Capable Real Estate

Capable Real Estate

Share

Photos from Capable Real Estate's post 15/10/2024

ဝါလကင်းလွတ် သီတင်းကျွတ်မှာ
ပစ္စည်းမှန်မှန် ဈေးတန်တန်နဲ့ အရောင်းခန်းလေး တစ်ခု တင်ပေးချင်လို့ပါ။

အရင်ဆုံး မင်္ဂလာစယူရမယ်ဆိုရင်တော့ သူ့တည်နေရာလေးက
မြောက်ဥက္ကလာပမြို့နယ်ရဲ့ အထင်ကရနေရာဖြစ်တဲ့ မဟာကျိန်သစ္စာရှင် ဘုရားကြီးအနီးမှာဖြစ်ပြီး မနက်ပိုင်း အိပ်ယာနိုးလို့ ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ကို ဘုရားကြီးကိုအေးချမ်းစွာ ဖူးမျှော်နိုင်ပါတယ်နော်။

အေးဆေးဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်နဲ့အတူ သုဓမ္မာလမ်းမကြီးက ဝင်လာမယ်ဆို ၃လမ်းမြောက်မှာတင်ဖြစ်လို့ ဘယ်သွားသွား သွားရလာရလွယ်ကူပါတယ်ဆိုတဲ့ အနေအထားရှိတယ်ပြောရမှာပဲ။
ဒီဘက်ကိုပြန်ထွက်မယ်ဆိုလဲ သုနန္ဒာလမ်းမကြီးဒဲ့ပေါက်ဆိုတော့ တည်နေရာ အနေအထားကတော့ဖိုင်းနေပီ။
လမ်းနာမည်နဲ့ မှတ်ချင်တယ်ဆိုရင်တော့ Eindar ၉ လမ်းလို့ မှတ်ထားလိုက်ဗျာ။ ဈေးဝယ်ရတာကြိုက်ပါတယ်ဆ်ိုတဲ့ အိမ်ရှင်မတွေအတွက်လဲ အိမ်ကနေ ၃ မိနစ်လောက် အညောင်းအညာပြေလမ်းလျှောက်လိုက်ယုံနဲ့တင် ရပ်ကွက်ဈေးရောက်သွားရောဗျာ။

ကျယ်ဝန်း ပြေပြစ်ပြီး ကားဝင်ရထွက်ရလုံးဝအဆင်ပြေတဲ့ လမ်းကျယ်ထဲမှာ ရှိနေတဲ့ အိမ်လေးကတော့
ရင်ကွဲ မဟုတ်တဲ့ လွှာခြင်းပထမထပ်မှာ ဖြစ်လို့
မိသားစုထဲမှာ သက်ကြီးရွယ်အို​တွေရှိနေရင်လဲ အတက်အဆင်းကို စိတ်ပူစရာ ရှိမနေပြန်ဘူး။
လွှာခြင်းဆိုတော့လဲ မျက်နှာခြင်းဆိုင်အခန်းက ဘယ်လို အိမ်ရှင်/အိမ်ငှားမျိုးဖြစ်မလဲ ကိုယ်နဲ့မှ အဆင်ပြေနိုင်ပါ့မလားဆိုတဲ့ တစ်ချက်လဲ ခေါင်းထဲကထုတ်ထားလိုက်လို့ရတာပေါ့ဗျာ။

ကဲပထမထပ်တော့ရောက်လာပြီ...
အခန်းက ဂတုံးကြီးလား???
မဟုတ်ပါဘူးဗျာ။ တအိမ်လုံး အဆင့်မြင့် ကိုရီးယားပါကေးခင်းပေးထားပြီး အိပ်ခန်းတစ်ခန်းနဲ့ အဲကွန်းတစ်လုံးပါတပ်ထားပေးသေးတယ်ဗျာ။
မီးဖိုခန်းကြည့်လိုက်ဦး... ကြွေပြားအပြည့်နဲ့...
ရေချိုးခန်း/အိမ်သာလား ဘိုထိုင်ကြွေပြားကပ်ပါပဲဗျာ။

ဆောက်ထားတဲ့တိုက်သားကလဲ အရည်သွေးမှီမမှီက
အရေးပေါ်လှေကားကို ကြည့်လိုက်ရင် ကန်ထရိုက်စေတနာပါမပါ တန်းသိတယ်။ကိုယ်ပိုင်မော်တာ ကိုယ်ပိုင်မီတာနဲ့ အေးဆေးနေယုံပဲ။ ကားရပ်စရာအတွက်လဲ ပါကင်စိတ်မပူရဘူးနော်။

ဟုတ်ကဲ့ အရေးကြီးတဲ့အပိုင်းတော့ ရောက်လာပါပီ။
ဈေးပါ ရောင်းဈေးလေး။
သူများတွေကတော့ သိန်း ၁,၈၀၀ တွေ သိန်း ၁,၉၀၀ တွေရောင်းနေကြတာပဲ။
ကျွန်တော်ကတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမဲ့ ဈေးလေးနဲ့ပဲ ရောင်းပေးမှာပါဗျာ။
#၁,၆၅၀ သိန်း ကို ဈေးစစ်တာဝါသနာပါတဲ့ မိတ်ဆွေတွေအတွက် ပါးပါးလေးညှိပေးမယ်ဗျာ။
ကဲ စိတ်ဝင်စားရင်တော့ 095008747 ကို သူများမဦးသွားခင် ဟယ်လိုသာလုပ်လိုက်တော့ဗျာ။
🙏🙏🙏

19/05/2024

အိမ်/ခြံ/မြေ ဝင်ငွေခွန်ဆောင်ကြမယ်
➖➖➖➖➖➖➖➖➖➖➖➖➖

၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၁၀ သိန်း

၃၀၀၁ သိန်း - ၆၀၀၀ သိန်း (၅ %) ၁၅၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၇၀ သိန်း

၆၀၀၀ သိန်း - ၁၀၀၀၀ သိန်း (၁၀%) ၄၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၆၀ သိန်း၊ ပေါင်း ၁၀၄၀
သိန်း

၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း (၁၅%) ၃၀၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၈၀၀ သိန်း၊ ၄၈၄၀ သိန်း

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

အဆောက်အဦးပါရင်
➖➖➖➖➖➖➖

ပထမတန်းစားအာစီ 1 Sqft 40000 ကျပ်

ဒုတိယတန်းစားအာစီ 1 Sqft 25000 ကျပ်

Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000

သစ်သားအုတ်ညှပ် 1 Sqft 20000 ကျပ်

သစ်သားအိမ် 1 Sqft 10000 ကျပ်

ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000

➖➖➖➖➖➖➖➖➖➖➖➖➖➖

အရောင်းသမားက ၁၀% ဆောင်ရမယ် စာချုပ်စာတမ်းရုံးမှာ ၁၀၀၀၀ နဲ့ ဝယ်အဝယ်စာချုပ်ပြီး ပြန်ရောင်းတော့ ၁၅၀၀၀… အမြတ်ငွေ ၅ ထောင်ပေါ် မူတည်ပြီး ၁၀ % ဆောင်ရပါမယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖

အိမ် ခြံ မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်မယ်ဆို အောက်ပါအတိုင်း လုပ်ဆောင်ရပါမယ်

🔹 ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ တစ်စုံ

🔹 (၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့် မိတ္တူ)

🔹 (၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆) မူရင်း

🔹 အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ

🔹 ရှေ့ / နောက် / ညာ မြေကွက်ဓာတ်ပုံ(၁)စုံစီ

🔹 ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက် (အရပ်အရောင်းအဝယ်စာချုပ်)

🔹 တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။

အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်

တရားဝင်အရောင်းအဝယ်စာချုပ်အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါမည်။

ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ (ရာဖြတ်က) သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းတွေ ကပ်ရပါတယ်

မှတ်ပုံတင်ကြေး (0.5 %)

“ငွေဖြူ” ရှိရင် အခွန် သက်သာပါမည်။ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့မဟုတ်) အခွန်စည်းကြပ်ပြီးဖြစ်သော ငွေကို “ငွေဖြူ” ဟု ခေါ်ပါသည်။

ငွေဖြူနဲ့အခွန်ဆောင်ရင် အချိန်အနည်းငယ် ပိုကြာနိုင်ပါသည်။ ငွေဖြူမရှိရင် အထက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း ဆောင်ရပါမည်။

ဘဏ္ဍာနှစ်အတွင်း သန်းခေါင်စာရင်း တစ်ခုတည်းမှ နှစ်ကွက်စာဆောင်ရင် ရာဖြတ်ကို ပေါင်းဖြတ်ပါသည်။ နှစ်ကွက်ဆိုရင် နှစ်ခြားဆောင်မှ တစ်ကွက်နှုန်း ရာဖြတ်ပေးပါသည်





/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

26/04/2024

#အိမ်ခြံမြေဝယ်ယူလိုသူများ_သတိပြုစရာ_ယုံလွယ်လျှင်_အမှားဖြစ်တတ်သည့်_အိမ်မြေဝယ်ယူခြင်း

''အိမ်ဆောက်နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့မြေပါဆိုပြီး ဖယ်ပေးဖို့ နို့တစ်ပို့တယ်ဆရာ၊ အဲဒါ ဘာဖြစ် လာနိုင်ပါသလဲ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးလာပါသည်။
''အကြောင်းကြားစာအရတော့ သူ့အမည်ပေါက် ပါမစ်မြေလို့ဆိုထားပါလား''
''ဟုတ်တယ်ဆရာ''
''ခင်ဗျားတို့ ဝယ်စဉ်က စာရွက်စာတမ်းတွေ သေချာမစိစစ်ခဲ့ဘူးနဲ့ တူတယ်''
''တကယ်တော့ ကျွန်တော်တို့ကလည်း တစ်ဆင့်ဝယ်တဲ့ အိမ်ဖြစ်တယ်''
''ကဲ-ဖြစ်စဉ်လေး ပြောပြပါဦး''
''ကျွန်တော်ဝယ်စဉ်က ခြံစည်း ရိုးက တစ်ခြမ်းပဲ ကာရံထားတယ်။ ဒါပေမယ့် အိမ်သေးသေးတစ်လုံးရှိ တယ်။ မီးရှိတယ်။ ရေကတော့ လက် တုန်ကင်လုပ်ပေးထားတယ်။ ဒါနဲ့ အဆင်ပြေတယ်ဆိုပြီး ဝယ်ဖြစ်သွားတာပဲ''
''ဘေးပတ်ဝန်းကျင်မှာ အိမ်တွေရှိသလား''
''ညာဘက်ခြမ်းမှာတော့ အိမ်ရှိတယ်။ လူတွေလည်းနေကြတယ်။ ဘယ်ဘက်ခြမ်းမှာတော့ မြေကွက်လပ်အနေနဲ့ရှိတယ်။ အခုတော့ အိမ် တွေနဲ့ စည်ကားနေပါပြီ''
''အခုမှလာပြီး သူ့မြေကွက်ပါ။ ဖယ်ပေးပါဆိုပြီး နို့တစ်ပေးတာမ ဟုတ်လား။ ဒါကလည်း မကြာမကြာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပဲ''
''အိမ်ဆောက်တုန်းကလည်း ဘယ်သူမှ မကန့်ကွက်ခဲ့ဘဲနဲ့ အခုမှ လာပြီးသူ့မြေပါဆိုလို့ ဥပဒေကခွင့်ပြုပါသလား''
''လောလောဆယ် စိတ်ကို တည် တည်ငြိမ်ငြိမ်ထားပြီး ကျွန်တော်မေး တာလေးဖြေပေးပါ''ဟု စာရေးသူက မိတ်ဆွေဖြစ်သူကို အေးဆေးစွာပြောလိုက်ပါသည်။
''ရုတ်တရက် စာရောက်လာတော့ စိတ်ထဲမှာ အတော်ရှုပ်သွားတယ်''
''မှန်ပါတယ်။ ကျွန်တော် ခံစား မိပါတယ်။ အခုဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ဘာစာရွက်စာတမ်း အထောက်အထားရှိပါသလဲ။ မြေဂရန် စာချုပ်ရှိသလား''
''ဂရန်တော့ မလျှောက်ရသေး ဘူးဗျာ။ သူတို့က ဒီမြေချပါမစ်ပြ တယ်။ ပြီးတော့ သူတို့ အဆင့်ဆင့် လက်လွှဲဝယ်ထားတဲ့ စာချုပ်နှစ်ခုပေး တယ်''ဟုဆိုပြီး စာရေးသူအား အရပ်စာချုပ်နှစ်ခုကို ပြသပါသည်။
''ဒီအရပ်စာချုပ်တွေကတော့ အထောက်အထားတစ်ခုအဖြစ် တင် ပြနိုင်တာပေါ့လေ။ အဓိကအချက်က အဲဒီမြေကွက်ရဲ့ ပါမစ်စာချုပ်ပါတယ် မဟုတ်လား။ သူငယ်ချင်းပြတဲ့ အခုဒီပါမစ်စာချုပ်က မိသားစုဓာတ်ပုံလည်း မပါလာပါလား''
''ဟုတ်တယ်။ ကိုယ်ဝယ်စဉ်က အမည်ပေါက် တိုက်ရိုက်မဟုတ်တော့ သူပေးတာပဲယူထားလိုက်တာ''
''အင်း-လွယ်လွယ်ကူကူလုပ် တော့လည်း အမှားပါတတ်တယ် သူ ငယ်ချင်း။ ကိုယ့်အမြင်တော့ ဒီပါမစ်စာချုပ်က အတုဖြစ်မယ်ထင်တယ်။ မြေစာရင်းဌာနကို သွားမစုံစမ်းဘူးလား''
''အခုသွားစုံစမ်းတော့ နို့တစ် ပေးတဲ့ သူရဲ့ အမည်ပေါက်လို့ သိရတယ်။ ဒါကြောင့် အတော်ထိတ်လန့် သွားတာသူငယ်ချင်း''
''မိမိထံရောင်းသွားတဲ့ သူကိုဆက်သွယ်လို့ရသေးလား''
''၉ နှစ် ၁ဝ နှစ်လောက်ရှိပြီဆို တော့ လိပ်စာလည်း မသိတော့ဘူး။ ရောင်းစဉ်က အခုအိမ်လိပ်စာနဲ့ ရောင်းသွားတာဆိုတော့ ဘယ်ဆက် သွယ်ရမှန်းမသိတော့ဘူး''
''ဟုတ်ပြီလေ၊ ဥပဒေအရ ကျွန် တော်တို့ စဉ်းစားကြည့်တာပေါ့။ ပြီး တာတွေတော့ ပြီးခဲ့ပြီ။ အိမ်လည်း ဆောက်နေခဲ့ပြီ။ ဒီတော့ လက်ဝယ် ရှိနေပြီဆိုတဲ့အတွက် နည်းနည်းတော့အခွင့်အရေးရှိပါသေးတယ်''
''အချို့ကပြောတော့ ကျွန်တော် တို့က မူလပိုင်ရှင်ရှိမှန်းမသိလို့ ဝယ် မိတာဆိုရင် ဆင်းပေးရန် တာဝန်မရှိဘူးဆိုတာ ဟုတ်ပါသလား''
''အိမ်ကတော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်ထားတဲ့အတွက် မိမိပိုင်အိမ် လို့ ပြောပိုင်ခွင့်ရှိပေမယ့် မြေက ပိုင် ရှင်အစစ်ထံက ဝယ်ယူခဲ့ခြင်းမဟုတ် လို့ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး''
''တကယ်လို့ တရားစွဲဆိုလာရင် ဖယ်ပေးရမှာလား''
''ဒါနဲ့ ပတ်သက်လို့ ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်ခင်လှမူနှင့် ဒေါ်စိန်စိန် ၂ဝဝ၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင် ထုံး စာမျက်နှာ -၁ဝ၅ အမှုမှာ ပိုင် ရှင်လက်ရှိ ဝင်ရောက်နေထိုင်ခြင်းမရှိ သေးမီ အခြားသူဝင်ရောက်၍ အိမ် ဆောက်နေထိုင်ခြင်းသည် ကျူးကျော် နေထိုင်ခြင်းဖြစ်သည်။ မြေပိုင်ရှင်က မြေကွက်ကို စွန့်လွှတ်သည်ဟု မဆို နိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မြေကွက်ပိုင်ရှင်က အဆို ပါ မြေကွက်ကို စွန့်လွှတ်ထားကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်''
''အိမ်က ဆောက်လုပ်ထားတဲ့ အတွက် အမှုရှုံးရင် အိမ်တန်ဖိုးရနိုင် ပါသလား''
''ဒါကတော့ တရားရုံးရဲ့ ဆုံး ဖြတ်ချက်ပေါ်မှာ မူတည်မှာဖြစ်ပါ တယ်။ အမှုဖြစ်စဉ်က မတူညီတဲ့အ တွက် တစ်ထစ်ချတော့ မပြောနိုင်ဘူး သူငယ်ချင်း၊ ဒါပေမယ့် သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူအပေါ်မှာတော့ လျော်ကြေးတောင်းပိုင်ခွင့်ရှိမှာဖြစ်ပါ တယ်''
''သူက လိပ်စာရှာမတွေ့ဖြစ်နေတော့ အဆင်မပြေဘူး''
''ဒါကတော့ ကြိုးစားရှာရမယ်။ မဖြစ်ရင် တရားစွဲဆိုရမယ် သူငယ်ချင်း''
''မဖြစ်တော့ဘူးဆိုရင်တော့ ပွဲစားလုပ်ပေးတဲ့ သူကတစ်ဆင့်ရှာရမှာပဲ''
''သူငယ်ချင်းရဲ့ အရောင်းအ ဝယ် ကတိစာချုပ်မှာ အရှုပ်အရှင်း ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြေလည်သည်အထိ ဆောင်ရွက်ပေးပါမည်။ ပြေလည်ခြင်းမရှိပါက ဝယ်သူကို နစ်နာမှုမရှိစေရန် ပေးလျော်မည်လို့ ဖော်ပြထားတဲ့အတွက် တရားစွဲဆို တောင်းပိုင်ခွင့်ရှိပါတယ်''
''အခုကိစ္စက အရောင်းအဝယ် ထပ်တဲ့ သဘောမဟုတ်ဘူးလား''
''အရောင်းအဝယ်ထပ်တယ်ဆို တာက ပစ္စည်းပိုင်ရှင်က ၎င်းပိုင်မြေ နဲ့ အိမ်တို့ကို တစ်ဦးထံ ရောင်းချ လိုက်မယ်။ ဝယ်သူက ဝင်မနေဘဲ ကာလအကြာမှာ အိမ်မြေပိုင်ရှင်က အခြားတစ်ဦးကို ထပ်ရောင်းတာမျိုး ဖြစ်တယ်''
''ပိုင်ရှင်တစ်ဦးတည်းက နှစ်ခါ ရောင်းတဲ့ သဘောပေါ့''
''ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ လည်း လက်မဲ့ဖြစ်သူက ရောင်းသူ အပေါ် ဝယ်ဈေးအပြင်နစ်နာကြေးပါ ရထိုက်တယ်လို့ တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဦးအဘူနှင့် ဒေါ်ကမာလ် ဇံပါ (၄)၊ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ - ၁၁၈ အမှုမှာဆုံးဖြတ်ထားပါတယ်။ ဒါ ကြောင့် ဥပဒေနဲ့အညီ နစ်နာကြေး ရပိုင်ခွင့်ရှိပါတယ်''
''ယုံလွယ်ရင် အမှားဖြစ်တတ် တယ်ဆိုတာ သဘောပေါက်သွားပြီ။ အမှန်တော့ ဝယ်စဉ်ကတည်းက စာရွက်စာတမ်း မှန်မမှန်သေချာလေ့လာရမှာ''
''မှန်ပါတယ်။ အိမ် ခြံ မြေဆို တာက အမျိုးမျိုးရှိတယ်။ ဥယျာဉ်ခြံ မြေ၊ ပါမစ်မြေ၊ ဂရန်မြေ၊ လယ်ယာ မြေ စသဖြင့် ရှုပ်ထွေးတယ်။ ဒီအ ပေါ်မှာ အခွင့်အရေးယူပြီး အမြတ်ထုတ်တဲ့ သူတွေလည်း ရှိကြတယ်။ ဒါကြောင့် ဘယ်သူမဆို အိမ်မြေဝယ်မယ်ဆိုရင် နားလည်တတ်ကျွမ်းသူ တွေနဲ့ သေချာလေ့လာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု ဆွေးနွေးလိုက်ပါသည်။





/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

Photos from Capable Real Estate's post 24/04/2024

ဒါလေးလဲ အချောလေးတွေနေတဲ့ စမ်းချောင်းပါပဲဗျားးး 😊😊😊
လမ်းကျယ် နေရာကောင်း မဟာမြိုင်ကားမှတ်တိုင်အနီးက မင်္ဂလာအပေါင်း အစဉ်ခညောင်းတဲ့ အောင်သပြေလမ်းမှာပါခင်ဗျ...

#သိန်း_၂၈၉၀_ညှိနှိုင်း နဲ့ အရောင်းဖွင့်ထားပီး
ဘာကြောင့် ဒီဈေးနဲ့ တန်သလဲဆိုတာ ပြောပြပေးမယ်...🤗🤗🤗

❄️နေရာအချက်အခြာ Location ကတော့ အားလုံးလဲ သိပီးသားမို့ အကျယ်တဝင့် ထပ်စကားရှည်မနေတော့ဘူးနော်...

❄️မျက်နှာစာ အရှေ့လှည့်တဲ့ အလွှာနိမ့် ပထမထပ် အခန်းလေးမလို့ နေအတက်မှာ ရွှေခွက်နဲ့ ငွေအပြည့်ခပ်ပေးမှာနော်..

❄️၁၆ပေ x ၆၅ပေ ဆိုတော့ sqft နဲ့တွက်ရင် ၁,၀၀၀sqft ကျော်ရှိတာမို့ တော်ရုံ မိသားစုအရေအတွက်လောက်ကတော့ ကျယ်ကျယ်ဝန်းဝန်းနေလို့ရတယ် ပြောရမယ်...

❄️တစ်အိမ်လုံး အမိုက်စား မျက်နှာကျပ်ကောနစ်တွေ မီးအလှတွေနဲ့ အိမ်ထဲဝင်လိုက်တာနဲ့ တကယ့်အမိုက်စားခံစားချက်ကို ပေးစွမ်းနိုင်မှာပါ

❄️မှန်တော့ ထားပေးမထားဘူးခင်ဗျ... မှန်အစား တစ်အိမ်လုံး မှန်ကဲ့သို့ ပြောင်ယောင်နေတဲ့ ကိုရီးယားပါကေးအထူအကောင်းစားတွေခင်းထားပေးတော့ မှန်တောင်မလိုတော့ဘူးထင်တာပဲ...

❄️ဧည့်ခန်းထဲက အမိုက်စား TVစင်ကြီးရယ် နံရံကပ် Cabinet တွေရဲ့ ပေါင်းစပ်မှုကလဲ နဂိုရှိရင်းစွဲ အရသာကို ပိုမိုလေးနက်စေမှာပါ...

❄️Double Bedroom ၂ခန်းပါမယ်...Air-Con ၂လုံးပါမယ်
တစ်အိပ်လုံးကို စတီးသံပန်း ဆန်းရှိတ်ပါတ်လည်နဲ့ ကာကွယ်ပေးထားတယ်...

❄️မီးဖိုခန်း ရေချိုးခန်း အိမ်သာ ကြွေပြားအပြည့်နဲ့ Kitchen Cabinet အစုံအလင်တို့ကြောင့် တစ်မျိုးလေးကြွားနေသေးတာ...
ရေချိုးခန်း Fiber တိုင်ကီတင်ထားပီး Toilet ကလဲ ဘိုထိုင်နဲ့...

❄️BCC ကျပီး ကိုယ်ပိုင်မီတာ ကိုယ်ပိုင်မော်တာနဲ့ လက်ညှိးနှိပ်ရင် မီးလဲဖြစ်တယ် ရေလဲဖြစ်တယ်...စာရွက်စာတမ်း အရှုပ်အရှင်းကင်း ဆိုတော့ တန်နေပီ ထင်တာပဲဗျာ...😊😊😊

စိတ်ဝင်စားတယ်ဆိုရင်တော့ CB/PH ကနေ အချိန်မရွေးဆက်သွယ်လိုက်ပါခင်ဗျာ...🙏🙏🙏




/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

Photos from Capable Real Estate's post 24/04/2024

သရက်တောလမ်းဆိုတာ သိကြလား မိတ်ဆွေတို့...
ပြောပြမယ်...သူက စမ်းချောင်း ဗဟိုလမ်းအနီး ရှမ်းလမ်းဂွဈေးအနီးမှာ ရှိတဲ့လမ်းဗျာ...
အဲ... အဲ့ဒီ သရက်တော လမ်းမှာမှ တိုက်သက်တမ်းနုပီး
အသင့်နေနိုင်အောင် ရှယ်ပြင်ဆင်ထားတဲ့ ဒုတိယထပ်အခန်းလေးက အရောင်းရှိတယ် တဲ့နော်...🤗🤗🤗

အကျယ်အဝန်းအားဖြင့် ၂၅ပေ x ၅၀ပေ ရှိပီး
ဗေဒင်ယတြာယုံကြည်တဲ့ သူများအတွက် တိုက်လေးက မျက်နှာစာကတော့ တောင်ဘက်အလှည့်လေးပါဗျား...
Master ၁ခန်းပါမယ် Single ၁ခန်းပါမယ်
ထူးခြားချက်က စာကြည့်ခန်းတစ်ခန်းပါမယ်...😊😊😊

တစ်အိမ်လုံး ပါကေးအကောင်းစားခင်းထားပီး TV စင်ကြီးကလဲ ကျော့နေရော...မျက်နှာကျပ် အလှဆင်မီးတွေကလဲ အဖြစ်လုပ်ထားတာ မဟုတ်ပဲ သေခြာကို ကျကျနန ပြင်ဆင်ထားပေးတာ...Air-Con ၂လုံးပါမယ်...
တစ်အိမ်လုံးကို စတီးသံပန်း နဲ့ ပြတင်းပေါက် ဆန်းရှိတ်ပါတ်လည် တပ်ဆင်ထားပေးတယ်...🤩🤩🤩

မီးဖိုခန်း ရေချိုးခန်း အိမ်သာ ကြွေပြားကပ်ထားမယ်
ဘိုထိုင်အိမ်သာ နဲ့တကွ မီးဖိုခန်း Cabinet တွေပါ တပ်ဆင်ထားပေးတယ်...
BCC ကျပီး ကိုယ်ပိုင်မီတာ ကိုယ်ပိုင်မော်တာနဲ့ စာရွက်စာတမ်းစုံ အရှုပ်အရှင်းကင်း အလွှာနိမ့် တိုက်ခန်းကျယ် နေရာကောင်းကိုမှ
#၃၂၀၀သိန်း_ညှိနှိုင်းထားပေးထားတယ်...😇😇😇

ကြိုက်ပါတယ် ကြည့်ချင်ပါတယ် ညှိနှိုင်းချင်ပါတယ် ဆိုရင်ဖြင့်
ထုံးစံအတိုင်း ကို ဆက်သွယ်လိုက်ပါနော်...
မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ...🙏🙏🙏




/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

Photos from Capable Real Estate's post 24/04/2024

မိတ်ဆွေတို့ရေ...အချောအလှလေးတေပေါတဲ့ ကမာရွတ်မြို့နယ်ဘက်ဆိုရင်ရော ဘယ်လိုလဲ...😁😁

#အားသာချက်တွေစပြောမယ်ဗျာ...
❄️ဘဏ်ချိတ် အရစ်ကျရမယ် ( ဘဏ်ချိတ်ရပီဆိုထဲက စာရွက်စာတမ်း ကိစ္စပူစရာမလိုတော့ဘူးနော်..သိတဲ့တိုင်း ဘဏ်က ကိုယ်စစ်တာထက်တောင် ပိုပီး ခိုင်မာမှု ရှိမရှိ စေ့စေ့ပေါက်ပေါက်က်ိုစစ်မှာ )

❄️နေရာလေးက ကမာရွတ်မြို့နယ် ဗဟိုလမ်းမကြီးပေါ်က ဗဟိုကွန်ဒိုမှာ ဖြစ်ပီး PISM ကျောင်းအနီးနားမှာပါ ခင်ဗျာ...
ဦးထီး သီချင်းထဲက ဟိုဘက်အိမ်က စာအော်ကျက်တဲ့ ရေဒီယို ကမာရွတ် ရှိမရှိကတော့ ကျွန်တော်လဲမသိ...😅😅😅

❄️အခန်းလေးက လေးလွှာအခန်းလေးဖြစ်ပီး sqft အနေနဲ့
၁၂၅၀ ရှိလို့ အကြိုက်နေပဲ... လေးလွှာဆိုပီး ဟင်မသွားနဲ့..ကွန်ဒိုဆိုတော့ Lift လေးနဲ့ သာသာယာယာပဲ...😊😊😊

❄️Master Bedroom ၁ခန်းပါမယ်...Double Bedroom ၂ခန်းပါမယ်...Air-Con ၅လုံးပါမယ်...
တစ်အိမ်လုံး ပါကေးအပြည့်ခင်းထားပီး မျက်နှာကျက်အလှဆင် မီးဆိုင်း မီးဆွဲတွေနဲ့ မိုက်မှမိုက်...

❄️လုံခြုံရေးအတွက် တစ်အိမ်လုံး သံပန်းသံတခါးအပြည့် တပ်ဆင်ထားပီး အနုပညာမြတ်နိုးသူဖြစ်လို့ အိမ်ထဲမှာလဲ ပန်းချီကားတွေ နံရံကပ်အလှ ရုပ်တုတွေနဲ့ မွန်းမံထားလိုက်တာများဗျာ...အဲ အပိုအနေနဲ့က 24Hours ကွန်ဒို လုံခြုံရေးပါရှိမယ်ဗျား...

❄️Kitchen နဲ့ ရေချိုးခန်း/အိမ်သာ ကြည့်ဦးမလား...
သန့်ပြန့်ပီး အပစ်ပြောစရာမရှိအောင်ကို လုပ်ပေးထားတာ
လူနေထူထပ်တဲ့နေရာဖြစ်လို့ ကားပါကင် မရမှာလဲ စိတ်ပူမနေနဲ့...ကားရပ်နားဖို့အတွက်လဲ စိတ်ချ...

❄️၂၆၅၀သိန်း (ညှိနှိုင်း) ဆိုတဲ့ ဈေးကို နေရာအချက်အခြာကျမှုရယ်
အခန်း အကျယ်အဝန်းရယ် ပိုင်ဆိုင်မှုခိုင်မာခြင်းရယ် ဒီခေတ်ကြီးထဲမှာ အဓိကကျတဲ့ လုံခြုံစိတ်ချစွာနေထိုင်ရခြင်းရယ်တို့နဲ့ ယှဉ်တွက်ကြည့်လိုက်
တန်ပါတယ်ဗျာ...🤗🤗🤗

#အားနဲချက်လား
❄️အိမ်ပိုင်ရှင် အကိုကြီးရဲ့ သိပ်သဘောကောင်း မနောကောင်းပီး အားနာတတ်မှုပဲ ( ဈေးအတင်းစစ်ခိုင်းနေတာ မဟုတ်ဘူးနော် 😅😅 )

ကဲ စိတ်ဝင်စားတယ် ဆိုရင်တော့ အရိပ်လေးပဲပြလိုက်
အကောင်မြင်ဖို့က ကျွန်တော်တို့တာဝန်ထား...😊😊




/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

Photos from Capable Real Estate's post 24/04/2024

ကဲ...ဒီနေ့တော့ Downtown ထဲက ဗိုလ်တစ်ထောင်မြို့နယ် ကမ်းနားလမ်းပေါ်က အခန်းလေးသွားကြည့်လိုက်ရအောင်ဗျာ...🤗🤗🤗

သူကတော့ ဗိုလ်တစ်ထောင်မြို့နယ် ကမ်းနားလမ်းမကြီးပေါ် ဗိုလ်တစ်ထောင်စေတီတော်မြတ်ကြီး အနီးမှာတည်ရှိတာပါနော်...

၃လွှာ အခန်းလေးဖြစ်ပီး ၁၂ပေခွဲ x ၅၅ပေ ကို #၂ခန်းတွဲမလို့
၂၅ပေx၅၅ပေ အကျယ်ရှိနေမှာပါဗျာ...😊😊😊
စည်ပင်အမည်ပေါက် ဖြစ်တဲ့ ဒီအခန်းလေးကိုတော့
#သိန်း၂၀၀၀ညှိနှိုင်းနဲ့ ဝယ်သူလက်ထဲ အရောက်ပို့ဆောင်ပေးမှာပါခင်ဗျာ...

Bedroom 3 ခန်းပါမယ်... အခန်းလေးကတော့ ပျံလန်နေအောင် အပြင်အဆင်မလုပ်ထားပေမဲ့ လက်ရှိအနေအထားအရလဲ နေပျော်မဲ့ အခန်းလေးပါဗျ...🤗🤗🤗

စိတ်ဝင်စားတယ်ဆိုရင် ဖုန်းလေးဆက်သွယ်ပေးပါခင်ဗျာ...🙏🙏🙏




/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

23/04/2024

#ပုံစံ_၁၀၅_ဆိုတာ_ဘာမြေအမျိုးအစားလဲ...🤔🤔🤔

🔥ပုံစံ ၁၀၅ ဆိုတာ မြေအမျိုးအစားမဟုတ်ပါဘူး...
ပုံစံ ၁၀၅ ဆိုတာမြေပုံပါ... မြေကွက်ရဲ့ တည်နေရာနဲ့အကျယ်အဝန်းကို ဌာနဆိုင်ရာကနေ စကေးချပီးတိုင်းထားတဲ့ အတိုင်းအတာပြ မြေပုံလေးပါတဲ့ စာရွက်ကို ပုံစံ ၁၀၅ လို့ခေါ်ပါတယ်...

🔥ပုံစံ ၁၀၅ ပေါ်မှာ ရေးထားတဲ့အချက်အလက်တွေကို ကြည့်ရုံနဲ့ ဘာမြေအမျိုးအစားလဲဆိုတာ သိနိုင်ပါတယ်...
ရေးထားတဲ့ အချက်အလက်တွေကတော့ တိုင်း / ခရိုင် / မြို့နယ် / ကျေးရွာ / အုပ်စု / ကွင်းအမှတ် / မြေကွက်အမှတ် / ပိုင်ရှင်အမည် / ပိုင်ဆိုင်မှုမြေအမျိုးအစားတို့ ဖြစ်ပါတယ်...

🔥မြေအမျိုးအစားဆိုတဲ့နေရာမှာ ဂရန်မြေဆိုရင် ဂရန်မြေ လယ်ယာမြေဆို လယ်ယာမြေလို့ ရေးထားတာဖြစ်တဲ့အတွက် ဘာမြေအမျိုးအစားလဲဆိုတာသိနိုင်ပါတယ်...

🔥ပုံစံ ၁၀၅ ရှိယုံနဲ့တော့ မြေပိုင်တယ် ဂရန်ပိုင်တယ်လို့ ပြောလို့မရပါဘူး...ပုံစံ ၁၀၅ ကဘာမြေအမျိုးအစားလဲဆိုတာ သိနိုင်ဖို့ ထုတ်ထားပေးတဲ့ မြေပုံသက်သက်ပဲ ဖြစ်ပါတယ်...

🔥ဒီမြေပုံစာရွက်လေးကို ဌာန ၃ ခုကထုတ်နိုင်ပါတယ်...
-မြေစာရင်းဌာန
-အိုးအိမ်ဦးစီးဌာန
-စည်ပင်ဌာန တို့ဖြစ်ပါတယ်...

🔥မြေစာရင်းဌာနကထုတ်ပေးတဲ့ စာရွက်မှာဆိုရင် မြေစာရင်းပုံစံ၁၀၅ ဆိုတဲ့ နံပါတ်လေးပါပါတယ်...အိုးအိမ်ဦးစီးဌာနကထုတ်ထားတဲ့ စာရွက်မှာဆိုရင် S22 ဆိုတဲ့ နံပါတ်လေးပါပါတယ်...
မြို့တော်စည်ပင်ဌာနကထုတ်ထားတဲ့ စာရွက်မှာတော့ နံပါတ်မပါပါဘူး...

🔥ဌာန ၃ ခုလုံးမှ ထုတ်တဲ့ စာရွက်လေးတေက ပုံစံမတူတာလေးတွေရှိပါတယ်... ပုံစံ ၁၀၅ လို့ခေါ်တဲ့ တည်နေရာပြမြေပုံရဲ့ သက်တမ်းကတော့ ၁နှစ်ပဲ ခံပါတယ်
သက်တမ်းကုန်သွားရင်တော့ သက်တမ်းထပ်တိုးပီးမှသာ အသုံးပြုနိုင်ပါတယ်...




/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

23/04/2024

#ဂရန်မြေကို_ဝယ်ယူလျှင်

➢ အဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

➢ ဤ(၁၀)အဆင့်ကို(၁)ဆင့်မျှ ဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေ.အကြုံကိုရေးတာပါ။)

➢ အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1. ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2. စရန်ကြီးပေးခါနီး မူရင်ဂရန်ကိုမြင်တွေ့ရမှသာလျှင် စရန်ချပါ။

3. စရန်ချပြီးသည်နှင့်တပြိုင်နက်နိုင်ငံပိုင်သတင်းစာတွင် ကန်.ကွက်ရန်ရှိ/မရှိ ကြော်ငြာထည့်ပါ။

➢ ၄-မျိုး ရမှငွေပြေချေပါ။

1. အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2. မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3. မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4. မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် ၃-ဆင့်။

1. တန်ဘိုးလျော့ချုပ်သည့်စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2. “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို.ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3. အားလုံးပြီးမှ မြို.တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။





/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

22/04/2024

ျောက်သွားလို့_လုပ်ကြပါဦး...🤧🤧🤧
Buyer - လုံးချင်းထဲက မြင်တာနဲ့ အထက်တန်းဆန်ရမယ်...Luxury ဆန်ရမယ်...Bla..Bla..Bla...
ပိုက်ဆံလဲ သိပ်မသုံးချင်ဘူးကွာ
ယူတို့ဆီမှာ အဲ့လို လုံးချင်းမျိုးရှိလား...

Me - 🙄🙄
ဟာ ရှိတယ် ရှိတယ် ခင်ဗျ... အပြင်ဘက် အပြင်အဆင်မြင်လိုက်တာနဲ့ Luxury ဆန်မှန်း ပေါ်လွင်နေစေရမယ်... ဈေးလဲ ပါးပါးရယ်...😊😊

Buyer - ဟုတ်လား ဘယ်မှာလဲ ပြပါဦး...🤩🤩

Me - 👇👇👇

Photos from Capable Real Estate's post 22/04/2024

#လုံးချင်းအရောင်း
ဒီရက်ပိုင်း တိုက်ခန်းအရောင်းလေးတွေပဲ တင်ဖစ်နေတော့ ဒီတစ်ခါတော့လ လုံးချင်းအရောင်းလေး တင်ပါရစေခင်ဗျာ...🙏🙏🙏

ယခုပြသမဲ့ အိမ်လေးကတော့ မြောက်ဒဂုံမြို့နယ်
ပင်လုံအိမ်ရာဝန်း အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်...
ပင်လုံအိမ်ရာဝန်းဆ်ိုတဲ့အတိုင်း ၂၄နာရီ လုံခြုံရေး အပြည့်အဝရှိပီး အေးခြမ်းစိတ်ညိမ်စွာ နေထိုင်ရမည်ဖြစ်သောကြောင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လ်ိုသော မိတ်ဆွေများကို လာရောက်ကြည့်ရှုနိုင်ရန် ဦးစွာပထမ ဖိတ်မန္တကပြုလိုက်ပါတယ် ခင်ဗျားးး🙏🙏🙏

သူကတော့ ရောင်းဈေးလေးက #သိန်း၁၆၀၀၀ ညှိနှိုင်းဖြစ်ပီး မြေအကျယ်အဝန်း ပေ၄၀ x ပေဂ၀ ပေါ်မှာ တည်ဆောက်ထားတဲ့ 3.RC အဆောက်အဦးလေးပဲ ဖြစ်ပါတယ်...
Root Slab လေးပါ ထည့်သွင်းတည်ဆောက်ထားတာမို့ ညဘက်ဆို လေတစ်ဖြူးဖြူးနဲ့ Chill ချင်တဲ့သူတွေ...
အိမ်မှာပဲ သူငယ်ချင်း အပေါင်းသင်းတွေ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေနဲ့ ပါတီပြုလုပ်ချင်တယ် ဆိုလဲ အဆင်ပြေပါတယ်...🤗🤗

ပင်လုံအိမ်ရာဝန်းဆိုတဲ့အတိုင်း အနားမှာတော့
City Mall ရှိမယ် ပင်လုံ Hospital ရှိမယ် ဘဏ်တွေရှိမယ် ကိုယ်ပိုင်အထက်တန်းကျောင်းတွေရှိမယ်
ညနေဘက်ဆို Bar တွေနဲ့ စည်ကားတတ်တဲ့ ပင်လုံလမ်းမကြီးလဲရှိမယ်
ပြည်ထောင်စုလမ်းမကြီးတို့ အမှန်(၂)လမ်းမကြီးတို့ဆိုတာလဲ မဝေးလှတဲ့ အနေအထားမှား အသင့်ပဲ...😊😊😊

ပိုင်ရှင်ကိုယ်တိုင် စာရွက်စာတမ်းအစုံအလင်နဲ့ ရောင်းမှာဖြစ်လို့ အရှုပ်အရှင်းလဲ ခေါင်းထဲထည့်စရာ မလိုဘူးဗျာ...
ခြံအတွင်းအပြင် ကား ၇စီးလောက်ရပ်နားနိုင်ဖို့လဲ စီစဉ်ထားပီးသား...နေရာလဲကောင်းမယ် ပါတ်ဝန်းကျင်လဲသန့်မယ်ဆိုတော့ Location နဲ့ပက်သက်ပီး စဉ်းစားရမဲ့ အပိုင်းတော့ မလိုတော့ဘူး ထင်တာပဲဗျာ...🥰🥰

ကဲ အိမ်အတွင်းလေးထဲဆက်ကြည့်ရအောင်...
အိမ်ထဲစဝင်လိုက်ပီဆိုတာနဲ့ တစ်အိမ်လုံး ပြောင်ယောင်နေတဲ့ ပါကေးအပြည့်နဲ့ အနောက်တိုင်းဆန်ဆန် ကျွန်လှေခါး
သိပ်ကို အနုပညာဆန်လှတဲ့ မီးဆိုင်းတွေ မျက်နှာကျပ် အလှဆင်မှုတွေနဲ့ နန်းတော်ကြီးအလား ထင်မှတ်သွားရမှာပါ...

Master Bedroom 4 ခန်းဆိုတဲ့ အားက မိသားစုများတဲ့သူတွေအတွက်တော့ ကြိုက်နှစ်သက်နေစရာ ဖြစ်နေမှာဖြစ်ပီး Maid room 2 ခန်းပါမယ်
တစ်အိမ်လုံးအတွက် Air-Con 7 လုံးတပ်ဆင်ပေးထားမယ်
ကိုယ်ပိုင် CCTV လုံခြုံရေးစနစ် ပါရှိမယ်...

မီးဖိုခန်းကြည့်ဦးမလား...
လုံးဝကို စနစ်ကျသပ်ရပ်တဲ့ အပြင်အဆင်နဲ့ Cabinet အပြည့်နဲ့ အညှော်စုပ်စက်ကအစ အဆင်ပြေစေဖို့ ထည့်သွင်းပေးထားတာ အိမ်ရှင်ရဲ့ စေတနာပါ...
ရေချိုးခန်း သန့်စင်ခန်း ဆိုရင်လဲ ဟိုတယ်တစ်လုံးအလား ထင်မှားရလောက်အောင် နံရံပြည့်ကြွေပြားကပ်ထားပီး အနောက်တိုင်းဆန်ဆန် အသုံးပြုထားတဲ့
Toilet / Bathtub တို့ကို မြင်လိုက်တာနဲ့ Quality ဦးစားပေး ပစ္စည်းတွေဆိုတာ ဘယ်လိုမှ ငြင်းမရနိုင်ပါဘူး...🤗🤗🤗
အော Water Heater System လဲ ပါသေးနော်...
လုံးဝ လုံးဝ လုံးဝ ထပ်လိုက်စရာမလိုအောင်ကို သေခြာပြင်ဆင်ပေးထားတာ...

ကိုယ့်အိမ်သာမဟုတ်တာ အိမ်အကြောင်းညွှန်းရတာနဲ့ စာတွေတောင် တော်တော်ရှည်သွားပီ...😁😁
ကဲ... စိတ်ဝင်စားတဲ့ လူကြီးမင်းတို့ အိမ်လေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ကျွန်တော်များ ကို ဆက်သွယ်လိုက်ဖို့ လေးစားစွာ ဖိတ်ခေါ်ချင်ပါတယ် ခင်ဗျာ...🙏🙏🙏




/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

Photos from Capable Real Estate's post 22/04/2024

ဘဝမှာ ဘယ်သူမှမနေရဘူးသေးတဲ့ အိမ်အသစ်စက်စက်လေးက်ို ပိုင်ဆိုင်ရမယ်ဆို ဘယ်လိုခံစားရမလဲ...🤔🤔🤔
ဟုတ်ပါတယ်...တစ်ကယ်ပါ...😇😇😇

တောင်ဥက္ကလာ ၁၀ရပ်ကွက် သစ္စာလမ်းမကြီး ကျောခြင်းကပ်က တတိယထပ်မှာ တည်ရှိတဲ့ အိမ်လေးတစ်လုံးကတော့ သူ့ရဲ့ ပိုင်ရှင်အစစ်အမှန်ကို စောင့်မျှော်နေပါပီနော်...🤗🤗🤗

တတိယထပ်မှာ တည်ရှိပီး နေရာကလဲ အကွက်အကွင်းကောင်း
အကုန်လုံးလဲ ပြင်ဆင်ပီးဖြစ်တဲ့အပြင် အသင့်လက်ရှိချက်ခြင်းနေနိုင်တဲ့ အခန်းလေးဖြစ်လို့ စိတ်ကူးမလွဲကြနဲ့နော်...

သူကတော့ အနီးအနားမှာဆိုရင်ဖြင့် တောင်ဥက္ကလာပ စေတီတော်မြတ်ကြီးရှိမယ် သစ္စာလမ်းမကြီးကို ကျောကပ်ထားပီး သံသုမာလမ်းမကြီးနဲ့လဲ နီးမယ်
အခြား စူပါမားကပ် ကျောင်း ဆေးရုံဆေးခန်း ဈေး စတဲ့ အခြေခံ ကျတဲ့ အဆောက်အဦးတွေပတ်ဝန်းကျင်မှာ ပြည့်စုံနေတာမို့ ရေရှည်အတွက်လဲ စိတ်ချရမဲ့ နေရာလေးနော်...😊😊😊

ကဲ နေရမဲ့ အခန်းလေးက်ို ဆက်ကြည့်ကြမယ်
တတိယထပ် ၄လွှာ ခန်းလေးကတော့ ဘေးဘက်တွေ ​ရှေ့ဘက်တွေမှာ တိုက်မျက်ကွယ် မရှိတာမို့ လေဝင်လေထွက်ကောင်းမယ်
အလင်းရောင် လုံလုံလောက်လောက်ရမယ်...
လွှာချင်းဖြစ်တဲ့အတွက် ဘေးခန်းက အိမ်နီးချင်းမကောင်းရင် ဖြစ်တတ်တဲ့ ဆူပူအာရုံနောက်မှုဒါဏ်တွေကင်းမယ်...

တစ်အိမ်လုံး အဆင့်မြင့် ကိုရီးယားပါကေးခင်းပေးထားပီး အခန်းကျယ်နှစ်ခန်းပါဝင်မယ်... TV စင်ပါမယ်
မကြာခင် ရောက်ရှိလာတော့မဲ့ မိုးရာသီအတွက်လဲ မိုးဒါဏ်နေဒါဏ်ခံနိုင်မဲ့ ဝရံတာဆန်းရှိတ် ပြတင်းပေါက်ဆန်းရှိတ်တွေ အပြည့်တပ်ဆင်ပေးထားတယ်...

လျှပ်စစ်ပိုင်းဆိုင်ရာမှာလဲ မျက်နှာကျက်အလှဆင်မီးတွေနဲ့ အိမ်လေးက မြင်လိုက်တာနဲ့ ကြွားနေမယ်
မီးဖိုခန်း အိမ်သာ ရေချိုးခန်း ကြွေပြာကပ်ပေးထားမယ်
မျက်နှာကျပ်အလှဆင်မီးက မီးဖိုခန်းထိပါ သေခြာဆင်ပေးထားတာနော်...

BCC ကျပီး ကိုယ်ပိုင်မီတာ ကိုယ်ပိုင်မော်တာနဲ့
Location ကောင်းကောင်းလေးမှာ ဥလိုက်ကြရအောင်...🤗🤗🤗

ဈေးလေးက #1670 သိန်း ညှိနှိုင်း ပါနော်...😊😊😊




/A, Thityarpin St, 23 Ward, Thuwunna, Thingangyun Tsp...

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00