမ်းရည်ဖွံ့ဖြိုးမှုကို လိုက်၍ ကုသခံနိုင်မှု စောခြင်း နောက်ကျခြင်းများ ရှိနိုင်ပါတယ်။
(၄)အရိုးအစားထိုးကုသခြင်း
လစ်လပ်နေသော မေးရိုးကွက်လပ်များအတွင်းသို့ မိမိ၏ကိုယ်ပိုင်အရိုး ဥပမာ- တင်ပဆုံရိုးမှ လိုအပ်သော အရိုးပမာဏကိုယူ၍ အစားထိုး ကုသခြင်းကို အရိုး အစားထိုးကုသခြင်းလို့ ခေါ်ပါတယ်။
ကြာမြင့်ချိန် ၁နာရီ ၁နာခွဲခန့်ရှိပြီး ခွဲပြီး နောက် ၁ ပတ်လောက်အထိ လမ်းလျောက်ရာတွင် အနည်းငယ် အဆင်မပြေ ဖြစ်ခြင်း သာ ဖြစ်နိုင်တာဖို့ စိတ်ပူဖို့မလိုဘူးနော်။
ကလေးအသက် - ၈နှစ် မှ ၁၂နှစ်( လူကြီး အစွယ်သွား မပေါက်မီ) အချိန်သည် အရိုးအစားထိုးရန် အကော
င်းဆုံးသော အသက် အပိုင်းခြားဖြစ်ပါသည်။
အရိုးအစားထိုးကုသပေးခြင်ဖြင့် သွားများ မူလနေရာအတိုင်းပေါက်လာခြင်း ၊ မျက်နှာ နှာခေါင်းပုံစံကို ပံ့ပိုးပေးခြင်း၊ မေးရိုးများနှင့် သွားများကို ပိုမို ကြံ့ခိုင်စေခြင်၊ သွာမပေါက်ခြင်းကြောင့် သွားတုအစားထိုးကုသရခြင်းမှ ကင်းဝေးခြင်း အစရှိသဖြင့် များစွာသော ကောင်းကျိုးများကို ရရှိစေပါတယ်။ ဒါကြောင့် လိုအပ်ပါက အရိုးအစားထိုးကုသမှုကို ပြုလုပ်သင့်ပါတယ်။
အရိုးအစားထိုး မကုသမီနှင့် ကုသပြီးနောက်မှာ သွားညှိကုသခြင်းကို ခံယူသင့်ပါတယ်။ ဒါမှသာ ပိုမို ညီညာတဲ့ မေးရိုးအနေအထားကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၅)အာခေါင်နှင့် နှာခေါင်းအကြား ဆက်စပ်နေသော အပေါက်ကျန်ရှိခဲ့လျှင်
ကလေးအသက် - ၅နှစ် မတိုင်မီတွင် ပြန်လည် ခွဲစိတ်ပြုပြင်သင့်ပါသည်။
(၆)ကျောင်းမတတ်မီ ခွဲစိတ်ပြုပြင်ခြင်း
ကလေးငယ် ကျောင်းမတတ်မီ အသက် ၄နှစ်ခွဲ ခန့် အချိန်တွင် လိုအပ်ပါက အချို့အစိတ်အပိုင်းများကို ဒုတိယအကြိမ် ထပ်မံ၍ မွမ်းမံ ပြင်ဆင်နိုင်ပါသည်။
(၇)တတိယ အကြိမ် ခွဲစိတ်ပြုပြင်ခြင်း
ကလေးအသက် ၁၃ နှစ် ကျော်ပါက လိုအပ်သောနေရာများကို လှပသေသပ်စွာ ထပ်မံ၍ ခွဲစိတ်ကုသ နိုင်ပါသည်။
(၈)နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း
တိကျသေသပ်သော နှာခေါင်းခွဲစိတ်ပြုပြင်ခြင်းများကို ကလေး အသက် ၁၇ နှစ်ကျော်မှသာ ပြုလုပ်သင့်ပါတယ်ရှင်။ အကောင်းဆုံးကတော့ မေးရိုး ဖြတ်တောက် ခွဲစိတ်ကုသမှု ပြီးမှ နှာခေါင်းခွဲစိတ်ပြုပြင်ပါက ရလဒ် ပိုမိုကောင်းမွန်ပါတယ်။
(၉)မေးရိုးဖြတ်တောက် အစားထိုး ကုသခြင်း
အောက်မေးရိုးရှေ့ထွက်ခြင်းနှင့် အပေါ်မေရိုးမလုံလောက်မှုဟာ နှုတ်ခမ်းကွဲ အာခေါင်ကွဲလေးတွေမှာ အဖြစ်များတဲ့ မေးရိုးပြဿနာ ဖြစ်ပါတယ်။ အောက်မေးရိုး ဖြတ်တောက်ပြုပြင်ခြင်းနှင့် အပေါ်မေးရိုး အစားထိုးကုသခြင်း များကို အောက်ပါ အသက်အရွယ် များတွင် ပြုလုပ်နိုင်ပါတယ်ရှင်။
ကလေးအသက် - ၁၄နှစ်မှ ၁၆နှစ်(မိန်းကလေး)
- ၁၆နှစ်မှ ၁၈နှစ်(ယောက်ျားလေး)
မေးရိုး ကုသမှုများကို အရိုးကြီးထွားမှု ပြီးဆုံးသည့် အသက်အပိုင်းအခြား ( အရွယ် ရောက်ပြီးသူများ) အသက် ၁၈နှစ် ကျော် မှ ပြုလုပ်ပါက အကောင်းဆုံးဖြစ်ပါသည်။
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်တွေဟာ အသက်အရွယ်အလိုက် အမျိုးမျိုးသော အဆင့်ဆင့်ခွဲစိတ်ကုသမှုတွေကို NewLook NewLife ဖောင်ဒေးရှင်းမှာ အခမဲ့ ရရှိနိုင်ပါတယ်။ ကိုယ့်ကလေးငယ်လေးကိုလဲ စနစ်တကျ ကုသပေးဖို့ လိုသလို မသိရှိသေးတဲ့ အများပြည်သူကိုလဲ ဒီလိုမျိုး အဆင့်ဆင့်ခွဲစိတ်ကုသမှု ပြုလုပ်နိုင်တာကို မျှဝေပေးဖို့ များစွာပဲ အရေးပါလှပါတယ်။
ဒါမှသာ ကလေးငယ်တွေဟာ ယုံကြည်မှု ရှိရှိနဲ့ အနာဂတ်ကို ပုံဖော်နိုင်ကြမှာ ဖြစ်ပါတယ်။ အားငယ်သူကို လက်ကမ်းကြိုပြီး ပျုငှာနွေးထွေးစွာ ကုသပေးဖိုဖောင်ဒေးရှင်းရဲ့ အဓိက ရည်မှန်းချက်ပဲဖြစ်ပါတယ်ျ။
ဒါ့ကြောင့် မေမေဖေဖေတို့ရေ။ အားမငယ်ကြပါနဲ့။ မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်လေးတွေကို ဖေးမကူညီ ပြုစုစောင့်ရှောက်ပေးဖို့ မင်မင်တို့ အပါအဝင် ပရဟိတ အသင်းတွေ အများကြီးရှိတာမို့ စိတ်ဝင်စားစွာလေ့လာပါ။ ကလေးကုသမှု ခံယူနိင်အောင် ကြိုးစားပေးကြပါနော်.. ကူညီပေးကြပါ။ ဗဟုသုတတွေ မျှဝကြေပါစေ။
Click here to claim your Sponsored Listing.
Category
Website
Address
Shwe Baho Hospital
Yangon
11421
Opening Hours
| Monday | 11:00 - 19:00 |
| Tuesday | 11:00 - 19:00 |
| Wednesday | 11:00 - 19:00 |
| Thursday | 11:00 - 19:00 |
| Friday | 11:00 - 19:00 |
| Saturday | 09:30 - 13:00 |
| Sunday | 09:30 - 12:00 |