CarsVend-EP Myanmar
02/12/2025
ဈေးနှုန်းလဲသက်သာ ဆီစားမများပဲ လူ၆ယောက်ယောက်အေးဆေးသက်သာစွာ စီးနှင်းလို့ရတဲ့ ကားကိုရှာဖွေနေပါသလား? ဒါဆို EP Vend ကအခုမိတ်ဆက်ပေးမဲ့ Suzuki Ertiga Type 2 ( 2017 ) modelလေးနဲ့ မိတ်ဆက်ပေးပါရစေ။ လူကြည့်ခံတဲ့အရောင် , မြို့တွင်းမြို့ပြင် လမ်းမရွေးပဲအသုံးပြုနိုင်ခြင်းကြောင့် လူကြီးမင်းတို့ စိတ်ကျေနပ်မှုရနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့သိန်း၁၀၀၀ကိုမှ အလျော့အတင်းရှိအုံးမှာပါ။ စိတ်ဝင်စားပါက 09427389907ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
Suzuki Ertiga Type 2 ( 2017 )
Gray Color
Engine Power 1373CC
Left hand drive
7 Seater
၂၀၂၆ ၈လပိုင်းကုန်ထိ သက်တမ်းကျန်
09427389907
ဒီနေ့မှာတော့ Car Brand name များကို မှန်ကန်စွာ အသံဘယ်လိုထွက်လဲဆိုတာ Videoနှင့်တကွ ပြောပြပေးမှာဖြစ်ပါတယ်။
အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
09427389907 , 09677729907
14/11/2024
Used Carများကို အသိမိတ်ဆွေတွေဆီက ( သို့ ) ကားပွဲစားတန်းမှာဝယ်ယူတာနဲ့ Car Dealership တွေမှာဝယ်ယူရခြင်း၏ အကျိုးကျေးဇူးကွာြခားမှုကိုဒီနေ့မှာပြောပြမှာဖြစ်ပါတယ်။
Car Dealership မှာဝယ်ရခြင်းကြောင့် ကားကြံ့ခိုင်ရေးနဲ့ပတ်သက်သမျှ ကိစ္စအဝဝကို စိတ်မပူရသည့်အပြင် Warranty ပေးခြင်း After Sales Serviceများကြောင့် စိတ်ချမ်းသာမှုရရှိနိုင်ပါတယ်။ အသိမိတ်ဆွေများ ကားပွဲစားတန်းများမှ ဝယ်ယူခြင်းသည် Car Dealershipများမှဝယ်ယူခြင်းထက် ဈေးများစွာ သက်သာပါတယ်။ ဒါအပြင်ကားအကြောင်းသေချာနားလည်တတ်ကျွမ်းသူဖြစ်ပါက လိုချင်သော ကားအမျိုးအစားကို သေချာအချိန်ပေး ရွေးခြယ်နိုင်ပြီး ရောင်းသူ ဝယ်သူဈေးအလျှော့အတင်း လုပ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါတယ်။ အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
09/10/2024
ယာဉ်မောင်းလိုင်စင်ရတိုင်း ကားမောင်းတတ်တယ်လို့ထင်ရင် အမှားကြီးမှားသွားနိုင်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသိရန်လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကားတစ်စီးကို ကျွမ်းကျင်စွာ မောင်းနှင်တတ်ဖို့အတွက် မသိမဖြစ်သိထားရမယ့် အခြေခံအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
◼️လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း
မြို့တွင်းမှာမောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊ အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ အနေအထားတွေကိုင်ပြီး မောင်းနှင်ရင် လူသက်သာပါတယ်။ လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့ ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။
◼️လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း
လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့ အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင် လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက နံရိုးကျိုးတာတွေ၊ မီးလောင်သလို အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက် အကွာအဝေးရှိနေရပါမယ်။
◼️တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း
ယာဉ်မောင်းသမား အများစုဟာ လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ လမ်းမကြုံရင် (သို့) ကားမောင်းနေရင်း ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။ တာယာဟာ သင့်ကားရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး ခရီးဝေးသွားမယ့် အခါမျိုးတွေမှာ နိုက်ထရိုဂျင်လေထိုးသွားကြဖို့ အကြံပေးလိုက်ပါရစေ။
◼️ဘေးမှန်များ အချိန်အဆလွဲနေခြင်း
လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ ဘေးမှန်က အချိန်အဆလွဲနေရင် မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတိုက်မိတာတို့ ၊လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာတို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို နောက်ကော ဘေးကော နှစ်ဘက်စလုံး ထင်မြင်အောင် သေချာချိန်ထားဖို့လိုအပ်ပါတယ်ခင်ဗျ။
အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No17, Kabaaye Pagoda Road , Yankin
Yangon