ZINBO

ZINBO

Share

Photos from ZINBO's post 09/03/2026

ကျောက်စာစက်ရုံသို့ (အမှတ်တရ)

CNC Stone Carving Machine တွေနဲ့ စကျင်ကျောက်တွေကို ရုပ်ထုတွေ၊ ပုံတော်တွေ၊ အခြားအစုံထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်ကိုသွားလေ့လာဖြစ်ခဲ့ပါတယ်၊ အဓိကကတော့ ကျောက်စာထွင်းတဲ့အပိုင်းမှာ typeface တွေ ‌ဖောင့်တွေ ဘယ်လိုအသုံးပြုလဲ၊ ဘယ်လိုအလုပ်လုပ်လဲ၊ လက်တွေ့ထုတ်တဲ့နေရာမှာ ဘယ်လိုပြဿနာတွေရှိလဲ၊ ဘာတွေဖြေရှင်းပေးလို့ရမလဲ စသဖြင့်သိချင်တာလေးတွေ သွားလေ့လာဖြစ်ပါတယ်၊ အချိန်သိပ်မရတော့ လိုအပ်တာလောက်ပဲ ဦးစားပေးလေ့လာခဲ့ပါတယ်၊ ကိုယ့်စက်ဆိုရင်တော့ လုပ်ချင်တာတွေ စမ်းကြည့်ချင်တာတွေအများကြီးပါပဲ... 😊

အားလုံးပဲ အဆင်ပြေကြပါစေခဗျာ... 🙏🙏🙏

Photos from ZINBO's post 23/01/2026

Update Typefaces and Price

၂၀၂၁ ကနေ ၂၀၂၅ထိ ထွက်ထားသမျှဖောင့်လေးတွေ စုတင်လိုက်ပါတယ်၊ ဈေးနှုန်း အတိုးလျော့လေးလည်း နည်းနည်းရှိပါတယ် 😁ဟုတ်ပါတယ် ဈေးလျော့ပေးလိုက်တာတွေလည်းပါပါတယ်ခဗျ, တပုံချင်းစီအောက်မှာ ဈေးနှုန်းလေးတွေ ရေးပေးထားပါတယ်၊ စရောင်းကတည်းက ၃ထောင်လောက်နဲ့ရောင်းတာလေးတွေ ၅ထောင်လောက်ဖြစ်သွားပြီး, weight ပါတာလေးတွေ ၁သောင်းလောက်ဖြစ်သွားသလို ၆/၈ထောင်လောက်ဖြစ်နေတာလေးတွေလဲ ၅‌ထောင်လောက် ပြန်လျော့ပေးထားပါတယ်, နောက်ဆုံးထွက်တာတွေကတော့ ပုံမှန်နောက်ဈေးအတိုင်းပဲ မတက်ထားပါဘူးခဗျ။ နောက်ပိုင်းထွက်လားတာတွေမှာ ဈေးပဲတက်သွားတာမျိုးတော့ မဟုတ်ပါဘူး ဖောင့်အရည်သွေးကိုလဲ ၂ဆလောက်ပိုကောင်းအောင်း ကြိုးစားထားတာကြောင့်ပါခဗျ၊ ပိုမိုကောင်းမွန်ပြီး အသုံးဝင်တဲ့ဖောင့်တွေ ဖန်တီးနိုင်အောင် ကြိုးစားသွားပါ့မယ်။

အားလုံးပဲ အဆင်ပြေကြပါစေခဗျ

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Tuesday 11:00 - 17:30
Wednesday 11:00 - 17:30
Thursday 11:00 - 17:30
Friday 11:00 - 17:30
Saturday 11:00 - 17:30
Sunday 11:00 - 17:30